က်ိဳင္းတံု ျပည္သူ႔ေဆးရံုႀကီးတြင္ ေသြးလိုအပ္ခ်က္ ျမင့္မားေန

က်ိဳင္းတံု ျပည္သူ႔ေဆးရံုႀကီးတြင္ ေသြးလိုအပ္ခ်က္ ျမင့္မားေန
နိုဝင်ဘာ 14, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ ့ပိုင္း)၊  က်ိဳင္းတုံၿမိဳ႕ အေထြေထြေရာဂါကုေဆးရုံႀကီးတြင္ ေသြးလိုအပ္ခ်က္ မွာ ယခင္ထက္ ပိုမို၍ လိုအပ္ေနလွ်က္ရွိေၾကာင္း သိရသည္။

"အခုလက္ရိွက ေဆးရုံႀကီးမွာ ေသြးလိုအပ္ခ်က္က ျမင့္ေနတယ္။ အရင္က တစ္လလုံးေနမွ ေသြးပုလင္း (၅၀)ပဲ လိုတာ။ အခုဆိုရင္ တစ္လကို (၁၅၀)ေလာက္ကို လိုေနတာ။ ဒါေၾကာင့္ ဒီမွာရွိတဲ့ ေသြးအလွဴရွင္ အသင္းေတြန႔ဲ အတူ ရဲတပ္ဖြဲ ့နဲ ့ မီးသတ္တပ္ဖြဲ ့တို႔ကိုလည္း စည္းရုံးၿပီးေတာ့ ကူညီပံ့ပိုးဖို ့ လုပ္ေနၾကပါတယ္"ဟု ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) ၾကက္ေျခနီႀကီးၾကပ္မႈေကာ္မတီ အတြင္းေရးမွဴး
ေဒါက္တာသိန္းေငြက ေျပာသည္။

ေသြးလွဴဒါန္းသူမ်ား အေနျဖင့္လည္း ေဆးရုံတြင္ အခက္အခဲမရိွဘဲ လွဴဒါန္းႏိုင္ရန္အတြက္ ေသြးလွဴဒါန္းသည့္ အခ်ိန္မွစ၍ အနားယူၿပီးသည့္ အခ်ိန္ထိ လွဴဒါန္းသူ၏ အနားတြင္ ကၽြမ္းက်င္၀န္ထမ္း တစ္ဦးအား အခ်ိန္ျပည့္ ထားရိွေပးၿပီး ေစာင့္ေရွာက္ေပးသြားရန္လည္း စီစဥ္ထားေၾကာင္း သိရသည္။

"အရင္တုန္းက ေဆးရုံမွာေသြးလိုၿပီဆုိရင္ ႏွလုံးလွပိုင္ရွင္မ်ားအသင္းက ရွာေပးတယ္ေပါ့ေနာ္။ အဲဒီတုန္း ကေတာ့ လူနာနည္းတဲ့အတြက္ အဆင္ေျပတယ္။ ေနာက္ပိုင္းက်ေတာ့ ေသြးလိုအပ္ခ်က္မ်ားလာတဲ့အတြက္ အလွဴရွင္ရွာရတာ ခတ္ခဲလာတယ္နဲ ့တူပါတယ္။ ဒါေၾကာင့္ အခုဆိုရင္ တျခား ေသြးအလွဴရွင္ အသင္းေတြကုိ သာမက မီးသတ္နဲ ့ရဲကိုပါ ဆက္သြယ္ၿပီး ေဆာင္ရြက္ေပးေနရပါတယ္။"ဟု ေဒါက္တာသိန္းေငြက ေျပာသည္။

ၿပီးခဲ့သည့္ ႏွစ္မ်ားတြင္ ေဆးရုံသို႔တစ္လလွ်င္ လူနာ(၁၂၀) ဝန္းက်င္သာ လာေရာက္ကုသမႈ ခံယူေသာ္လည္း ၂၀၁၆ ခုႏွစ္ စက္တင္ဘာလမွစတင္ကာ တစ္လလွ်င္လူနာ (၁၈၀)အထိ တိုးလာေၾကာင္း သိရသည္။

