မံုရြာမွ မႏၱေလး ၈၄ မိုင္ခရီးအား ဝွီးခ်ဲျဖင့္သြားမည့္ မသန္စြမ္းအဖြဲ႕၏ စြမ္းရည္ျပ ခရီးစတင္

မံုရြာမွ မႏၱေလး ၈၄ မိုင္ခရီးအား ဝွီးခ်ဲျဖင့္သြားမည့္ မသန္စြမ္းအဖြဲ႕၏ စြမ္းရည္ျပ ခရီးစတင္
နိုဝင်ဘာ 28, 2016
By Tachileik News Agency

ဒီဇင္ဘာလ ၃ ရက္တြင္ က်ေရာက္မည့္ အျပည္ျပည္ဆိုင္ရာ မသန္စြမ္းသူမ်ားေန႔အား ႀကိဳဆိုဂုဏ္ျပဳသည့္ အထိမ္းမွတ္အျဖစ္ မံုရြာၿမိဳ႕နယ္ရိွ မသန္စြမ္းသူမ်ားက စြမ္းရည္ျပသသည့္ အေနျဖင့္ ႏိုဝင္ဘာလ ၂၈ ရက္ေန႔ နံနက္ ၆ နာရီအခ်ိန္မွ စတင္ကာ ဝွီးခ်ဲဘီးတပ္ယာဥ္အား အသံုးျပဳ၍ မံုရြာျမိဳ႕မွ မႏၲေလးျမိဳ႕ (၈၄)မိုင္ခရီးကို စတင္လိုက္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ မသန္စြမ္းသူေတြအေနနဲ႔ မိမိလို ဘဝတူေတြကို စိတ္ဓါတ္အားျဖည့္ေပးခ်င္တဲ႔ ရည္ရြယ္ခ်က္လည္း ပါတယ္။ ေနာက္ျပီး လူေကာင္းေတြနဲ႔ အလားတူ စြမ္းေဆာင္ႏိုင္တယ္ဆိုတာ ျပသခ်င္လည္းတာပါ ပါတယ္။ ဒါေၾကာင့္ အခုလို စြမ္းရည္ျပတဲ႔အစီစဥ္မွာ ပါဝင္ရျခင္းျဖစ္ပါတယ္" ဟု ဝွီးခ်ဲအဖြဲ႕တြင္ ပါဝင္သူ ကိုသန္႔ေအာင္က ေျပာသည္။

မသန္စြမ္း (၂၆) ဦး ပါဝင္သည့္အဖြဲ႕သည္ ခရီးစဥ္ကို မံုရြာၿမိဳ႕ ဗိုလ္ခ်ဳပ္ေၾကးရုပ္အနီး ၿမိဳ႕ေတာ္ခန္းမေရွ႕မွ ခရီးစဥ္တေလ်ွာက္တြင္ သက္ဆိုင္ရာ လူမႈအဖြဲ႕စည္းမ်ား၊ ၾကက္ေျခနီမ်ားမွ လိုက္လံေစာင့္ေရွာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ခရီးစဥ္အတြင္း ေခ်ာင္းဦးၿမိဳ႕ ၊ ျမင္းမူၿမိဳ႕ႏွင့္ စစ္ကိုင္းၿမိဳ႕မ်ားတြင္ ညအိပ္ရပ္နားသြားမည္ျဖစ္ေၾကာင္း သိရသည္။

 "ကြ်န္ေတာ္တို႔မွာ အေရးေပၚေဆးဝါးေတြ ပါတယ္။ ေနာက္ျပီး ခရီးစဥ္လမ္းေၾကာင္းတေလွ်ာက္ ေနာက္ကေန ကားနဲ႔ဝန္းရံျပီး ေစာင့္ေရွာက္သြားမွာပါ " ဟု အဆိုပါ ခရီးစဥ္အား လိုက္ပါကူညီေဆာင္ရြက္ေနသူ ဦးမင္းမင္းစိုးက ေျပာသည္။

