ေက်ာက္မဲရွိ ေတာ့ဆန္စစ္ေဘးေရွာင္စခန္းမ်ားတြင္ ကူညီသူနည္းေန၍ ေက်ာင္းစရိတ္ခက္ခဲလာ

ေက်ာက္မဲရွိ ေတာ့ဆန္စစ္ေဘးေရွာင္စခန္းမ်ားတြင္ ကူညီသူနည္းေန၍ ေက်ာင္းစရိတ္ခက္ခဲလာ
နိုဝင်ဘာ 8, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕တြင္ ခိုလံႈေနသည့္ ေတာ့ဆန္စစ္ေဘးေရွာင္စခန္းသို႔ လာေရာက္ ကူညီသူနည္းပါးသျဖင့္ ေက်ာင္းသားမ်ား၏ ေက်ာင္းစရိတ္အတြက္  အခက္အခဲျဖစ္ေနရေၾကာင္း သိရသည္။

“စစ္ေရွာင္ေတြေရာက္ခါစတုန္းကေတာ့ အလွဴရွင္ေတြမ်ားတယ္ဗ်။ အခုနည္းနည္းၾကာသြားေတာ့ စိတ္ဝင္စားမႈ သိပ္မရွိၾကေတာ့ဘူး” ဟု အဆိုပါစစ္ေရွာင္မ်ားအား ကူညီေနသည့္ ေမတၲာအိုးေဝအဖြဲ႕မွ ကိုသားေဇာ္က ေျပာသည္။

စစ္ေရွာင္စခန္းသံုးခုအနက္ ေမတၲာအိုးေဝ(စခန္း)အေဆာင္တစ္ခုတြင္ နဝမတန္း (၄) ဦးႏွင့္ ဒသမတန္း (၂၃)ဦး ရွိၿပီး တစ္လကုန္က်စရိတ္မွာ (ခန္႔မွန္း) က်ပ္ (၁၅)သိန္း ဝန္းက်င္ခန္႔ရွိေၾကာင္း သိရသည္။

“ၿမိဳ႕နယ္ကအႀကီးအကဲေတြလည္း လာၾကည့္ၾကတာ အားေပးကူညီၾကတာေတာ့ ရွိပါတယ္။ က်န္းမာေရး အတြက္ဆို ေဆးရံုကိုလာဖို႔လည္း ဆရာဝန္ႀကီးက ေျပာထားပါတယ္။ သြားေရးလာေရးကအစ ပရဟိတအဖြဲ႔တစ္ခုက ကူညီထားပါတယ္”ဟု ေတာ့ဆန္ေက်းရြာေက်ာင္းအုပ္ႀကီး ေဒၚခင္သန္းေအးက ေျပာသည္။

ေက်ာက္မဲၿမိဳ႕အနီးရိွ ေတာ့ဆန္ေက်းရြာမွ ေဒသခံမ်ားႏွင့္ ေက်ာင္းသူ/ေက်ာင္းသားမ်ားမွာ ၂၀၁၆ ခုႏွစ္ မတ္လဝန္းက်င္မွစ၍ ေက်ာက္မဲသို႔ စစ္ေဘးေရွာင္လာခ့ဲရျခင္းျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ့္ Camp တစ္ခုတည္းအေနအထားနဲ႔ ေျပာရရင္ေတာ့ နည္းနည္းေတာ့ အခက္အခဲရွိတာေပါ့ဗ်ာ။ လာလွဴတ့ဲသူေတြေတာ့ နည္းသြားၿပီဗ်” ဟု ကိုသားေဇာ္က ေျပာသည္။

စစ္ေဘးေရွာင္ ေက်ာင္းသားေက်ာင္းသူမ်ားအား ေက်ာင္းႀကိဳပို႔ မွအစ စီစဥ္ေပးထားၿပီး ထမင္းဟင္း ခ်က္ျပဳတ္ရန္အတြက္လည္း လူငွားထားေပးေၾကာင္း သိရသည္။

ေက်ာက္မဲတြင္ ေတာ့ဆန္စစ္ေဘးေရွာင္မ်ားတြင္ ေက်ာင္းအုပ္ဆရာမႀကီးႏွင့္ အထက္တန္းျပ ဆရာ၊ ဆရာမ (၇) ဦး အပါအဝင္ ေက်ာင္းသားေက်ာင္းသူ စုစုေပါင္း (၂၇၅) ဦးရွိေၾကာင္း သိရသည္။