က်ိဳင္းတုံေဆးရုံႀကီးတြင္ အလွဴရွင္မ်ားက မနက္စာေကၽြးျခင္း၊ တစ္ပတ္လွ်င္ ႏွစ္ရက္ခန္႔ ေန႔လယ္စာ ေကၽြးျခင္း၊ ေဆးကုသရာတြင္ လိုအပ္ေသာ ေဆး၀ါးမ်ားႏွင့္ လုိအပ္ေသာ က်န္းမာေရးစစ္ေဆးျခင္း လုပ္ငန္းမ်ားကိုလည္း အခမဲ့ ေဆာင္ရြက္ေပးလွ်က္ရိွသည့္ အတြက္ ေဆးရံုတြင္ လာေရာက္ကုသမႈခံယူသူ မ်ားလာျခင္းျဖစ္ေၾကာင္း သိရသည္။

"အရင္တုန္းကေတာ့ တစ္လကို (၅၀)ေလာက္ပဲ ေသြးသုံးရတယ္။ အခုေတာ့ (၁၅၀)နဲ ့ (၂၀၀)ၾကားမွာ သုံးေနရတယ္။ အခုလိုေသြးလိုအပ္ခ်က္ မ်ားလာတာက လူနာမ်ားလာတာရယ္၊ ေသြးလိုအပ္ခ်က္ရိွတဲ့ ေရာဂါေတြလည္း ျဖစ္လာၾကတဲ့အတြက္ ပိုၿပီးသုံးလာရတာေပါ့။ ေသြးလိုအပ္ခ်က္မ်ားတဲ့ ေရာဂါေတြထဲမွာ ကၽြန္ေတာ္ထင္တယ္ ၊ ဒီမွာက ထိခိုက္ဒဏ္ရာရတဲ့ဟာမ်ိဳးေတြမွာ ေသြးလိုအပ္ခ်က္မ်ားေနတယ္လို႔
ထင္ပါတယ္။"ဟု က်ိဳင္းတုံအေထြေထြေရာဂါကုေဆးရုံၾကီးမွ ေဆးရုံအုပ္ႀကီး ေဒါက္တာေဇာ္လင္းက ေျပာသည္။

က်ိဳင္းတုံၿမိဳ႕ရိွ အေထြေထြေရာဂါကု ေဆးရုံႀကီးသာမက ပုဂၢလိကေဆးရုံတစ္ခုျဖစ္ေသာ ေစတနာျမင့္ေဆးရုံႏွင့္ တပ္မေတာ္ေဆးရုံတုိ႔ အတြက္ပါ ေသြးကိုမွ်သုံးေနရသည့္ အေျခအေနတြင္ ရိွေနသည့္အတြက္ အေထြေထြေရာဂါကု ေဆးရုံႀကီးတြင္ ေသြးလိုအပ္ခ်က္ မ်ားလာျခင္းျဖစ္သည္ဟု ဆိုသည္။

လက္ရိွတြင္ က်ိဳင္းတုံအေထြေထြေရာဂါကု ေဆးရုံႀကီးတြင္ တစ္ရက္လွ်င္ ေသြး(၁၀)လုံးႏွင့္အထက္ အသုံးျပဳေနရၿပီး လိုအပ္ေသာ ေသြးမ်ားကို ေစတနာေသြးအလွဴရွင္အသင္း၊ မိဘေသြးအလွဴရွင္အသင္း၊ နွလုံးလွပိုင္ရွင္မ်ားအသင္း၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔နွင္႔ မီးသတ္တပ္ဖြဲ႕တို႔ ပူးေပါင္းကူညီရန္ ေဆာင္ရြက္ ေနေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် သွေးလိုအပ်ချက် မှာ ယခင်ထက် ပိုမို၍ လိုအပ်နေလျှက်ရှိကြောင်း သိရသည်။

"အခုလက်ရှိက ဆေးရုံကြီးမှာ သွေးလိုအပ်ချက်က မြင့်နေတယ်။ အရင်က တစ်လလုံးနေမှ သွေးပုလင်း (၅၀)ပဲ လိုတာ။ အခုဆိုရင် တစ်လကို (၁၅၀)လောက်ကို လိုနေတာ။ ဒါကြောင့် ဒီမှာရှိတဲ့ သွေးအလှူရှင် အသင်းတွေနဲ့ အတူ ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့တို့ကိုလည်း စည်းရုံးပြီးတော့ ကူညီပံ့ပိုးဖို့ လုပ်နကြေပါတယ်"ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး
ဒေါက်တာသိန်းငွေက ပြောသည်။

သွေးလှူဒါန်းသူများ အနဖြေင့်လည်း ဆေးရုံတွင် အခက်အခဲမရှိဘဲ လှူဒါန်းနိုင်ရန်အတွက် သွေးလှူဒါန်းသည့် အချိန်မှစ၍ အနားယူပြီးသည့် အချိန်ထိ လှူဒါန်းသူ၏ အနားတွင် ကျွမ်းကျင်ဝန်ထမ်း တစ်ဦးအား အချိန်ပြည့် ထားရှိပေးပြီး စောင့်ရှောက်ပေးသွားရန်လည်း စီစဉ်ထားကြောင်း သိရသည်။

