မယ္ဆိုင္မွ လုပ္အားခမရသည့္ ျမန္မာလုပ္သားမ်ား ၂၀၁၇ ေဖေဖၚဝါရီလတြင္ ျပန္ရမည္

မယ္ဆိုင္မွ လုပ္အားခမရသည့္ ျမန္မာလုပ္သားမ်ား ၂၀၁၇ ေဖေဖၚဝါရီလတြင္ ျပန္ရမည္
နိုဝင်ဘာ 26, 2016
By Tachileik News Agency

ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ ၀ိန္းဖန္းခမ္းရပ္ကြက္ရွိ  Like Condo Construction ေဆာက္လုပ္ေရးလုပ္ငန္းမွ လုပ္အားခမရသည့္ ျမန္မာလုပ္သား (၂၈)ဦး၏ လုပ္အားခမ်ားကို လာမည့္ႏွစ္ ေဖေဖၚဝါရီလအတြင္း ေပးအပ္သြားရန္ အလုပ္ရွင္က သေဘာတူလိုက္ေၾကာင္း သိရသည္။

"လာမဲ့ႏွစ္ ေဖေဖာ္၀ါရီလ(၂၅)ရက္ေန႔မွာ လုပ္အားခေတြကို အလုပ္ရွင္က ရွင္းေပးမယ္ဆိုတဲ့ ကတိကို မေန႔က အစည္းအေ၀းမွာ ေပးခဲ့ပါတယ္"ဟု CNCMC မွ ဦးထြန္း(မယ္ဆိုင္)က ေျပာသည္။

ေဆာက္လုပ္ေရးလုပ္ငန္းမွ ျမန္မာလုပ္သား (၂၈)ဦးအတြက္ လုပ္အားခတစ္လစာ ထုတ္ေပးရန္ ပ်က္ကြက္ခ့ဲသျဖင့္ ထိုင္း - ျမန္မာ နယ္ျခားေကာ္မတီ(TBC) ထိုင္းႏိုင္ငံမွ ဗိုလ္မွဴးႀကီး ထံုခ်ဳိင္းမီအနန္း ဦးစီးသည့္ အလုပ္သမားကူညီေစာင့္ေရွာက္ေရးအဖြဲ႔ ၊ တာ၀န္ရွိသူမ်ားႏွင့္ ျမန္မာႏိုင္ငံ တာခ်ီလိတ္မွ TBC ၊ တာခ်ီလိတ္အေျခစိုက္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏႈိင္းေရးေကာ္မတီ (CNCMC)တို႔  ႏို၀င္ဘာလ (၁၆)ရက္ေန႔ ႏွင့္ ႏိုဝင္ဘာလ (၂၅)ရက္မ်ားတြင္ ႏွစ္ႀကိမ္ေတြ႔ဆံု ညိႇႏိႈင္းေပးခဲ့ၾကျခင္းျဖစ္သည္။

Photo: CNCMC


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ဝိန်းဖန်းခမ်းရပ်ကွက်ရှိ Like Condo Construction ဆောက်လုပ်ရေးလုပ်ငန်းမှ လုပ်အားခမရသည့် မြန်မာလုပ်သား (၂၈)ဦး၏ လုပ်အားခများကို လာမည့်နှစ် ဖေဖော်ဝါရီလအတွင်း ပေးအပ်သွားရန် အလုပ်ရှင်က သဘောတူလိုက်ကြောင်း သိရသည်။

"လာမဲ့နှစ် ဖေဖော်ဝါရီလ(၂၅)ရက်နေ့မှာ လုပ်အားခတွေကို အလုပ်ရှင်က ရှင်းပေးမယ်ဆိုတဲ့ ကတိကို မနေ့က အစည်းအေဝးမှာ ပေးခဲ့ပါတယ်"ဟု CNCMC မှ ဦးထွန်း(မယ်ဆိုင်)က ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းမှ မြန်မာလုပ်သား (၂၈)ဦးအတွက် လုပ်အားခတစ်လစာ ထုတ်ပေးရန် ပျက်ကွက်ခဲ့သဖြင့် ထိုင်း - မြန်မာ နယ်ခြားကော်မတီ(TBC) ထိုင်းနိုင်ငံမှ ဗိုလ်မှူးကြီး ထုံချိုင်းမီအနန်း ဦးစီးသည့် အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့၊ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ တာချီလိတ်မှ TBC၊ တာချီလိတ်အခြေစိုက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက်မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC)တို့ နိုဝင်ဘာလ (၁၆)ရက်နေ့ နှင့် နိုဝင်ဘာလ (၂၅)ရက်များတွင် နှစ်ကြိမ်တွေ့ဆုံ ညှိနှိုင်းပေးခဲ့ကြခြင်းဖြစ်သည်။

Photo: CNCMC

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~