မိုင်းဖြတ်မြို့နယ် နမ့်ယွန်းပြည်သူ့စစ်တပ်ဖွဲ့မှ ကောက်သစ်စားပွဲ ကျင်းပ

မိုင်းဖြတ်မြို့နယ် နမ့်ယွန်းပြည်သူ့စစ်တပ်ဖွဲ့မှ ကောက်သစ်စားပွဲ ကျင်းပ
နိုဝငျဘာ 12, 2016
By Tachileik News Agency



သတင်း/ဓာတ်ပုံ - #ကိုသာ

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်ရှိ နမ့်ယွန်းပြည်သူ့စစ်တပ်ဖွဲ့ဝင်များမှ စုပေါင်း၍ ကောက်သစ်စားပွဲကို နိုဝင်ဘာလ(၁၂)ရက်နေ့ နေ့လယ်ပိုင်းက ပြည်သူ့စစ်စခန်းရှိ ဘုရားရှိခိုးကျောင်းဝင်းအတွင်း ကျင်းပကြောင်း သိရသည်။

အဆိုပါကောက်သစ်စားပွဲသို့ အမှတ်(၁၈)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မျိုးတင့်အောင်နှင့် တပ်မတော်အရာရှိများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ၊ နမ့်ယွန်းပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

သတင်း/ဓာတ်ပုံ - #ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~