က်ပ္ေငြအတု (၁)ေသာင္းတန္ အရြက္(၁၀၀၀) တာခ်ီလိတ္၌ ဖမ္းမိ

က်ပ္ေငြအတု (၁)ေသာင္းတန္ အရြက္(၁၀၀၀) တာခ်ီလိတ္၌ ဖမ္းမိ
နိုဝင်ဘာ 2, 2016
By Tachileik News Agency

ျမန္မာ - ထိုင္း နယ္စပ္ တာခ်ီလိတ္ၿမိဳ႕၌ ေငြလဲလုပ္ငန္း လုပ္ကိုင္သူထံမွ က်ပ္ေငြတစ္ေသာင္းတန္ အတု အရြက္(၁၀၀၀)အား စစ္ေဆးေတြ႕ရွိ ဖမ္းဆီးရမိ၍ ေငြလဲလုပ္ငန္း လုပ္ကိုင္သူအား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ အမႈဖြင့္ထားေၾကာင္း သိရသည္။

"အရြက္(၁၀၀)စီပါတဲ့ တစ္ေသာင္းတန္ (၂၀)အုပ္ကို ကမာၻဇဘဏ္ကေန ေငြလႊဲၿပီးသြားၿပီ။ က်န္တဲ့ အရြက္(၁၀၀)စီပါတဲ့ တစ္ေသာင္းတန္ (၁၀)အုပ္ထဲက (၅)အုပ္ကို မသကၤာလို႔ ကမာၻဇဘဏ္မွာ သြားစစ္ၾကည့္ေတာ့မွ အတုျဖစ္ေနတာ။ အဲ့ဒါနဲ႔ အိမ္မွာ က်န္ေနေသးတဲ့ (၁)ေသာင္းတန္(၅)အုပ္ ကိုလည္း စစ္ေဆးေတာ့ အတုေတြျဖစ္ေနလို႔ စခန္းကို အေၾကာင္းၾကားလာတာ။ (၁)ေသာင္းတန္ အထုပ္(၃၀)မွာ (၁၀)ထုပ္က အတုေတြျဖစ္ေနတာေပါ့"ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္၌  ေငြလဲလုပ္ငန္းလုပ္ကိုင္ေနသူထံ ေအာက္တိုဘာလ (၃၁) ရက္ေန႔ ေန႔လယ္ပိုင္းက မကာဟိုခမ္းရပ္ကြက္တြင္ ေငြလဲလုပ္ငန္း လုပ္ကိုင္သူက ထိုင္းဘတ္ေငြ (၈၁၅,၂၅၀)ဘတ္ျဖင့္ က်ပ္ေငြ သိန္း (၃၀၀)ဖိုး လဲလွယ္ခဲ့ၿပီးေနာက္၊ အဆိုပါ ေငြမ်ားတြင္ က်ပ္သိန္းတစ္ရာမွာ ( က်ပ္ေငြတစ္ေသာင္းတန္ ေငြစကၠဴ(၁၀၀၀)ရြက္)အတုမ်ား ျဖစ္ေနေၾကာင္းကို ႏို၀င္ဘာလ(၁)ရက္ေန႔ နံနက္ပိုင္းက ကေမၻာဇဘဏ္သို႔  သြာေရာက္ကာ မသကၤာ၍ စစ္ေဆးရာမွ သိရွိျခင္းျဖစ္ေၾကာင္းသိရသည္။

"ေငြစကၠဴေတြ အတုနဲ႔အစစ္ကြာျခားခ်က္က ညအခ်ိန္မွာ ေတာ္ရံုနဲ႔ေတာ့ မသိႏိုင္ဘူး၊ အခုေနာက္ပိုင္း အတုလုပ္တဲ့ နည္းပညာေတြ အဆင့္ျမင့္လာတယ္၊ ေရစာလည္း ပါတယ္၊ ေရာင္ျပန္လည္း ပါတယ္၊ ၾကည့္လိုက္ရင္ အစစ္လိုပဲ၊ အဓိက ခြဲျခားႏိုင္တာကေတာ့ လက္နဲ႔ ပြတ္ၾကည့္လို႔ ေခ်ာေနရင္ အတု၊ ၾကမ္းရွရွေလးျဖစ္ေနရင္ အစစ္၊ တကယ္လို႔ မသကၤာဘူးဆိုရင္ ရဲစခန္းကို အေၾကာင္းၾကားေပးပါ..."ဟု ရဲအရာရွိတစ္ဦးက Tachileik News Agency ( တာခ်ီလိတ္သတင္းေအဂ်င္စီ )သို႔ ေျပာသည္။

အဆိုပါကိစၥႏွင့္ ပတ္သက္၍ ေငြစကၠဴ အတု ႏွင့္ အစစ္ ေရာေႏွာ လဲလွယ္ေပးသူဟု  သံသယရိွသူ ပုန္းထြန္ရပ္ကြက္ေနသူအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၂၀၅/၂၀၁၆၊ ၂၀၁၃ ခုႏွစ္ ျမန္မာႏိုင္ငံဗဟိုဘဏ္ဥပေဒ ပုဒ္မ ၁၀၅/၁၀၆ ျဖင့္ အမႈဖြင့္စစ္ေဆးေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္။

