ေက်ာက္မဲၿမိဳ႕ ဗူးခါးေက်းရြာရွိ ပ်က္စီးလယ္မ်ားအတြက္ လယ္သမားမ်ား အကူအညီလိုအပ္ေန

ေက်ာက္မဲၿမိဳ႕ ဗူးခါးေက်းရြာရွိ ပ်က္စီးလယ္မ်ားအတြက္ လယ္သမားမ်ား အကူအညီလိုအပ္ေန
နိုဝင်ဘာ 11, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ ဗူးခါးေက်းရြာတြင္ ႏိုဝင္ဘာလ (၈)ရက္ေန႔ညမွ (၉) ရက္ေန႔ ေန႔လယ္အထိ မိုးဆက္တိုက္ ရြာသြန္းၿပီးခဲ့ေနာက္ ရိတ္သိမ္းဆဲ လယ္ဧက( ၁၀၀) ေက်ာ္ ေရျမဳပ္သြား ခဲ့ရသည့္အတြက္ လယ္သမားမ်ားအတြက္ အကူအညီမ်ား လိုအပ္ေနေၾကာင္း သိရသည္။

"မ်ဳိးျပန္​ခံဖုိ႔လည္​း မရွိ​ေတာ့ဘူး၊ စိုက္​ပ်ိဳးစရိတ္လည္​း မရိွ​ေတာ့ဘူး၊ အားလံုးအတြက္ အကူအညီေတြ လိုေနပါတယ္"ဟု စပါးမ်ား ပ်က္စီးခ့ဲရသူ ဦးစိုင္းေက်ာ္ညြန္႔က ေျပာသည္။

ပ်က္စီးသြားသည့္ လယ္မ်ားရွိ လယ္အခ်ိဳ႕မွာ စိုက္ပ်ဳိးေရးအတြက္ ေခ်းေငြယူထားရသည့္အျပင္ ယခု ေရဝင္၍ ပ်က္စီးသြားသည့္ အတြက္လည္း မ်ဳိးစပါး ခ်န္ရန္ပင္ မရွိေတာ့သျဖင့္ အကူအညီ လိုအပ္ေနျခင္း ျဖစ္ေၾကာင္း ၎ထံမွ သိရသည္။

ဗူးခါးေက်းရြာအုပ္စု အတြင္းရွိ လယ္သမား (၂၀)ဦး၏ စိုက္ဧက ၅၂.၅၂ ဧကတြင္ စိုက္ပ်ဳိးထားသည့္ စပါးမ်ား(ရိတ္သိမ္းစဲ)အနက္ ၃၂.၈ ဧကမွာ လံုးဝ ပ်က္စီးသြားေၾကာင္း သိရသည္။

“ပ်က္စီးသြားတဲ့လယ္ေတြက လယ္စိုက္ဖို႔ ေခ်းေငြယူထားၾကသူေတြဆိုေတာ့ ျပန္စိုက္ဖို႔ မျဖစ္ႏုိင္ေတာ့ဘူး” ဟု ဦးစိုင္းေက်ာ္ညြန္႔က ဆိုသည္။

ဗူးခါးေက်းရြာအုပ္စုအျပင္ ေက်ာက္မဲၿမိဳ႕နယ္ တံခြန္တိုင္ေက်းရြာအုပ္စုႏွင့္ ခဲမြန္ေက်းရြာအုပ္စုမ်ား၌လည္း စပါးခင္းမ်ားပ်က္စီးခ့ဲရၿပီး စာရင္း ဇယားအတိအက်မွာ ေကာက္ယူေနဆဲျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - ဦးစိုင္းေက်ာ္ညြန္႔ ( ဗူးခါး )


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဗူးခါးကျေးရွာတွင် နိုဝင်ဘာလ (၈)ရက်နေ့ညမှ (၉) ရက်နေ့ နေ့လယ်အထိ မိုးဆက်တိုက် ရွာသွန်းပြီးခဲ့နောက် ရိတ်သိမ်းဆဲ လယ်ဧက( ၁၀၀) ကျော် ရမြေုပ်သွား ခဲ့ရသည့်အတွက် လယ်သမားများအတွက် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

"မျိုးပြန်​ခံဖို့လည်​း မရှိ​တော့ဘူး၊ စိုက်​ပျိုးစရိတ်လည်​း မရှိ​တော့ဘူး၊ အားလုံးအတွက် အကူအညီတွေ လိုနေပါတယ်"ဟု စပါးများ ပျက်စီးခဲ့ရသူ ဦးစိုင်းကျော်ညွန့်က ပြောသည်။

ပျက်စီးသွားသည့် လယ်များရှိ လယ်အချို့မှာ စိုက်ပျိုးရေးအတွက် ချေးငွေယူထားရသည့်အပြင် ယခု ရေဝင်၍ ပျက်စီးသွားသည့် အတွက်လည်း မျိုးစပါး ချန်ရန်ပင် မရှိတော့သဖြင့် အကူအညီ လိုအပ်နခြေင်း ဖြစ်ကြောင်း၎င်းထံမှ သိရသည်။

ဗူးခါးကျေးရွာအုပ်စု အတွင်းရှိ လယ်သမား (၂၀)ဦး၏ စိုက်ဧက ၅၂.၅၂ ဧကတွင် စိုက်ပျိုးထားသည့် စပါးများ(ရိတ်သိမ်းစဲ)အနက် ၃၂.၈ ဧကမှာ လုံးဝ ပျက်စီးသွားကြောင်း သိရသည်။

“ပျက်စီးသွားတဲ့လယ်တွေက လယ်စိုက်ဖို့ ချေးငွေယူထားကြသူတွေဆိုတော့ ပြန်စိုက်ဖို့ မဖြစ်နိုင်တော့ဘူး” ဟု ဦးစိုင်းကျော်ညွန့်က ဆိုသည်။

ဗူးခါးကျေးရွာအုပ်စုအပြင် ကျောက်မဲမြို့နယ် တံခွန်တိုင်ကျေးရွာအုပ်စုနှင့် ခဲမွန်ကျေးရွာအုပ်စုများ၌လည်း စပါးခင်းများပျက်စီးခဲ့ရပြီး စာရင်း ဇယားအတိအကျမှာ ကောက်ယူနေဆဲဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ဦးစိုင်းကျော်ညွန့် ( ဗူးခါး ) 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~