ေက်ာက္မဲၿမိဳ႕မွ ဘိန္းမုန္႔ဆိုင္ ႏွင့္ လက္နက္ကိုင္တစ္ဦးကိစၥ ေကာလာဟလ

ေက်ာက္မဲၿမိဳ႕မွ ဘိန္းမုန္႔ဆိုင္ ႏွင့္ လက္နက္ကိုင္တစ္ဦးကိစၥ ေကာလာဟလ
နိုဝင်ဘာ 24, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသ၊ ေက်ာက္မဲၿမိဳ႕ သစ္ေတာလမ္းအနီးမွ ဘိန္းမုန္႔ဆိုင္တြင္ လက္နက္ကိုင္တစ္ေယာက္ လမ္းစံုစမ္းေမးျမန္းေနေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္မွာ မဟုတ္မွန္ေၾကာင္း ဆိုင္ရွင္အမ်ိဳးသမီးက ေျပာသည္။

လူမႈကြန္ယက္စာမ်က္ႏွာတြင္ ႏိုဝင္ဘာလ (၂၃)ရက္က ေရးသားမႈတစ္ခုေၾကာင့္ ေက်ာက္မဲရွိ ရဲအရာရိွ၊ အုပ္ခ်ဳပ္ေရးမႈးႏွင့္ တာဝန္ရိွသူမ်ားက ႏိုဝင္ဘာလ (၂၄) ရက္ နံနက္ပိုင္းက ဘိန္းမုန္႔ဆုိင္ရွင္အား လာေရာက္ေမးျမန္းစံုစမ္းသြားေၾကာင္း သိရသည္။

“ခါတိုင္းေတာ့ ဒီနားက အစိုးရရံုးေတြကိုမသိလို႔ လာေမးတ့ဲသူေတြရွိတယ္။ မေန႔ကေတာ့ ဘယ္သူမွ ဘာမွ လာမေမးဘူး။ အဲဒီေကာလာဟလက မမွန္ပါဘူး။ အဲဒီသတင္းထြက္ေနတာ ေတာင္မသိဘူး။ ေတာ္ေသးတယ္ ဒီေန႔ဆိုင္ မပိတ္မိလို႔ ႏို႔မို႔ရင္ တကယ္ထင္ေနအံုးမယ္”ဟု ဘိန္းမုန္႔ဆိုင္ရွင္ မမိုးက Tachileik News Agencyသို႔ ေျပာသည္။

ပင္လံုလမ္းႏွင့္ သစ္ေတာလမ္းေထာင့္ရွိ မိုးလံုေလလံုအားကစားရံုအနီး ဘိန္းမုန္႔ဆိုင္တြင္  ႏိုဝင္ဘာလ (၂၃) ရက္က မုန္႔အေရာင္းပါးသည့္အတြက္ လာဝယ္သူမွန္သမ်ွကို မွတ္မိေနၿပီး ေမးျမန္းခဲ့သူလည္းမရိွေၾကာင္း သိရသည္။

မူဆယ္ႏွင့္ ကြတ္ခိုင္တို႔တြင္ ႏိုဝင္ဘာလ (၂၀) ရက္က လက္နက္ကိုင္အဖြဲ႔မ်ား ဝင္ေရာက္တိုက္ခိုက္မႈေၾကာင့္ နယ္ေျမလံုၿခံဳေရး တိုးျမႇင့္ေနရသည့္ကာလအတြင္း ယင္းကဲ့သို႔ ေကာလဟာလသတင္းမ်ား လူမႈကြန္ယက္စာမ်က္ႏွာတြင္ ထြက္လာျခင္းျဖစ္သည္။

သတင္း - ေနၿဖဳိးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ ကျောက်မဲမြို့ သစ်တောလမ်းအနီးမှ ဘိန်းမုန့်ဆိုင်တွင် လက်နက်ကိုင်တစ်ယောက် လမ်းစုံစမ်းမေးမြန်းနေကြောင်း သတင်းများထွက်ပေါ်နေသည်မှာ မဟုတ်မှန်ကြောင်း ဆိုင်ရှင်အမျိုးသမီးက ပြောသည်။

လူမှုကွန်ယက်စာမျက်နှာတွင် နိုဝင်ဘာလ (၂၃)ရက်က ရေးသားမှုတစ်ခုကြောင့် ကျောက်မဲရှိ ရဲအရာရှိ၊ အုပ်ချုပ်ရေးမှုးနှင့် တာဝန်ရှိသူများက နိုဝင်ဘာလ (၂၄) ရက် နံနက်ပိုင်းက ဘိန်းမုန့်ဆိုင်ရှင်အား လာရောက်မေးမြန်းစုံစမ်းသွားကြောင်း သိရသည်။

“ခါတိုင်းတော့ ဒီနားက အစိုးရရုံးတွေကိုမသိလို့ လာမေးတဲ့သူတွေရှိတယ်။ မနေ့ကတော့ ဘယ်သူမှ ဘာမှ လာမမေးဘူး။ အဲဒီကောလာဟလက မမှန်ပါဘူး။ အဲဒီသတင်းထွက်နေတာ တောင်မသိဘူး။ တော်သေးတယ် ဒီနေ့ဆိုင် မပိတ်မိလို့ နို့မို့ရင် တကယ်ထင်နေအုံးမယ်”ဟု ဘိန်းမုန့်ဆိုင်ရှင် မမိုးက Tachileik News Agencyသို့ ပြောသည်။

ပင်လုံလမ်းနှင့် သစ်တောလမ်းထောင့်ရှိ မိုးလုံလေလုံအားကစားရုံအနီး ဘိန်းမုန့်ဆိုင်တွင် နိုဝင်ဘာလ (၂၃) ရက်က မုန့်အရောင်းပါးသည့်အတွက် လာဝယ်သူမှန်သမျှကို မှတ်မိနပြေီး မေးမြန်းခဲ့သူလည်းမရှိကြောင်း သိရသည်။

မူဆယ်နှင့် ကွတ်ခိုင်တို့တွင် နိုဝင်ဘာလ (၂၀) ရက်က လက်နက်ကိုင်အဖွဲ့များ ဝင်ရောက်တိုက်ခိုက်မှုကြောင့် နယ်မြေလုံခြုံရေး တိုးမြှင့်နေရသည့်ကာလအတွင်း ယင်းကဲ့သို့ ကောလဟာလသတင်းများ လူမှုကွန်ယက်စာမျက်နှာတွင် ထွက်လာခြင်းဖြစ်သည်။

သတင်း - နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~