"ေငြစကၠဴ အတုအစစ္က တစ္ရြက္ခ်င္းစီ ခြဲျခားရ ခက္ေနတာမ်ဳိးေတြရွိတဲ့အခါမွာ အုပ္လိုက္ဆိုရင္ေတာ့ သိသာတယ္၊ အတုဆိုရင္ စကၠဳထုပ္လို ျဖဴေဖြးေနတယ္၊ အစစ္အုပ္ဆိုရင္ မီးစုန္းျပာေလးေတြအေရာင္လို ျပာလဲ့လဲ့ေလး ျဖစ္ေနမယ္"ဟု တာခ်ီလိတ္မွ ေငြလဲလုပ္ငန္းလုပ္ကိုင္သူ တစ္ဦးက ေျပာျပသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့၌ ငွေလဲလုပ်ငန်း လုပ်ကိုင်သူထံမှ ကျပ်ငွေတစ်သောင်းတန် အတု အရွက်(၁၀၀၀)အား စစ်ဆေးတွေ့ရှိ ဖမ်းဆီးရမိ၍ ငွေလဲလုပ်ငန်း လုပ်ကိုင်သူအား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

"အရွက်(၁၀၀)စီပါတဲ့ တစ်သောင်းတန် (၂၀)အုပ်ကို ကမာ္ဘဇဘဏ်ကနေ ငွေလွှဲပြီးသွားပြီ။ ကျန်တဲ့ အရွက်(၁၀၀)စီပါတဲ့ တစ်သောင်းတန် (၁၀)အုပ်ထဲက (၅)အုပ်ကို မသင်္ကာလို့ ကမာ္ဘဇဘဏ်မှာ သွားစစ်ကြည့်တော့မှ အတုဖြစ်နေတာ။ အဲ့ဒါနဲ့ အိမ်မှာ ကျန်နေသေးတဲ့ (၁)သောင်းတန်(၅)အုပ် ကိုလည်း စစ်ဆေးတော့ အတုတွဖြေစ်နေလို့ စခန်းကို အကြောင်းကြားလာတာ။ (၁)သောင်းတန် အထုပ်(၃၀)မှာ (၁၀)ထုပ်က အတုတွဖြေစ်နေတာပေါ့"ဟု တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၌ ငွေလဲလုပ်ငန်းလုပ်ကိုင်နေသူထံ အောက်တိုဘာလ (၃၁) ရက်နေ့ နေ့လယ်ပိုင်းက မကာဟိုခမ်းရပ်ကွက်တွင် ငွေလဲလုပ်ငန်း လုပ်ကိုင်သူက ထိုင်းဘတ်ငွေ (၈၁၅,၂၅၀)ဘတ်ဖြင့် ကျပ်ငွေ သိန်း (၃၀၀)ဖိုး လဲလှယ်ခဲ့ပြီးနောက်၊ အဆိုပါ ငွေများတွင် ကျပ်သိန်းတစ်ရာမှာ ( ကျပ်ငွေတစ်သောင်းတန် ငွေစက္ကူ(၁၀၀၀)ရွက်)အတုများ ဖြစ်နေကြောင်းကို နိုဝင်ဘာလ(၁)ရက်နေ့ နံနက်ပိုင်းက ကမ္ဘောဇဘဏ်သို့ သွာရောက်ကာ မသင်္ကာ၍ စစ်ဆေးရာမှ သိရှိခြင်းဖြစ်ကြောင်း သိရသည်။

"ငွေစက္ကူတွေ အတုနဲ့အစစ်ကွာခြားချက်က ညအချိန်မှာ တော်ရုံနဲ့တော့ မသိနိုင်ဘူး၊ အခုနောက်ပိုင်း အတုလုပ်တဲ့ နည်းပညာတွေ အဆင့်မြင့်လာတယ်၊ ရေစာလည်း ပါတယ်၊ ရောင်ပြန်လည်း ပါတယ်၊ ကြည့်လိုက်ရင် အစစ်လိုပဲ၊ အဓိက ခွဲခြားနိုင်တာကတော့ လက်နဲ့ ပွတ်ကြည့်လို့ ချောနေရင် အတု၊ ကြမ်းရှရှလေးဖြစ်နေရင် အစစ်၊ တကယ်လို့ မသင်္ကာဘူးဆိုရင် ရဲစခန်းကို အကြောင်းကြားပေးပါ..."ဟု ရဲအရာရှိတစ်ဦးက Tachileik News Agency ( တာချီလိတ်သတင်းအေဂျင်စီ )သို့ ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ငွေစက္ကူ အတု နှင့် အစစ် ရောနှော လဲလှယ်ပေးသူဟု သံသယရှိသူ ပုန်းထွန်ရပ်ကွက်နေသူအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၂၀၅/၂၀၁၆၊ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

"ငွေစက္ကူ အတုအစစ်က တစ်ရွက်ချင်းစီ ခွဲခြားရ ခက်နေတာမျိုးတွေရှိတဲ့အခါမှာ အုပ်လိုက်ဆိုရင်တော့ သိသာတယ်၊ အတုဆိုရင် စက္ကုထုပ်လို ဖြူဖွေးနေတယ်၊ အစစ်အုပ်ဆိုရင် မီးစုန်းပြာလေးတွေအရောင်လို ပြာလဲ့လဲ့လေး ဖြစ်နေမယ်"ဟု တာချီလိတ်မှ ငွေလဲလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောပြသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~