"အရင်တုန်းက ဆေးရုံမှာသွေးလိုပြီဆိုရင် နှလုံးလှပိုင်ရှင်များအသင်းက ရှာပေးတယ်ပေါ့နော်။ အဲဒီတုန်း ကတော့ လူနာနည်းတဲ့အတွက် အဆင်ပြေတယ်။ နောက်ပိုင်းကျတော့ သွေးလိုအပ်ချက်များလာတဲ့အတွက် အလှူရှင်ရှာရတာ ခတ်ခဲလာတယ်နဲ့တူပါတယ်။ ဒါကြောင့် အခုဆိုရင် တခြား သွေးအလှူရှင် အသင်းတွေကို သာမက မီးသတ်နဲ့ရဲကိုပါ ဆက်သွယ်ပြီး ဆောင်ရွက်ပေးနေရပါတယ်။"ဟု ဒေါက်တာသိန်းငွေက ပြောသည်။

ပြီးခဲ့သည့် နှစ်များတွင် ဆေးရုံသို့တစ်လလျှင် လူနာ(၁၂၀) ဝန်းကျင်သာ လာရောက်ကုသမှု ခံယူသော်လည်း ၂၀၁၆ ခုနှစ် စက်တင်ဘာလမှစတင်ကာ တစ်လလျှင်လူနာ (၁၈၀)အထိ တိုးလာကြောင်း သိရသည်။

ကျိုင်းတုံဆေးရုံကြီးတွင် အလှူရှင်များက မနက်စာကျွေးခြင်း၊ တစ်ပတ်လျှင် နှစ်ရက်ခန့် နေ့လယ်စာ ကျွေးခြင်း၊ ဆေးကုသရာတွင် လိုအပ်သော ဆေးဝါးများနှင့် လိုအပ်သော ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကိုလည်း အခမဲ့ ဆောင်ရွက်ပေးလျှက်ရှိသည့် အတွက် ဆေးရုံတွင် လာရောက်ကုသမှုခံယူသူ များလာခြင်းဖြစ်ကြောင်း သိရသည်။

"အရင်တုန်းကတော့ တစ်လကို (၅၀)လောက်ပဲ သွေးသုံးရတယ်။ အခုတော့ (၁၅၀)နဲ့ (၂၀၀)ကြားမှာ သုံးနေရတယ်။ အခုလိုသွေးလိုအပ်ချက် များလာတာက လူနာများလာတာရယ်၊ သွေးလိုအပ်ချက်ရှိတဲ့ ရောဂါတွေလည်း ဖြစ်လာကြတဲ့အတွက် ပိုပြီးသုံးလာရတာပေါ့။ သွေးလိုအပ်ချက်များတဲ့ ရောဂါတွေထဲမှာ ကျွန်တော်ထင်တယ်၊ ဒီမှာက ထိခိုက်ဒဏ်ရာရတဲ့ဟာမျိုးတွေမှာ သွေးလိုအပ်ချက်များနေတယ်လို့
ထင်ပါတယ်။"ဟု ကျိုင်းတုံအထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လင်းက ပြောသည်။

ကျိုင်းတုံမြို့ရှိ အထွေထွေရောဂါကု ဆေးရုံကြီးသာမက ပုဂ္ဂလိကဆေးရုံတစ်ခုဖြစ်သော စေတနာမြင့်ဆေးရုံနှင့် တပ်မတော်ဆေးရုံတို့ အတွက်ပါ သွေးကိုမျှသုံးနေရသည့် အခြေအနေတွင် ရှိနေသည့်အတွက် အထွေထွေရောဂါကု ဆေးရုံကြီးတွင် သွေးလိုအပ်ချက် များလာခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် ကျိုင်းတုံအထွေထွေရောဂါကု ဆေးရုံကြီးတွင် တစ်ရက်လျှင် သွေး(၁၀)လုံးနှင့်အထက် အသုံးပြုနေရပြီး လိုအပ်သော သွေးများကို စေတနာသွေးအလှူရှင်အသင်း၊ မိဘသွေးအလှူရှင်အသင်း၊ နှလုံးလှပိုင်ရှင်များအသင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းကူညီရန် ဆောင်ရွက် နေကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~