ကျိုင်းလပ်ဒေသတွင်း ရေကြီးရေလျှံမှုကြောင့် လမ်းပျက်နေ၍ ရှောင်ကွင်းလမ်းဖောက်ရန် ပြင်ဆင်နေ

ကျိုင်းလပ်ဒေသတွင်း ရေကြီးရေလျှံမှုကြောင့် လမ်းပျက်နေ၍ ရှောင်ကွင်းလမ်းဖောက်ရန် ပြင်ဆင်နေ
နိုဝငျဘာ 10, 2016
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နိုဝင်ဘာလ (၁၀)ရက်နေ့ နံနက်(၅)နာရီမှ စ၍ တောင်ကျရေများနှင့်အတူ ရေကြီးရေလျှံမှု ဖြစ်ပွားရာ တာလေ - ကျိုင်းလပ်လမ်းအား လတ်တလောတွင် အသုံးပြု၍ ရမည်မဟုတ်ဘဲ ရှောင်ကွင်းလမ်း ပြုလုပ်ပြီးမှသာ သွားလာနိုင်မည်ဖြစ်ကြောင်း တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

"ရေကြီးရေလျှံမှုကြောင့် လူထိခိုက် ဒဏ်ရာရရှိမှုတွေတော့ မရှိပါဘူး၊ လမ်းက ကိုက်(၁၀၀၀)လောက် ပျက်သွားတာဆိုတော့  ပြန်ပြင်ရမယ်၊ ပြန်ပြင်ရင် ကြာမှာဖြစ်တဲ့အတွက် လောလောဆယ် အရင်ဆုံး ရှောင်ကွင်းလမ်း လုပ်သွားမှာပါ၊ လတ်တလော လမ်းအခြေအနေက လူတောင်သွားရဖို့ ခဲယဉ်းနေတယ်၊ ရှောင်ကွင်းလမ်းကို ကားရော၊ ဆိုင်ကယ်ရော သွားလို့ရအောင် လုပ်သွားမှာပါ"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုများနှင့်အတူ တောင်ကျရေများကြောင့် မျောပါလာသည့် သစ်လုံးများသည် နမ့်ဝမ်းတံတားကို ကျော်၍ မျောပါသွားခြင်းမရှိဘဲ၊ တံတားအောက်တွင် ခံနေသည့်အတွက်ရေများ မထွက်နိုင်တော့ဘဲ၊ တံတားဘေးရှိ မြေသားများကိုလည်း တိုက်စားလိုက်ခြင်းကြောင့် သွားလာမှုများကို အဆင်မပြေဖြစ်ပေါ်စေသည့်အတွက် ပြုပြင်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။


အဆိုပါ ဒေသတွင် ပြီးခဲ့သည့် ၂၀၁၅ခုနှစ် သြဂုတ်လ(၄)ရက်နေ့က ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ၌ လူနေအိမ်များမျောပါသွားပြီး အသက်ဆုံးရှုံးမှုအထိ ဖြစ်ပေါ်ခဲ့ဖူးသည့်အတွက် ဒေသခံများမှ ယခင်နှစ်ကဲ့သို့ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သိရသော်လည်း ဒေသအုပ်ချုပ်ရေး အကြီးအကဲများမှ  အရေးပေါ်ကယ်ဆယ်မှုများ ဆောင်ရွက်နိုင်ရန်အတွက် စောင့်ကြည့်သွားမှာ ဖြစ်ကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နိုဝင်ဘာလ (၁၀)ရက်နေ့ နံနက်(၅)နာရီမှ စ၍ တောင်ကျရေများနှင့်အတူ ရကြေီးရေလျှံမှု ဖြစ်ပွားရာ တာလေ - ကျိုင်းလပ်လမ်းအား လတ်တလောတွင် အသုံးပြု၍ ရမည်မဟုတ်ဘဲ ရှောင်ကွင်းလမ်း ပြုလုပ်ပြီးမှသာ သွားလာနိုင်မည်ဖြစ်ကြောင်း တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

"ရကြေီးရေလျှံမှုကြောင့် လူထိခိုက် ဒဏ်ရာရရှိမှုတွေတော့ မရှိပါဘူး၊ လမ်းက ကိုက်(၁၀၀၀)လောက် ပျက်သွားတာဆိုတော့ ပြန်ပြင်ရမယ်၊ ပြန်ပြင်ရင် ကြာမှာဖြစ်တဲ့အတွက် လောလောဆယ် အရင်ဆုံး ရှောင်ကွင်းလမ်း လုပ်သွားမှာပါ၊ လတ်တလော လမ်းအခြေအနေက လူတောင်သွားရဖို့ ခဲယဉ်းနေတယ်၊ ရှောင်ကွင်းလမ်းကို ကားရော၊ ဆိုင်ကယ်ရော သွားလို့ရအောင် လုပ်သွားမှာပါ"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုများနှင့်အတူ တောင်ကျရေများကြောင့် မျောပါလာသည့် သစ်လုံးများသည် နမ့်ဝမ်းတံတားကို ကျော်၍ မျောပါသွားခြင်းမရှိဘဲ၊ တံတားအောက်တွင် ခံနေသည့်အတွက်ရေများ မထွက်နိုင်တော့ဘဲ၊ တံတားဘေးရှိ မြေသားများကိုလည်း တိုက်စားလိုက်ခြင်းကြောင့် သွားလာမှုများကို အဆင်မပြဖြေစ်ပေါ်စေသည့်အတွက် ပြုပြင်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၎င်းထံမှ သိရသည်။

ရေများမှာ တာလေ - ပါလျှိုး - ကျိုင်းလပ် လမ်း 41KM နှင့် 42KM အကြား ကတ္တရာလမ်းပေါ်သို့ (၅)ပေခန့်ကျော်လာပြီး နမ့်ဝမ်း - ၂ တံတား အဝင်/အထွက် နေရာတွင်လည်း အလားတူဖြစ်ပေါ်နေသည့် အပြင် 52KM နှင့် 53KM အကြားတွင်လည်း ကတ္တရာလမ်းပေါ် (၁)ပေခန့် ရေကျော်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဒေသတွင် ပြီးခဲ့သည့် ၂၀၁၅ခုနှစ် သြဂုတ်လ(၄)ရက်နေ့က ရကြေီးရေလျှံမှု ဖြစ်ပွားခဲ့ရာ၌ လူနေအိမ်များမျောပါသွားပြီး အသက်ဆုံးရှုံးမှုအထိ ဖြစ်ပေါ်ခဲ့ဖူးသည့်အတွက် ဒေသခံများမှ ယခင်နှစ်ကဲ့သို့ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သိရသော်လည်း ဒေသအုပ်ချုပ်ရေး အကြီးအကဲများမှ အရေးပေါ်ကယ်ဆယ်မှုများ ဆောင်ရွက်နိုင်ရန်အတွက် စောင့်ကြည့်သွားမှာ ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - မြို့နယ်ထွေအုပ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~