ကျိုင်းတုံမြို့ နောင်ရေးလမ်း အုတ်စီရေမြောင်းအတွက် ရပ်ကွက်နေပြည်သူများ၏ ဆန္ဒအတိုင်း ဆောင်ရွက်နေခြင်းဖြစ်သည် အမှုဆောင်အရာရှိပြော
ကျိုင်းတုံမြို့ နောင်ရေးလမ်း အုတ်စီရေမြောင်းအတွက် ရပ်ကွက်နေပြည်သူများ၏ ဆန္ဒအတိုင်း ဆောင်ရွက်နေခြင်းဖြစ်သည် အမှုဆောင်အရာရှိပြော
နိုဝငျဘာ 11, 2016
By Tachileik News Agency
နောင်ရေးလမ်းအတွက် စည်ပင်သာယာရေးဌာနမှ ရိုးရိုးရေမြောင်းကိုသာ တူးပေးနိုင်သော်လည်း ရပ်ကွက်မှ အုတ်စီရေမြောင်းကို ပြုလုပ်ချင်သည့် အတွက် မြို့ နယ်စည်ပင်သာယာရေးဌာနမှ ၎င်းတို့၏ ဆန္ဒအတိုင်း ကုန်ကျစရိတ်များကို တွက်ချက်ပေးကာ အိမ်တစ်အိမ်လျှင် မိမိအိမ်ရှေ့ ရှိ မြေ(၁)ပေအတွက် ကျပ်(၅,၇၀၀)နှုန်းဖြင့် ကောက်ခံကာ ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ယခုအချိန်ထိ ပြည်သူများမှ ငွေလာ ရောက်သွင်းခြင်း မရှိကြသေးကြောင်း ၎င်းထံမှ သိရသည်။
ရပ်ကွက်(၅)တွင် ပေ(၆၆၀)အရှည်ရှိပြီး အကျယ်(၁၂)ပေရှိသည့် အဆိုပါ လမ်းကို ကတ္တရာလမ်းအဖြစ် မြို့နယ်စည်ပင်သာယာရေးဌာနမှ ကျပ်သိန်း(၈၀) အကုန်အကျခံကာ ဆောင်ရွက်ပေးခဲ့ပြီး ဘက်ဂျက် အတွင်း ပါဝင်ခြင်း မရှိသည့် အုတ်စီရေမြောင်းအတွက် ရပ်ကွက်နေပြည်သူများ၏ ဆန္ဒအတိုင်း ငွေကြေးကောက်ခံကာ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံမြို့နယ်၊ ရပ်ကွက်(၅)ရှိ နောင်ရေးလမ်း ရေမြောင်း တူးဖော်ရေး လုပ်ငန်းများအတွက် ဘတ်ဂျက် မရှိသဖြင့် ရပ်ကွက်နေ ပြည်သူများ၏ ဆန္ဒအတိုင်း ငွေကြေးကောက်ခံကာ စည်ပင် မှ လုပ်ဆောင်ပေးခြင်း ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိက ပြောကြားလိုက်သည်။
"ရေမြောင်းက ရပ်ကွက်က သူတို့သဘောနဲ့သူတို့ ကျွန်တော်တို့ကို လုပ်ခိုင်းတဲ့အတွက် လုပ်ပေးတာပါ။ ဘတ်ဂျက်က လမ်းခင်းတာ အတွက်ပဲ ပါတယ်။ ဒါကြောင့် လမ်းခင်းပေး ပြီးပြီ။ လမ်းဘေးမှာက ရေမြောင်း မရှိတဲ့အတွက် လမ်းပေါ်ရေတွေစီးတော့ လမ်းကခဏခဏ ပျက်နေလို့ တစ်နှစ်ကို တစ်ခါ လမ်းပြန် ခင်းပေးနေရလို့ ရေမြောင်းလေး တူးပေးတာကို သူတို့က အုတ်စီ်ချင်ပါတယ်ပြောလို့ ဒီက အင်ဂျင်နီယာတွေက ကုန်ကျစရိတ်တွေ တွက်ချက်ပေးပြီးတော့ လုပ်မလားလို့ သူတို့ကိုမေးတော့ လုပ်မယ်ပြောလို့ လုပ်ပေးနေတာပါ။"ဟု ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လှက Tachileik News Agencyသို့ ပြောသည်။
