လမ္းျပဳျပင္ရာမွ ဒုတိယကမၻာစစ္လက္က်န္ ဗံုးတစ္လံုးေတြ႕ရိွ

လမ္းျပဳျပင္ရာမွ ဒုတိယကမၻာစစ္လက္က်န္ ဗံုးတစ္လံုးေတြ႕ရိွ
နိုဝင်ဘာ 27, 2016
By Tachileik News Agency

စစ္ကိုင္းတိုင္းေဒသႀကီး ဗန္းေမာက္ၿမိဳ႕နယ္ မံလူေက်းရြာအုပ္စု ပင္ခါးေက်းရြာ၏ အေရွ႕ေျမာက္တြင္ လမ္းျပဳျပင္ရာမွ ဒုတိယကမၻာစစ္လက္က်န္ ဗံုးေဟာင္းတစ္လံုးေတြ႕ရိွရေၾကာင္း တိုင္းေဒသႀကီးရဲတပ္ဖြဲ႕ရံုးမွ သိရသည္။

"ေတြ႕ရိွထားတဲ႔ ဗံုးေဟာင္းက ကမၻာစစ္တုန္းက ဗံုးႀကဲေလယာဥ္ကေန ပစ္ခ်ထားတဲ႔ ဗံုးျဖစ္ပံုရပါတယ္။ မကြဲေသးတာေပါ့။ ေက်းရြာ ေဒသခံေတြ အေၾကာင္းၾကားလာတဲ႔ အတြက္ သြားေရာက္သိမ္းဆည္းၿပီး ကသာမွာရိွတဲ႔ တပ္ရင္းကို လႊဲေျပာင္းေပးသြားမွာပါ"ဟု တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွ ရဲမွဴးေက်ာ္ေဇာက ေျပာသည္။

ပင္ပံု - မံစီႀကီးသြားလမ္းအားျပဳျပင္ရာမွ ႏိုဝင္ဘာလ ၂၅ ရက္တြင္ အလ်ား (၁၃ )လက္မႏွင့္ လံုးပတ္ (၁၂) လက္မခြဲ ရိွသည့္ ဗံုးေဟာင္းတစ္လံုးအား ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါဗံုးေတြ႕ရိွရေၾကာင္းကို လမ္းခင္းလုပ္သားမ်ားႏွင့္ ေဒသခံေက်းရြာမွ အေၾကာင္းၾကားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ရန္ႏိုင္စိုး

~~~~~~~~⊰❂ unicode ~~~~~~~~
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် မံလူကျေးရွာအုပ်စု ပင်ခါးကျေးရွာ၏ အရှေ့မြောက်တွင် လမ်းပြုပြင်ရာမှ ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးဟောင်းတစ်လုံးတွေ့ရှိရကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှ သိရသည်။

"တွေ့ရှိထားတဲ့ ဗုံးဟောင်းက ကမ္ဘာစစ်တုန်းက ဗုံးကြဲလေယာဉ်ကနေ ပစ်ချထားတဲ့ ဗုံးဖြစ်ပုံရပါတယ်။ မကွဲသေးတာပေါ့။ ကျေးရွာ ဒေသခံတွေ အကြောင်းကြားလာတဲ့ အတွက် သွားရောက်သိမ်းဆည်းပြီး ကသာမှာရှိတဲ့ တပ်ရင်းကို လွှဲပြောင်းပေးသွားမှာပါ"ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှူးကျော်ဇောက ပြောသည်။

ပင်ပုံ - မံစီကြီးသွားလမ်းအားပြုပြင်ရာမှ နိုဝင်ဘာလ ၂၅ ရက်တွင် အလျား (၁၃ )လက်မနှင့် လုံးပတ် (၁၂) လက်မခွဲ ရှိသည့် ဗုံးဟောင်းတစ်လုံးအား တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဗုံးတွေ့ရှိရကြောင်းကို လမ်းခင်းလုပ်သားများနှင့် ဒေသခံကျေးရွာမှ အကြောင်းကြားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ရန်နိုင်စိုး 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~