စြမ္းရည္ျပသၾကသည့္ မသန္စြမ္း ဝွီးခ်ဲအဖြဲ႕မွာ (၈၄)မိုင္ကြာေဝးေသာ မံုရြာ - မႏၲေလး ခရီးစဥ္အား (၅)ရက္ၾကာ စီးနင္းသြားမည္ျဖစ္ေၾကာင္းသိရျပီး ဒီဇင္ဘာလ(၃)ရက္ေန႔ မႏၲေလးျမိဳ႕တြင္ က်င္းပမည့္ အျပည္ျပည္ဆိုင္ရာမသန္စြမ္းသူမ်ားေန႔ အခမ္းနားသို႔ တက္ေရာက္ရန္ စီစဥ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ရန္ႏိုင္စိုး


~~~~~~~~⊰❂ unicode ~~~~~~~~

ဒီဇင်ဘာလ ၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အား ကြိုဆိုဂုဏ်ပြုသည့် အထိမ်းမှတ်အဖြစ် မုံရွာမြို့နယ်ရှိ မသန်စွမ်းသူများက စွမ်းရည်ပြသသည့် အနဖြေင့် နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၆ နာရီအချိန်မှ စတင်ကာ ဝှီးချဲဘီးတပ်ယာဉ်အား အသုံးပြု၍ မုံရွာမြို့မှ မန္တလေးမြို့ (၈၄)မိုင်ခရီးကို စတင်လိုက်ကြောင်း သိရသည်။

"ကျွန်တော်တို့ မသန်စွမ်းသူတွေအနေနဲ့ မိမိလို ဘဝတူတွေကို စိတ်ဓာတ်အားဖြည့်ပေးချင်တဲ့ ရည်ရွယ်ချက်လည်း ပါတယ်။ နောက်ပြီး လူကောင်းတွေနဲ့ အလားတူ စွမ်းဆောင်နိုင်တယ်ဆိုတာ ပြသချင်လည်းတာပါ ပါတယ်။ ဒါကြောင့် အခုလို စွမ်းရည်ပြတဲ့အစီစဉ်မှာ ပါဝင်ရခြင်းဖြစ်ပါတယ်" ဟု ဝှီးချဲအဖွဲ့တွင် ပါဝင်သူ ကိုသန့်အောင်က ပြောသည်။

မသန်စွမ်း (၂၆) ဦး ပါဝင်သည့်အဖွဲ့သည် ခရီးစဉ်ကို မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်အနီး မြို့တော်ခန်းမရှေ့မှ ခရီးစဉ်တလျှောက်တွင် သက်ဆိုင်ရာ လူမှုအဖွဲ့စည်းများ၊ ကြက်ခြေနီများမှ လိုက်လံစောင့်ရှောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရီးစဉ်အတွင်း ချောင်းဦးမြို့၊ မြင်းမူမြို့နှင့် စစ်ကိုင်းမြို့များတွင် ညအိပ်ရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။

 "ကျွန်တော်တို့မှာ အရေးပေါ်ဆေးဝါးတွေ ပါတယ်။ နောက်ပြီး ခရီးစဉ်လမ်းကြောင်းတလျှောက် နောက်ကနေ ကားနဲ့ဝန်းရံပြီး စောင့်ရှောက်သွားမှာပါ " ဟု အဆိုပါ ခရီးစဉ်အား လိုက်ပါကူညီဆောင်ရွက်နေသူ ဦးမင်းမင်းစိုးက ပြောသည်။

စွမ်းရည်ပြသကြသည့် မသန်စွမ်း ဝှီးချဲအဖွဲ့မှာ (၈၄)မိုင်ကွာဝေးသော မုံရွာ - မန္တလေး ခရီးစဉ်အား (၅)ရက်ကြာ စီးနင်းသွားမည်ဖြစ်ကြောင်းသိရပြီး ဒီဇင်ဘာလ(၃)ရက်နေ့ မန္တလေးမြို့တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အခမ်းနားသို့ တက်ရောက်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ရန်နိုင်စိုး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~