စစ္ေရွာင္ေဒသခံအမ်ားစုမွာ အိမ္ငွားျဖင့္ေနထိုင္ အလုပ္လုပ္ေနၾကသူမ်ားရွိၿပီး အျခားၿမိဳ႕ရြာမ်ားသို႕ သြားေရာက္ေနထိုင္သူမ်ားလည္းရွိေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် ခိုလှုံနေသည့် တော့ဆန်စစ်ဘေးရှောင်စခန်းသို့ လာရောက် ကူညီသူနည်းပါးသဖြင့် ကျောင်းသားများ၏ ကျောင်းစရိတ်အတွက် အခက်အခဲဖြစ်နေရကြောင်း သိရသည်။

“စစ်ရှောင်တွေရောက်ခါစတုန်းကတော့ အလှူရှင်တွေများတယ်ဗျ။ အခုနည်းနည်းကြာသွားတော့ စိတ်ဝင်စားမှု သိပ်မရှိကြတော့ဘူး” ဟု အဆိုပါစစ်ရှောင်များအား ကူညီနေသည့် မေတ္တာအိုးဝေအဖွဲ့မှ ကိုသားဇော်က ပြောသည်။

စစ်ရှောင်စခန်းသုံးခုအနက် မေတ္တာအိုးဝေ(စခန်း)အဆောင်တစ်ခုတွင် နဝမတန်း (၄) ဦးနှင့် ဒသမတန်း (၂၃)ဦး ရှိပြီး တစ်လကုန်ကျစရိတ်မှာ (ခန့်မှန်း) ကျပ် (၁၅)သိန်း ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

“မြို့နယ်ကအကြီးအကဲတွေလည်း လာကြည့်ကြတာ အားပေးကူညီကြတာတော့ ရှိပါတယ်။ ကျန်းမာရေး အတွက်ဆို ဆေးရုံကိုလာဖို့လည်း ဆရာဝန်ကြီးက ပြောထားပါတယ်။ သွားရေးလာရေးကအစ ပရဟိတအဖွဲ့တစ်ခုက ကူညီထားပါတယ်”ဟု တော့ဆန်ကျေးရွာကျောင်းအုပ်ကြီး ဒေါ်ခင်သန်းအေးက ပြောသည်။

ကျောက်မဲမြို့အနီးရှိ တော့ဆန်ကျေးရွာမှ ဒေသခံများနှင့် ကျောင်းသူ/ကျောင်းသားများမှာ ၂၀၁၆ ခုနှစ် မတ်လဝန်းကျင်မှစ၍ ကျောက်မဲသို့ စစ်ဘေးရှောင်လာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော့် Camp တစ်ခုတည်းအနေအထားနဲ့ ပြောရရင်တော့ နည်းနည်းတော့ အခက်အခဲရှိတာပေါ့ဗျာ။ လာလှူတဲ့သူတွေတော့ နည်းသွားပြီဗျ” ဟု ကိုသားဇော်က ပြောသည်။

စစ်ဘေးရှောင် ကျောင်းသားကျောင်းသူများအား ကျောင်းကြိုပို့ မှအစ စီစဉ်ပေးထားပြီး ထမင်းဟင်း ချက်ပြုတ်ရန်အတွက်လည်း လူငှါးထားပေးကြောင်း သိရသည်။

ကျောက်မဲတွင် တော့ဆန်စစ်ဘေးရှောင်များတွင် ကျောင်းအုပ်ဆရာမကြီးနှင့် အထက်တန်းပြ ဆရာ၊ ဆရာမ (၇) ဦး အပါအဝင် ကျောင်းသားကျောင်းသူ စုစုပေါင်း (၂၇၅) ဦးရှိကြောင်း သိရသည်။

စစ်ရှောင်ဒေသခံအများစုမှာ အိမ်ငှါးဖြင့်နေထိုင် အလုပ်လုပ်နကြေသူများရှိပြီး အခြားမြို့ရွာများသို့ သွားရောက်နေထိုင်သူများလည်းရှိကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~