ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသား ဒီဇင်ဘာ ၁ ရက်တွင် ထီးနန်းဆက်ခံရေး ပြင်ဆင်နေ

ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသား ဒီဇင်ဘာ ၁ ရက်တွင် ထီးနန်းဆက်ခံရေး ပြင်ဆင်နေ
နိုဝငျဘာ 2, 2016
By Tachileik News Agency


မင်းသား ဗက်ဂျီရာလောင်ကွန်းအနေဖြင့် ယခုတစ်ပတ်အတွင်း ဂျာမနီနိုင်ငံသို့ စီးပွားရေးလုပ်ငန်း ကိစ္စအတွက် သွားရောက်မည်ဖြစ်ပြီး နိုဝင်ဘာလကုန်ပိုင်းတွင် ထိုင်းနိုင်ငံသို့  ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း စစ်ဘက်အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။


မင်းသားအနေဖြင့် ဘုရင်နတ်ပြည်စံပြီး (၇) ရက်မှ (၁၅) ရက်အတွင်း သို့မဟုတ် နောက်ပိုင်းတွင် ထီးနန်းဆက်ခံသွားမည်ဟု ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောကြားခဲ့ပြီးနောက် မင်းသား ဗက်ဂျီရာလောင်ကွန်းက ဘုရင်ကြီး၏ ဈာပနကြောင့် လူထု၏ဝမ်းနည်းပူဆွေးမှု ကာလအတွင်း ထီးနန်းဆက်ခံခြင်းကို အဆောတလျင် ဆောင်ရွက်မည် မဟုတ်ကြောင်း အတည်ပြု ပြောကြားထားခြင်းဖြစ်သည်။

နန်းသက် (၇၀)ကျော်အုပ်ချုပ်ခဲ့သည့် ဘုရင်ဘူမိဘောနတ်ပြည်စံသွားသည့် နောက်ပိုင်း အိမ်ရှေ့မင်းသား ထီးနန်း အရိုက်အရာ မဆက်ခံမီကာလအတွင်း ဘုရင့်အကြံတော်ပေးအဖွဲ့ ခေါင်းဆောင် အသက် (၉၆)နှစ်အရွယ် ပရမ်တင်ဆူလာနွန်ဒါက ရင်ခွင်ပိုက်အုပ်ချုပ်နေခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံတော်ဝင် မိသားစုနှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် ဆွေးနွေးပြောဆိုခြင်းအား ဥပဒေအရ ပြင်းပြင်းထန်ထန် တားမြစ်ထားသည်။

ဘာသာပြန် - ဇာနှင်းထိုက်


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံအိမ်ရှေ့မင်းသား မဟာဗက်ဂျီရာလောင်ကွန်း၏ ထီးနန်းဆက်ခံပွဲကို ဒီဇင်ဘာလ (၁) ရက်တွင် ကျင်းပရန် ပြင်ဆင်နေကြောင်း စစ်ဘက်အကြီးတန်းအရာရှိနှစ်ဦးက ပြောကြားလိုက်သည်။

မင်းသား ဗက်ဂျီရာလောင်ကွန်းအနဖြေင့် ယခုတစ်ပတ်အတွင်း ဂျာမနီနိုင်ငံသို့ စီးပွားရေးလုပ်ငန်း ကိစ္စအတွက် သွားရောက်မည်ဖြစ်ပြီး နိုဝင်ဘာလကုန်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း စစ်ဘက်အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့ ပြင်ဆင်မှုတွေ ဆောင်ရွက်နေပါပြီ။ ဒီဇင်ဘာလ(၁)ရက်နေ့ အတွက် အစစအရာရာ ပြင်ဆင်နေပါပြီ။ အချိန်အတိအကျကတော့ အိမ်ရှေ့မင်းသား အပေါ်မူတည်ပါတယ်”ဟု စစ်ဘက်အကြီးတန်းအရာရှိက ဆိုသည်။

မင်းသားအနဖြေင့် ဘုရင်နတ်ပြည်စံပြီး (၇) ရက်မှ (၁၅) ရက်အတွင်း သို့မဟုတ် နောက်ပိုင်းတွင် ထီးနန်းဆက်ခံသွားမည်ဟု ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောကြားခဲ့ပြီးနောက် မင်းသား ဗက်ဂျီရာလောင်ကွန်းက ဘုရင်ကြီး၏ ဈာပနကြောင့် လူထု၏ဝမ်းနည်းပူဆွေးမှု ကာလအတွင်း ထီးနန်းဆက်ခံခြင်းကို အဆောတလျင် ဆောင်ရွက်မည် မဟုတ်ကြောင်း အတည်ပြု ပြောကြားထားခြင်းဖြစ်သည်။

နန်းသက် (၇၀)ကျော်အုပ်ချုပ်ခဲ့သည့် ဘုရင်ဘူမိဘောနတ်ပြည်စံသွားသည့် နောက်ပိုင်း အိမ်ရှေ့မင်းသား ထီးနန်း အရိုက်အရာ မဆက်ခံမီကာလအတွင်း ဘုရင့်အကြံတော်ပေးအဖွဲ့ ခေါင်းဆောင် အသက် (၉၆)နှစ်အရွယ် ပရမ်တင်ဆူလာနွန်ဒါက ရင်ခွင်ပိုက်အုပ်ချုပ်နခြေင်း ဖြစ်သည်။

ထိုင်းနိုင်ငံတော်ဝင် မိသားစုနှင့် ပတ်သက်၍ ပြည်သူများအနဖြေင့် ဆွေးနွေးပြောဆိုခြင်းအား ဥပဒေအရ ပြင်းပြင်းထန်ထန် တားမြစ်ထားသည်။

ဘာသာပြန် - ဇာနှင်းထိုင်္က်
Ref; straitstimes, Reuters

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~