က်ိဳင္းတံုၿမိဳ႕ရိွ ေစ်းမ်ားတြင္ ေထာက္ခံခ်က္မရိွသည့္ စားေသာက္ကုန္ ေရာင္းခ်သူမ်ားအား သတိေပးထား

က်ိဳင္းတံုၿမိဳ႕ရိွ ေစ်းမ်ားတြင္ ေထာက္ခံခ်က္မရိွသည့္ စားေသာက္ကုန္ ေရာင္းခ်သူမ်ားအား သတိေပးထား
နိုဝင်ဘာ 30, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ အေရွ ႔ပိုင္း က်ိဳင္းတုံၿမိဳ႕ရိွေစ်းမ်ားမွ စားေသာက္ကုန္မ်ားအား ပထမဆံုးအႀကိမ္ စတင္စစ္ေဆးခဲ့ၿပီးေနာက္ ေထာက္ခံခ်က္မပါသည့္ စားေသာက္ကုန္ပစၥည္း ေရာင္းခ်သည့္ ဆုိင္မ်ားအား အေရးယူမည္ျဖစ္ေၾကာင္း ႏွင့္ သတိေပးေဆာင္ရြက္ထားေၾကာင္း သိရသည္။

" ေထာက္ခံခ်က္ေတြ မပါတဲ့ ပစၥည္းေရာင္းတဲ့သူေတြကိုေတာ့ အသိပညာေပးတာေတြ လုပ္ၿပီးေတာ့ ေနာက္ေနာင္ဒါမ်ိဳးပစၥည္းေတြ မေရာင္းပါဘူးဆိုတဲ့ ၀န္ခံကတိ လက္မွတ္ထိုးခိုင္းထားတယ္။ ေနာက္တစ္ခါေတြ ့ရင္ေတာ့ အဖြဲ ့ရဲ ့ဆုံးျဖတ္ခ်က္နဲ ့အညီ ပစၥည္းေတြကို သိမ္းမွာပါ"ဟု က်ိဳင္းတုံခရိုင္ စားသုံးသူေရးရာ အျငင္းပြားမႈေျဖရွင္းေရးအဖြဲ ့မွ ဦးသန္းစိုးက Tachileik News Agency ေျပာသည္။

 စားေသာက္ကုန္ပစၥည္းမ်ားကို စားသုံးရန္ သင့္မသင့္ ဓာတ္ခြဲရန္အတြက္ လက္ရိွအေျခအေနအရ ပစၥည္းတစ္မ်ိဳးကို စစ္ေဆးရန္အ လႏွင့္ခ်ီ၍ ၾကာသျဖင့္ ေထာက္ခံခ်က္ရိွသည့္ ပစၥည္းမ်ားကို အဓိကထား ေရာင္းခ်သည့္သည္ဟု အဆိုပါအဖြဲ႕က အႀကံျပဳထားသည္။

“မည္သည့္ကုန္ပစၥည္းမဆို ထုတ္လုပ္မယ္ဆိုရင္ ထုတ္ပိုးတဲ့အခါမွာ သက္ဆိုင္ရာပစၥည္းအလိုက္ အနည္းဆုံး ျပည္တြင္းျပည္ပ ဌာနတစ္ခုခုရဲ ႔ ေထာက္ခံခ်က္ေတြပါတယ္။ သက္တမ္းကုန္ဆုံးရက္ေတြ ပါရမယ္။ ဒီလိုမ်ိဳး ကၽြန္ေတာ္တို ့ရဲ႕ ဥပေဒပုဒ္မ(၈)ထဲမွာပါတဲ့အတိုင္း ေစ်းကြက္ထဲမွာ ေရာင္းေနတဲ့ ပစၥည္းေတြမွာ ပါမပါ ေစ်းေတြမွာ လိုက္စစ္တယ္”ဟု က်ိဳင္းတုံခရိုင္ စားသုံးသူေရးရာ အျငင္းပြားမႈေျဖရွင္းေရးအဖြဲ ့မွ ဦးသန္းစိုးက ေျပာသည္။

