တာခ်ီလိတ္၌ က်င္းပသည့္ အလြတ္တန္း ႏွင့္ လူသစ္တန္း ပိုက္ေက်ာ္ျခင္း ၿပိဳင္ပြဲတြင္ ခ်င္းရိုင္းအသင္းႏွင့္ ေဟာင္လိတ္အသင္း ပထမဆုရရွိ

တာခ်ီလိတ္၌ က်င္းပသည့္ အလြတ္တန္း ႏွင့္ လူသစ္တန္း ပိုက္ေက်ာ္ျခင္း ၿပိဳင္ပြဲတြင္ ခ်င္းရိုင္းအသင္းႏွင့္ ေဟာင္လိတ္အသင္း ပထမဆုရရွိ
နိုဝင်ဘာ 19, 2016
By Tachileik News Agency

တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌဖလား အျဖစ္ ႏို၀င္ဘာလ (၁၆) ရက္ေန႔မွ (၁၉)ရက္ေန႔အထိ က်င္းပသည့္ ကလပ္ေပါင္းစုံဖိတ္ေခၚ(အလြတ္တန္း) ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲႏွင့္ လူသစ္တန္း ပိုက္ေက်ာ္ျခင္း ၿပိဳင္ပြဲတြင္ ထိုင္းႏိုင္ငံခ်င္းရိုင္းအသင္းႏွင့္ ေဟာင္လိတ္အသင္းက ပထမဆုရရွိခဲ့ေၾကာင္း သိရသည္။

လူသစ္တန္းၿပိဳင္ပြဲတြင္ ပထမဆုကို ေဟာင္လိတ္အသင္း ႏွင့္ ဒုတိယဆုကို ဆန္ဆိုင္း(ခ)အသင္းတို႔မွ ရရွိခဲ့ၿပီး၊ အလြတ္တန္းၿပိဳင္ပြဲတြင္ ပထမဆုကို ထိုင္းႏိုင္ငံခ်င္းရိုင္းအသင္း ႏွင့္ ဒုတိယဆုကို တိုးတက္ဟိန္း အသင္းတို႔မွ ရရွိခဲ့ေၾကာင္း သိရသည္။

ဆုရရွိသည့္ အားကစားသမားမ်ားအား တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီဥကၠဌ၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ ႏွင့္ အတြင္းေရးမွဴး ခရိုင္လ၀က ဦးစီးမွဴး ဦးေက်ာ္ေမာ္ထြန္း ၊ခရိုင္ျပန္/ဆက္ ဦးစီးအရာရွိ ဦးလွေဌး ၊ ၿမိဳ႕နယ္ အား/ကာ အေထာက္အကူျပဳေကာ္မတီ ဥကၠဌ ဦးတင္လႈိင္ ႏွင့္ အဖြဲ႔၀င္ ဦးေဇာ္ျမင့္ တို႔မွ ႏို၀င္ဘာလ (၁၉)ရက္ေန႔တြင္ က်င္းပျပဳလုပ္သည့္ ဆုေပးပြဲ အခမ္းအနားတြင္ ဆုမ်ားအသီးသီး ေပးအပ္ ခ်ီးျမႇင့္ခဲ့ၾကသည္။

ႏို၀င္ဘာလ (၁၆) ရက္ေန႔မွ (၁၉)ရက္ေန႔အထိ က်င္းပျပဳလုပ္ခဲ့သည့္ ကလပ္ေပါင္းစုံဖိတ္ေခၚ(အလြတ္တန္း) ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲတြင္ ပထမဆု က်ပ္(၂)သိန္း ႏွင့္ ဒုတိယဆု က်ပ္(၁၇၀၀၀၀) ျဖင့္ လည္းေကာင္း၊ လူသစ္တန္းပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲတြင္ ပထမဆု က်ပ္(၁)သိန္းႏွင့္ ဒုတိယဆု က်ပ္(၇၀၀၀၀)ျဖင့္လည္းေကာင္း ဆုခ်ီးျမႇင့္ခဲ့ေၾကာင္းသိရသည္။

တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီမွ က်င္းပသည့္ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲတြင္ က်ဳိင္းတုံ ၊ တာခ်ီလိတ္ မွ အသင္းမ်ား ပါ၀င္ၿပီး ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ ႏွင့္ ခ်င္းရိုင္းၿမိဳ႕မွ အသင္း(၃)သင္းပါ၀င္ကာ စုစုေပါင္းအသင္း (၂၈)သင္း ပါ၀င္ယွဥ္ၿပိဳင္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ေဇာင္းညီ
ဓာတ္ပံု - ေအာင္ေက်ာ္၀င္းစိန္ ၊ ေ၀ယံလင္း

 


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌဖလား အဖြစ် နိုဝင်ဘာလ (၁၆) ရက်နေ့မှ (၁၉)ရက်နေ့အထိ ကျင်းပသည့် ကလပ်ပေါင်းစုံဖိတ်ခေါ်(အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် လူသစ်တန်း ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ထိုင်းနိုင်ငံချင်းရိုင်းအသင်းနှင့် ဟောင်လိတ်အသင်းက ပထမဆုရရှိခဲ့ကြောင်း သိရသည်။

လူသစ်တန်းပြိုင်ပွဲတွင် ပထမဆုကို ဟောင်လိတ်အသင်း နှင့် ဒုတိယဆုကို ဆန်ဆိုင်း(ခ)အသင်းတို့မှ ရရှိခဲ့ပြီး၊ အလွတ်တန်းပြိုင်ပွဲတွင် ပထမဆုကို ထိုင်းနိုင်ငံချင်းရိုင်းအသင်း နှင့် ဒုတိယဆုကို တိုးတက်ဟိန်း အသင်းတို့မှ ရရှိခဲ့ကြောင်း သိရသည်။

ဆုရရှိသည့် အားကစားသမားများအား တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် အတွင်းရေးမှူး ခရိုင်လဝက ဦးစီးမှူး ဦးကျော်မော်ထွန်း၊ခရိုင်ပြန်/ဆက် ဦးစီးအရာရှိ ဦးလှဌေး၊ မြို့နယ် အား/ကာ အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးတင်လှိုင် နှင့် အဖွဲ့ဝင် ဦးဇော်မြင့် တို့မှ နိုဝင်ဘာလ (၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဆုပေးပွဲ အခမ်းအနားတွင် ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြသည်။

နိုဝင်ဘာလ (၁၆) ရက်နေ့မှ (၁၉)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ကလပ်ပေါင်းစုံဖိတ်ခေါ်(အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆု ကျပ်(၂)သိန်း နှင့် ဒုတိယဆု ကျပ်(၁၇၀၀၀၀) ဖြင့် လည်းကောင်း၊ လူသစ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆု ကျပ်(၁)သိန်းနှင့် ဒုတိယဆု ကျပ်(၇၀၀၀၀)ဖြင့်လည်းကောင်း ဆုချီးမြှင့်ခဲ့ကြောင်းသိရသည်။

တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီမှ ကျင်းပသည့် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ကျိုင်းတုံ၊ တာချီလိတ် မှ အသင်းများ ပါဝင်ပြီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ နှင့် ချင်းရိုင်းမြို့မှ အသင်း(၃)သင်းပါဝင်ကာ စုစုပေါင်းအသင်း (၂၈)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဇောင်းညီ
ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်၊ေဝယံလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~