နောင်ရေးလမ်းအတွက် စည်ပင်သာယာရေးဌာနမှ ရိုးရိုးရေမြောင်းကိုသာ တူးပေးနိုင်သော်လည်း ရပ်ကွက်မှ အုတ်စီရေမြောင်းကို ပြုလုပ်ချင်သည့် အတွက် မြို့နယ်စည်ပင်သာယာရေးဌာနမှ၎င်းတို့၏ ဆန္ဒအတိုင်း ကုန်ကျစရိတ်များကို တွက်ချက်ပေးကာ အိမ်တစ်အိမ်လျှင် မိမိအိမ်ရှေ့ရှိ မြေ(၁)ပေအတွက် ကျပ်(၅,၇၀၀)နှုန်းဖြင့် ကောက်ခံကာ ဆောင်ရွက်ပေးနခြေင်းဖြစ်ပြီး ယခုအချိန်ထိ ပြည်သူများမှ ငွေလာ ရောက်သွင်းခြင်း မရှိကြသေးကြောင်း၎င်းထံမှ သိရသည်။
အဆိုပါ လုပ်ငန်းကိစ္စနှင့် ပတ်သက်၍ စည်ပင်သာယာရေးဌာနမှ ကောက်ခံမှုကို ယင်းရပ်ကွက်နေသူများက နားမလည်၍ လူမှုကွန်ရက်ဖေ့စ်ဘုတ်ပေါ်တွင် ရေးသားပြောဆိုမှုများရှိသည်ကိုလည်း သိရသည်။
"ရပ်ကွက်ထဲမှာရှိတဲ့ တစ်အိမ်ကို ကိုယ့်အိမ်ရှေ့မှာရှိတဲ့ မြေ(၁)ပေအတွက် ကျပ်(၅၇၀၀)ကောက်တယ် ကြားတယ်။ ရပ်ကွက်ထဲမှာလည်း ဒီအကြောင်းကို သေသေချာချာ မသိတော့ ပိုက်ဆံကောက်တဲ့ အကြောင်း တစ်ယောက်တစ်မျိုး ပြောနကြေတယ်။ တချို့မတတ်နိုင်ကြတဲ့ လူတွေ ကလည်း မပေးချင်ကြတာလည်း ရှိတယ်လေ။ အကောင်းဆုံးကတော့ ဒီမြောင်းအတွက် ဘတ်ဂျက်မရှိဘူး ဆိုတာကိုလည်း ရပ်ကွက်ထဲက လူတွေအကုန်သိအောင် လုပ်သင့်တာပေါ့။"ဟု ကျိုင်းတုံဒေသခံ ကိုစိုးဝင်း ကပြောသည်။
"မြောင်းအတွက် အမှန်ကုန်ကျစရိတ်ကိုဘဲ တောင်းတာပါ။ လုပ်အားခကအစ ဘိလပ်မြေ၊ အုတ်အဆုံး အကုန်လုံးက အမှန်အတို်င်းဘဲ။ ကျွန်တော်တို့ တစ်ပြားမှ မယူဘူး။ ပြီးရင် သူတို့ရှေ့ တင်လုပ်မှာလေ။ အမှန်ဆို ကုန်ကျစရိတ်အတွက် ကျွန်တော်တို့က တွက်ပေးပြီးပြီ သူတို့ကိုယ်တိုင် လုပ်လည်းရတယ်။ ဒါကို ကျွန်တော်တို့ကို လုပ်ပေးပါဆိုလို့ လုပ်ပေးနေတာ အခုထိ ကုန်ကျစရိတ်အတွက် လာမသွင်းကြသေးဘူး။ ရေမြောင်းက ပေ(၂၀၀)ကျော်လောက်လုပ်ပြီးနပြေီ။"ဟု ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လှက ပြောသည်။
ရပ်ကွက်(၅)တွင် ပေ(၆၆၀)အရှည်ရှိပြီး အကျယ်(၁၂)ပေရှိသည့် အဆိုပါ လမ်းကို ကတ္တရာလမ်းအဖြစ် မြို့နယ်စည်ပင်သာယာရေးဌာနမှ ကျပ်သိန်း(၈၀) အကုန်အကျခံကာ ဆောင်ရွက်ပေးခဲ့ပြီး ဘက်ဂျက် အတွင်း ပါဝင်ခြင်း မရှိသည့် အုတ်စီရေမြောင်းအတွက် ရပ်ကွက်နပြေည်သူများ၏ ဆန္ဒအတိုင်း ငွေကြေးကောက်ခံကာ ဆောင်ရွက်နခြေင်း ဖြစ်ကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~