လက္ရိွတြင္ ေစ်းကြက္အတြင္း ေရာင္းခ်ေနသည့္ တရုတ္ႏုိင္ငံမွ တင္သြင္းလာသည့္ မုန္႔အခ်ိဳ႕၊ ငံုးဥ၊ ၾကက္သဲမ်ားကို ခ်က္ခ်င္းသိမ္းဆည္းေစၿပီး ပထမဆံုးအႀကိမ္အေနျဖင့္ အသိပညာေပးျခင္းႏွင့္ ေနာက္ေနာင္ ထပ္မံမေရာင္းရခ်ရန္ကိုလည္း သတိေပးထားေၾကာင္း သိရသည္။

“ ေထာက္ခံခ်က္မရိွတဲ့ ငရုတ္သီးမႈန္ ့၊ ေကာ္ဖီေတြနဲ ့ ေအးခဲအသားေတြ ကိုလည္းေတြ ့တယ္။ ေစ်းတစ္ေစ်းလုံးမွာက ေထာက္ခံခ်က္ရိွတာက (၂၀)ရာခိုင္ႏႈန္းပဲရိွတယ္။ က်န္တာက ေထာက္ခံခ်က္မရိွဘူး။ ကၽြန္ေတာ္တုိ ့ကို ျပည္သူ ့အက်ိဳးစီးပြားကို မထိခိုက္ေစခ်င္တဲ့အတြက္ ေနာက္မေရာင္းဖို ့ အသိပညာေပးထားတယ္။ အေရးယူတာေတြမလုပ္ေသးဘူး။ ေနာက္တစ္ခါ ေတြ ့ရင္ေတာ့ ဥပေဒအတိုင္း ေဆာင္ရြက္သြားမွာပါ။"ဟု ဦးသန္းစိုးကေျပာသည္။

စားသုံးသူမ်ားအေနျဖင့္ မိမိတို ့၏ နစ္နာမႈမ်ားကို ခရိုင္စားသုံးသူေရးရာ အျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ ့သို ့ တိုင္ၾကားႏိုင္ၿပီး တိုင္ၾကားသူကို အျပည့္အ၀ အကာအကြယ္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

"အခုကေတာ့ သဘာ၀အသီးအရြက္ကိုရွားသြားၿပီ။ အသီးအရြက္ကအစ ေဆးေတြသုံးထားေတာ့ ဘယ္ဟာမွ စိတ္မခ်ရေတာ့ဘူး။ ေစ်းထဲမွာ စားသုံးရန္မသင့္တဲ့ ပစၥည္းတြလည္း ရိွရင္ရိွေနမွာပဲေလ။ ဒါေတြကို သက္ဆိုင္ရာဌာနေတြအေနနဲ ့ အေလးထား ေဆာင္ရြက္ေစခ်င္ပါတယ္။ အသိပညာေပးတာေတြလည္း တိုးလုပ္မွ ရမွာေပါ့။ ဒါမွ ဘယ္ပစၥည္းက ေထာက္ခံခ်က္ပါတယ္၊ မပါဘူးဆိုတာ သိမွာေပါ့။"ဟု က်ိဳင္းတုံၿမိဳ႕ ေဒသခံတစ္ဦးျဖစ္သည့္ ေဒၚဥမၼာေအာင္က ေျပာသည္။

စီးပြားေရးလုပ္ငန္းရွင္မ်ားအေနျဖင့္ ျပဌာန္းထားသည့္ ဥပေဒမ်ားကို ခ်ိဳးေဖာက္ပါက သုံးႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ က်ပ္သိန္းငါးဆယ္ထက္မပိုေသာ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစကို ခ်မွတ္ခံရမည္ျဖစ္ၿပီး စားသုံးသူမ်ားအေနႏွင့္ ႀကီးႀကီးမားမား နစ္နာမႈမ်ား ၾကဳံေတြ ့လာပါက တရားမေၾကာင္းအရ တရားစြဲဆိုႏိုင္ေၾကာင္းသိရသည္။

