ရွမ္း/ေျမာက္ တိုက္ပြဲေၾကာင့္ မူဆယ္ ႏွင့္ ကြတ္ခိုင္တြင္ တိတ္ဆိတ္ေန

ရွမ္း/ေျမာက္ တိုက္ပြဲေၾကာင့္ မူဆယ္ ႏွင့္ ကြတ္ခိုင္တြင္ တိတ္ဆိတ္ေန
နိုဝင်ဘာ 22, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕၌ ႏိုဝင္ဘာလ (၂၂) ရက္ေန႔တြင္ ၿမိဳ႕ထဲရွိ ဆိုင္မ်ား ပိတ္ထားရၿပီး၊ လူေနအိမ္မ်ားပိတ္ကာ လူအသြားအလာ မရွိေတာ့သည့္ အေျခအေနျဖစ္ေနေၾကာင္း ႏွင့္ ကြတ္ခိုင္ၿမိဳ႕တြင္လည္း ပံုမွန္သြားလာမႈ မရွိေတာ့ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔က တာဝန္က်တ့ဲေနရာမွာပဲ ေနေန ရတာခင္ဗ်။ မေန႔ညကေတာ့ စခန္းေရွ႕ကေနပစ္ သြားတယ္။ ဒီက ျပန္ပစ္ခတ္ရတယ္။ တပ္ဖြဲ႕ဝင္ အထိအခိုက္ေတာ့ ထပ္မရွိေသးဘူးဗ်” ဟု မူဆယ္ ၿမိဳ႕မရဲစခန္းမွ တာဝန္က်ရဲအရာရွိက ေျပာသည္။

ႏိုဝင္ဘာလ ၂၁ ရက္ေန႔ ညပိုင္း ၉ နာရီခန္႔တြင္ မူဆယ္ၿမိဳ႕မရဲစခန္းအား လာေရာက္ပစ္ခတ္မႈမ်ားရွိခ့ဲၿပီး ယေန႔နံနက္အေျခအေနမွာ မထူးျခားေသးေၾကာင္း အပစ္အခတ္မရွိေသးေၾကာင္း မူဆယ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

“ညက အသံဗလံေတြေတာ့ၾကားတယ္ရွင့္။ ကၽြြန္မတို႔ရံုးဘက္မွာေတာ့ ပစ္ခတ္ၾကတာမရွိဘူး။ အခု မနက္လည္း ေအးေအးေဆးေဆးအေျခ အေနပါပဲ” ဟု မူဆယ္ၿမိဳ႕( ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရး ) ျပန္/ဆက္ ရံုးမွ ဝန္ထမ္း အမိ်ဳးသမီးတစ္ဦးက ေျပာသည္။

မူဆယ္ၿမိဳ႕၏ အခ်ိဳ႕ေနရာမ်ားတြင္ ၂၁ ရက္ေန႔ညပိုင္းက ပစ္ခတ္တိုက္ခိုက္မႈမ်ားႏွင့္ လက္နက္ႀကီး ပစ္ခတ္မႈမ်ားရွိခ့ဲေၾကာင္း ေဒသခံမ်ားထံမွ သိရၿပီး ကြတ္ခိုင္ၿမိဳ႕တြင္ ပစ္ခတ္မႈမရိွေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ဆီမွာေတာ့ ဘာမွမၾကားဘူးခင္ဗ်။ ဒီမွာေတာ့ ေအးေဆးပါပဲ။ ဒီမနက္လည္း ဘာမွမျဖစ္ေသးပါဘူး “ ဟု ကြတ္ခိုင္ၿမိဳ႕မ ရဲစခန္း တာဝန္မႈးက ေျပာသည္။

လက္နက္ကိုင္အဖြဲ႕မ်ားျဖစ္သည့္ TNLA၊ KIA ႏွင့္ MNDAA တို႔ပူးေပါင္း၍ ရွမ္းျပည္နယ္ ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္ႏွင့္ ကြတ္ခိုင္ၿမိဳ႕နယ္မ်ားအတြင္းရိွ တပ္စခန္းမ်ား၊ ရဲတပ္ဖြဲ႕စခန္းမ်ားႏွင့္ ၁၀၅ မုိင္ ကုန္သြယ္ေရးစခန္းတို႔အား ႏိုဝင္ဘာလ (၂၀) ရက္ေန႔က တခ်ိန္တည္း တစ္ၿပိဳင္တည္း ဝင္ေရာက္ တိုက္ခိုက္ခဲ့ေၾကာင္း ႏုိင္ငံေတာ္သမၼတရံုးမွ သတင္းထုတ္ျပန္ထားသည္။

ဓာတ္ပံု/သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် နိုဝင်ဘာလ (၂၂) ရက်နေ့တွင် မြို့ထဲရှိ ဆိုင်များအားလုံး ပိတ်ထားရပြီး၊ လူနေအိမ်များပိတ်ကာ လူအသွားအလာ လုံးဝမရှိတော့သည့် အခြေအနဖြေစ်နေကြောင်း သိရသည်။

“ကျွန်တော်တို့က တာဝန်ကျတဲ့နေရာမှာပဲ နေနေ ရတာခင်ဗျ။ မနေ့ညကတော့ စခန်းရှေ့ကနေပစ် သွားတယ်။ ဒီကပြန်ပစ်ခတ်ရတယ်။ တပ်ဖွဲ့ဝင် အထိအခိုက်တော့ ထပ်မရှိသေးဘူးဗျ” ဟု မူဆယ် မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိက ပြောသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ ညပိုင်း ၉ နာရီခန့်တွင် မူဆယ်မြို့မရဲစခန်းအား လာရောက်ပစ်ခတ်မှုများရှိခဲ့ပြီး ယနေ့နံနက်အခြေအနေမှာ မထူးခြားသေးကြောင်း အပစ်အခတ်မရှိသေးကြောင်း မူဆယ်မြို့မရဲစခန်းမှ သိရသည်။

“ညက အသံဗလံတွေတော့ကြားတယ်ရှင့်။ ကျွန်မတို့ရုံးဘက်မှာတော့ ပစ်ခတ်ကြတာမရှိဘူး။ အခု မနက်လည်း အေးအေးဆေးဆေးအခြေ အနေပါပဲ” ဟု မူဆယ်မြို့( ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ) ပြန်/ဆက် ရုံးမှ ဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောသည်။

မူဆယ်မြို့၏ အချို့နေရာများတွင် ၂၁ ရက်နေ့ညပိုင်းက ပစ်ခတ်တိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရပြီး ကွတ်ခိုင်မြို့တွင် ပစ်ခတ်မှုမရှိကြောင်း သိရသည်။

“ကျွန်တော်တို့ဆီမှာတော့ ဘာမှမကြားဘူးခင်ဗျ။ ဒီမှာတော့ အေးဆေးပါပဲ။ ဒီမနက်လည်း ဘာမှမဖြစ်သေးပါဘူး “ ဟု ကွတ်ခိုင်မြို့မ ရဲစခန်း တာဝန်မှုးက ပြောသည်။

လက်နက်ကိုင်အဖွဲ့များဖြစ်သည့် TNLA၊ KIA နှင့် MNDAA တို့ပူးပေါင်း၍ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်များအတွင်းရှိ တပ်စခန်းများ၊ ရဲတပ်ဖွဲ့စခန်းများနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား နိုဝင်ဘာလ (၂၀) ရက်နေ့က တချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ/သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~