တာခ်ီလိတ္၌ ဓာတ္တိုင္အား ဆိုင္ကယ္ျဖင့္ ၀င္တိုက္မိ၍ အမ်ဳိးသားတစ္ဦး ေသဆံုး

တာခ်ီလိတ္၌ ဓာတ္တိုင္အား ဆိုင္ကယ္ျဖင့္ ၀င္တိုက္မိ၍ အမ်ဳိးသားတစ္ဦး ေသဆံုး
နိုဝင်ဘာ 24, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕၊ မိုင္းဖုန္း(ခ)ေက်းရြာအုပ္စုတြင္ ဆိုင္ကယ္ေမာင္းလာသူ အမ်ဳိးသားတစ္ဦး ဓာတ္တိုင္အား ၀င္ေရာက္တိုက္မိၿပီး ေဆးရံုပို႔ေဆာင္စဥ္ လမ္း၌ ကြယ္လြန္သြားေၾကာင္း သိရသည္။

မိုင္းဖုန္း(ခ)ေက်းရြာအုပ္စု၊ ပါခုတ္ရြာတြင္ ႏို၀င္ဘာလ(၂၃)ရက္ေန႔ ညေန(၅)နာရီခြဲ၀န္းက်င္က ဆိုင္ကယ္ေမာင္းလာသူ အမ်ဳိးသားတစ္ဦးသည္ ဓာတ္တိုင္အား ၀င္ေရာက္တိုက္မိရာမွ ဆိုင္ကယ္စီးဦးထုပ္မေဆာင္းထားျခင္းမရွိသည့္အတြက္ ဦးေခါင္းတြင္ ဒဏ္ရာရရွိကာ တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ ေဆးရံုသို႔ အေရးေပၚပို႔ေဆာင္စဥ္ လမ္း၌ ဒဏ္ရာျဖင့္ ေသဆံုးသြားခဲ့ျခင္း ျဖစ္သည္။

ေသဆံုးသူသည္ အသက္(၄၄)ႏွစ္ရွိ အိုက္ကြမ္းက်န္းျဖစ္ၿပီး နမ့္လြတ္(ရွမ္း)ရြာတြင္ ေနထိုင္သူျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ရဲလုပ္ထံုး လုပ္နည္းအရ ၀မ္ပံုရဲစန္းခန္းတြင္ ေသမႈေသခင္း အမႈအမွတ္ ယာဥ္(၅/၂၀၁၆) ၃၀၄(က)ျဖင့္ အမွႈဖြင့္လွစ္ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

ဓာတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း
~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုတွင် ဆိုင်ကယ်မောင်းလာသူ အမျိုးသားတစ်ဦး ဓာတ်တိုင်အား ဝင်ရောက်တိုက်မိပြီး ဆေးရုံပို့ဆောင်စဉ် လမ်း၌ ကွယ်လွန်သွားကြောင်း သိရသည်။

မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါခုတ်ရွာတွင် နိုဝင်ဘာလ(၂၃)ရက်နေ့ ညနေ(၅)နာရီခွဲဝန်းကျင်က ဆိုင်ကယ်မောင်းလာသူ အမျိုးသားတစ်ဦးသည် ဓာတ်တိုင်အား ဝင်ရောက်တိုက်မိရာမှ ဆိုင်ကယ်စီးဦးထုပ်မဆောင်းထားခြင်းမရှိသည့်အတွက် ဦးခေါင်းတွင် ဒဏ်ရာရရှိကာ တာချီလိတ်နာရေးကူညီမှုအသင်းမှ ဆေးရုံသို့ အရေးပေါ်ပို့ဆောင်စဉ် လမ်း၌ ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူသည် အသက်(၄၄)နှစ်ရှိ အိုက်ကွမ်းကျန်းဖြစ်ပြီး နမ့်လွတ်(ရှမ်း)ရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲလုပ်ထုံး လုပ်နည်းအရ ဝမ်ပုံရဲစန်းခန်းတွင် သေမှုသေခင်း အမှုအမှတ် ယာဉ်(၅/၂၀၁၆) ၃၀၄(က)ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~