စားသုံးသူေရးရာ အျငင္းပြားမႈေျဖရွင္းေရးအဖြဲ႔ကို ၂၀၁၄ ခုႏွစ္တြင္ တစ္ႏိုင္ငံလုံးအတိုင္းအတာ ျပည္နယ္အဆင့္မ်ားတြင္ ဖြဲ ့စည္းခဲ့ၿပီး ယခုႏွစ္ေရာက္မွသာ လုပ္ငန္းမ်ားကို ထဲထဲ၀င္၀င္ လုပ္ေဆာင္ႏိုင္ရန္ အတြက္ ခရိုင္အဆင့္မ်ားတြင္ လိုက္လံဖြဲ ့စည္းျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိဈေးများမှ စားသောက်ကုန်များအား ပထမဆုံးအကြိမ် စတင်စစ်ဆေးခဲ့ပြီးနောက် ထောက်ခံချက်မပါသည့် စားသောက်ကုန်ပစ္စည်း ရောင်းချသည့် ဆိုင်များအား အရေးယူမည်ဖြစ်ကြောင်း နှင့် သတိပေးဆောင်ရွက်ထားကြောင်း သိရသည်။

" ထောက်ခံချက်တွေ မပါတဲ့ ပစ္စည်းရောင်းတဲ့သူတွေကိုတော့ အသိပညာပေးတာတွေ လုပ်ပြီးတော့ နောက်နောင်ဒါမျိုးပစ္စည်းတွေ မရောင်းပါဘူးဆိုတဲ့ ဝန်ခံကတိ လက်မှတ်ထိုးခိုင်းထားတယ်။ နောက်တစ်ခါတွေ့ရင်တော့ အဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့အညီ ပစ္စည်းတွေကို သိမ်းမှာပါ"ဟု ကျိုင်းတုံခရိုင် စားသုံးသူရေးရာ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ ဦးသန်းစိုးက Tachileik News Agency ပြောသည်။

 စားသောက်ကုန်ပစ္စည်းများကို စားသုံးရန် သင့်မသင့် ဓာတ်ခွဲရန်အတွက် လက်ရှိအခြေအနေအရ ပစ္စည်းတစ်မျိုးကို စစ်ဆေးရန်အ လနှင့်ချီ၍ ကြာသဖြင့် ထောက်ခံချက်ရှိသည့် ပစ္စည်းများကို အဓိကထား ရောင်းချသည့်သည်ဟု အဆိုပါအဖွဲ့က အကြံပြုထားသည်။

“မည်သည့်ကုန်ပစ္စည်းမဆို ထုတ်လုပ်မယ်ဆိုရင် ထုတ်ပိုးတဲ့အခါမှာ သက်ဆိုင်ရာပစ္စည်းအလိုက် အနည်းဆုံး ပြည်တွင်းပြည်ပ ဌာနတစ်ခုခုရဲ့ ထောက်ခံချက်တွေပါတယ်။ သက်တမ်းကုန်ဆုံးရက်တွေ ပါရမယ်။ ဒီလိုမျိုး ကျွန်တော်တို့ရဲ့ ဥပဒေပုဒ်မ(၈)ထဲမှာပါတဲ့အတိုင်း ဈေးကွက်ထဲမှာ ရောင်းနေတဲ့ ပစ္စည်းတွေမှာ ပါမပါ ဈေးတွေမှာ လိုက်စစ်တယ်”ဟု ကျိုင်းတုံခရိုင် စားသုံးသူရေးရာ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ ဦးသန်းစိုးက ပြောသည်။

