ပရိတ္ေဒသနာေတာ္ အေကာင္းဆံုး ရြတ္ဆိုပူေဇာ္ၿပိဳင္ပြဲ တာခ်ီလိတ္၌ က်င္းပ

ပရိတ္ေဒသနာေတာ္ အေကာင္းဆံုး ရြတ္ဆိုပူေဇာ္ၿပိဳင္ပြဲ တာခ်ီလိတ္၌ က်င္းပ
နိုဝင်ဘာ 6, 2016
By Tachileik News Agency

တာခ်ီလိတ္ခရိုင္ အမ်ိဳးသမီးေရးရာအဖြဲ႕မွ ႀကီးမွဴးက်င္းပသည့္ (၆)ႀကိမ္ေျမာက္ ပရိတ္တရားေတာ္ ရြတ္ဖတ္ပူေဇာ္ၿပိဳင္ပြဲအား ၿပိဳင္ပြဲ၀င္အသင္း(၁၃)သင္းျဖင့္ တာခ်ီလိတ္ၿမိဳ႕နယ္ ဓမၼာရုံတြင္ ႏို၀င္ဘာလ (၆)ရက္ေန႔မွ (၉)ရက္ေန႔အထိ ယွဥ္ၿပိဳင္က်င္းပလ်က္ရွိေၾကာင္း သိရသည္။

ပရိတ္တရားေတာ္ ရြတ္ဖတ္ပူေဇာ္ၿပိဳင္ပြဲတြင္ ပါ၀င္သည့္ အသင္းမ်ားမွာ အလင္းေရာင္ပရဟိတ ၀တ္အသင္း၊ ရန္ေအာင္ေျမ၀တ္ အသင္း၊ ပုန္းထြန္+တာေလာ့ ၀တ္အသင္း၊ မဇၨိၽမလူမွဳကူညီေရး ၀တ္အသင္း ၊ ၀မ္းေကာင္း+မယ္ေခါင္၀တ္အသင္း၊ ဆန္ဆိုင္း(က)၀တ္အသင္း  ၊အထကခြဲ-ပုန္းထြန္ေက်ာင္း၀တ္အသင္း၊ အထက-ဆန္ဆိုင္၀တ္အသင္း ၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၀တ္အသင္း ၊ အထက-ေဟာင္လိတ္ ၀တ္အသင္း ၊ေဂၚရခါးမဂၢင္ ၀တ္အသင္း ၊အထက-တာခ်ီလိတ္၀တ္အသင္း ႏွင့္ ေဆခမ္း-ပါဆတ္၀တ္အသင္း စသည့္ ၿပိဳင္ပြဲ၀င္အသင္း(၁၃)သင္းျဖစ္ၿပီး၊ ၿမိဳ႕ေပၚဘုန္းႀကီးေက်ာင္း(၅)ေက်ာင္းမွ ဆရာေတာ္(၅)ပါး အကဲျဖတ္အမွတ္ေပးသြားမွာျဖစ္ေၾကာင္းသိရသည္။

အဆိုပါ ပရိတ္ႏွင့္ပထ၀ီဇယမႏၱာန္ေဒသနာေတာ္အေကာင္းဆုံးရြတ္ဖတ္ပူေဇာ္ၿပိဳင္ပြဲဖြင့္ကို ႏို၀င္ဘာလ (၆)ရက္ေန႔ နံနက္(၈)နာရီအခ်ိန္က ျပဳလုပ္ခဲ့ၿပီး ႏို၀င္ဘာလ (၁၀)ရက္ေန႔မွာ ၿပိဳင္ပြဲ၀င္အသင္းမ်ားအား ဆုေပးပြဲက်င္းပသြားမွာျဖစ္ေၾကာင္းသိရသည္။

ဖြင့္ပြဲအခမ္းအနားတြင္ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ႏွင့္ ဌာနဆိုင္ရာမ်ား၊ ရပ္ကြက္/ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးမ်ား၊ လူမႈေရးကူညီေရးအသင္းအဖြဲ႔မ်ား၊ တာခ်ီလိတ္ခရိုင္ အမ်ဳိးသမီးေရးရာအဖြဲ႔ ဥကၠဌ ေဒၚ၀င္း၀င္းသန္႔ႏွင့္ အဖြဲ႔၀င္မ်ားအျပင္ တာ၀န္ရွိသူမ်ား တက္ေရာက္ခဲ့ၾကသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၆)ကြိမ်မြောက် ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပြိုင်ပွဲအား ပြိုင်ပွဲဝင်အသင်း(၁၃)သင်းဖြင့် တာချီလိတ်မြို့နယ် ဓမ္မာရုံတွင် နိုဝင်ဘာလ (၆)ရက်နေ့မှ (၉)ရက်နေ့အထိ ယှဉ်ပြိုင်ကျင်းပလျက်ရှိကြောင်း သိရသည်။

ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပြိုင်ပွဲတွင် ပါဝင်သည့် အသင်းများမှာ အလင်းရောင်ပရဟိတ ဝတ်အသင်း၊ ရန်အောင်မြေဝတ် အသင်း၊ ပုန်းထွန်+တာလော့ ဝတ်အသင်း၊ မဇ္ဇျိမလူမှုကူညီရေး ဝတ်အသင်း၊ ဝမ်းကောင်း+မယ်ခေါင်ဝတ်အသင်း၊ ဆန်ဆိုင်း(က)ဝတ်အသင်း၊အထကခွဲ-ပုန်းထွန်ကျောင်းဝတ်အသင်း၊ အထက-ဆန်ဆိုင်ဝတ်အသင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝတ်အသင်း၊ အထက-ဟောင်လိတ် ဝတ်အသင်း၊ဂေါ်ရခါးမဂ္ဂင် ဝတ်အသင်း၊အထက-တာချီလိတ်ဝတ်အသင်း နှင့် ဆေခမ်း-ပါဆတ်ဝတ်အသင်း စသည့် ပြိုင်ပွဲဝင်အသင်း(၁၃)သင်းဖြစ်ပြီး၊ မြို့ပေါ်ဘုန်းကြီးကျောင်း(၅)ကျောင်းမှ ဆရာတော်(၅)ပါး အကဲဖြတ်အမှတ်ပေးသွားမှာဖြစ်ကြောင်းသိရသည်။

အဆိုပါ ပရိတ်နှင့်ပထဝီဇယမန္တာန်ဒေသနာတော်အကောင်းဆုံးရွတ်ဖတ်ပူဇော်ပြိုင်ပွဲဖွင့်ကို နိုဝင်ဘာလ (၆)ရက်နေ့ နံနက်(၈)နာရီအချိန်က ပြုလုပ်ခဲ့ပြီး နိုဝင်ဘာလ (၁၀)ရက်နေ့မှာ ပြိုင်ပွဲဝင်အသင်းများအား ဆုပေးပွဲကျင်းပသွားမှာဖြစ်ကြောင်းသိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးကူညီရေးအသင်းအဖွဲ့များ၊ တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့်နှင့် အဖွဲ့ဝင်များအပြင် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~