လက်ရှိတွင် ဈေးကွက်အတွင်း ရောင်းချနေသည့် တရုတ်နိုင်ငံမှ တင်သွင်းလာသည့် မုန့်အချို့၊ ငုံးဥ၊ ကြက်သဲများကို ချက်ချင်းသိမ်းဆည်းစပြေီး ပထမဆုံးအကြိမ်အနဖြေင့် အသိပညာပေးခြင်းနှင့် နောက်နောင် ထပ်မံမရောင်းရချရန်ကိုလည်း သတိပေးထားကြောင်း သိရသည်။

“ ထောက်ခံချက်မရှိတဲ့ ငရုတ်သီးမှုန့်၊ ကော်ဖီတွေနဲ့ အေးခဲအသားတွေ ကိုလည်းတွေ့တယ်။ ဈေးတစ်ဈေးလုံးမှာက ထောက်ခံချက်ရှိတာက (၂၀)ရာခိုင်နှုန်းပဲရှိတယ်။ ကျန်တာက ထောက်ခံချက်မရှိဘူး။ ကျွန်တော်တို့ကို ပြည်သူ့အကျိုးစီးပွားကို မထိခိုက်စေချင်တဲ့အတွက် နောက်မရောင်းဖို့ အသိပညာပေးထားတယ်။ အရေးယူတာတွေမလုပ်သေးဘူး။ နောက်တစ်ခါ တွေ့ရင်တော့ ဥပဒေအတိုင်း ဆောင်ရွက်သွားမှာပါ။"ဟု ဦးသန်းစိုးကပြောသည်။

စားသုံးသူများအနဖြေင့် မိမိတို့၏ နစ်နာမှုများကို ခရိုင်စားသုံးသူရေးရာ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့သို့ တိုင်ကြားနိုင်ပြီး တိုင်ကြားသူကို အပြည့်အဝ အကာအကွယ်ပေးမည်ဖြစ်ကြောင်း သိရသည်။

"အခုကတော့ သဘာဝအသီးအရွက်ကိုရှားသွားပြီ။ အသီးအရွက်ကအစ ဆေးတွေသုံးထားတော့ ဘယ်ဟာမှ စိတ်မချရတော့ဘူး။ ဈေးထဲမှာ စားသုံးရန်မသင့်တဲ့ ပစ္စည်းတွလည်း ရှိရင်ရှိနေမှာပဲလေ။ ဒါတွေကို သက်ဆိုင်ရာဌာနတွေအနေနဲ့ အလေးထား ဆောင်ရွက်စေချင်ပါတယ်။ အသိပညာပေးတာတွေလည်း တိုးလုပ်မှ ရမှာပေါ့။ ဒါမှ ဘယ်ပစ္စည်းက ထောက်ခံချက်ပါတယ်၊ မပါဘူးဆိုတာ သိမှာပေါ့။"ဟု ကျိုင်းတုံမြို့ ဒေသခံတစ်ဦးဖြစ်သည့် ဒေါ်ဥမ္မာအောင်က ပြောသည်။

စီးပွားရေးလုပ်ငန်းရှင်များအနဖြေင့် ပြဌာန်းထားသည့် ဥပဒေများကို ချိုးဖောက်ပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းငါးဆယ်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေကို ချမှတ်ခံရမည်ဖြစ်ပြီး စားသုံးသူများအနေနှင့် ကြီးကြီးမားမား နစ်နာမှုများ ကြုံတွေ့လာပါက တရားမကြောင်းအရ တရားစွဲဆိုနိုင်ကြောင်းသိရသည်။

စားသုံးသူရေးရာ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ကို ၂၀၁၄ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာ ပြည်နယ်အဆင့်များတွင် ဖွဲ့စည်းခဲ့ပြီး ယခုနှစ်ရောက်မှသာ လုပ်ငန်းများကို ထဲထဲဝင်ဝင် လုပ်ဆောင်နိုင်ရန် အတွက် ခရိုင်အဆင့်များတွင် လိုက်လံဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~