လူေပါင္း ၂.၄ ဘီလီယံ အိမ္သာမရိွဘဲ ေနထုိင္ရဆဲဟု ကမၻာ့အိမ္သာမ်ားေန႔တြင္ ထုတ္ေဖၚ

လူေပါင္း ၂.၄ ဘီလီယံ အိမ္သာမရိွဘဲ ေနထုိင္ရဆဲဟု ကမၻာ့အိမ္သာမ်ားေန႔တြင္ ထုတ္ေဖၚ
နိုဝင်ဘာ 19, 2016
By Tachileik News Agency

ကမၻာတဝန္းက လူေပါင္း (၂.၄)ဘီလီယံဟာ အိမ္သာမရိွတဲ့ ဝန္းက်င္မွာ ေနထုိင္ရဆဲျဖစ္ၿပီး မိလႅာစနစ္ မေကာင္းတာေၾကာင့္ ေရာဂါဘယေတြ ကူးစက္တာ၊ ေရမသန္႔တာေတြနဲ႔ ႀကံဳေနရတယ္လို႔ ကုလသမဂၢ အေထြေထြအတြင္းေရးမွဴး ဘန္ကီမြန္းက ယခုႏွစ္ရဲ႕ ကမၻာ့အိမ္သာေန႔အတြက္ ထုတ္ျပန္ရာမွာ ေျပာၾကားလုိက္ပါတယ္။

“ေရနဲ႔မိလႅာသန္႔ရွင္းေရးမွာ တစ္ေဒၚလာရင္းႏွီးျမဳပ္ႏွံလုိက္ရင္ စီးပြားေရးမွာ ေလးေဒၚလာ ျပန္ရလာမယ္” လို႔ ကုလသမဂၢအေထြေထြအတြင္းေရးမွဴး ဘန္ကီမြန္းက ယခုႏွစ္ရဲ႕ ကမၻာ့အိမ္သာေန႔အတြက္ ထုတ္ျပန္ရာမွာ ေျပာၾကားလုိက္ပါတယ္။

ဒီႏွစ္ရဲ႕ကမၻာ့အိမ္သာမ်ားေန႔မွာေတာ့ မိလႅာစနစ္ဆိုးေၾကာင့္ စီးပြားေရး အေပၚထိခိုက္မႈကို အေလးထားေျပာၾကားသြားပါတယ္။

ကမၻာတလႊား မိလႅာစနစ္ေကာင္းမြန္ေရး သတိထားမိေစရန္ ေဆာင္ရြက္တဲ့ ကမၻာ့အိမ္သာေန႔အတြက္ ႏိုဝင္ဘာလ (၁၈) ရက္ ေသာၾကာေန႔မွာ ကုလသမဂၢဌာနက ထုတ္ျပန္ရာမွာ ဒီကိစၥဟာ တခါတေလမွာ လ်စ္လ်ဴရႈခံေနရတဲ့ ေခါင္းစဥ္ျဖစ္ေနတယ္လို႔လည္း ထည့္သြင္းေျပာၾကားထားပါတယ္။

မိလႅာစနစ္မေကာင္းတဲ့ ဝန္းက်င္ရိွတဲ့ ႏုိင္ငံေတြမွာ ေရာဂါဘယျဖစ္ပြားတာေၾကာင့္ ကုန္ထုတ္စြမ္းအင္ကို ထိခိုက္တာေၾကာင့္ ျပည္တြင္းအသားတင္ထုတ္ကုန္အေပၚ ငါးရာခိုင္ႏႈန္းအထိ ထိခိုက္မႈရိွတယ္လို႔ ကမၻာ့ကုလသမဂၢက ခန္႔မွန္းထားပါတယ္။

အလုပ္ခြင္ေတြမွာ ေသဆံုးမႈရဲ႕ ၁၇ ရာခိုင္ႏႈန္းဟာ မိလႅာစနစ္က ကူးစက္ေရာဂါေၾကာင့္ျဖစ္တယ္လို႔ ဆိုပါတယ္။

ႏိုဝင္ဘာလ (၁၉) ရက္ေန႔ကို ကမၻာ့အိမ္သာမ်ားေန႔အျဖစ္ ၂၀၁၃ ခုႏွစ္ကတည္းက ကုလသမဂၢ အေထြေထြညီလာခံကေန တရားဝင္သတ္မွတ္ခဲ့တာ ျဖစ္ပါတယ္။

ဘာသာျပန္ - ဇာႏွင္းထိုက္
Ref; xinhuanet , dailymail

~~~~~~~~⊰❂ unicode ~~~~~~~~
ကမ္ဘာတဝန်းက လူပေါင်း (၂.၄)ဘီလီယံဟာ အိမ်သာမရှိတဲ့ ဝန်းကျင်မှာ နေထိုင်ရဆဲဖြစ်ပြီး မိလ္လာစနစ် မကောင်းတာကြောင့် ရောဂါဘယတွေ ကူးစက်တာ၊ ရေမသန့်တာတွေနဲ့ ကြုံနေရတယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက ယခုနှစ်ရဲ့ ကမ္ဘာ့အိမ်သာနေ့အတွက် ထုတ်ပြန်ရာမှာ ပြောကြားလိုက်ပါတယ်။

“ရေနဲ့မိလ္လာသန့်ရှင်းရေးမှာ တစ်ဒေါ်လာရင်းနှီးမြုပ်နှံလိုက်ရင် စီးပွားရေးမှာ လေးဒေါ်လာ ပြန်ရလာမယ်” လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက ယခုနှစ်ရဲ့ ကမ္ဘာ့အိမ်သာနေ့အတွက် ထုတ်ပြန်ရာမှာ ပြောကြားလိုက်ပါတယ်။

ဒီနှစ်ရဲ့ကမ္ဘာ့အိမ်သာများနေ့မှာတော့ မိလ္လာစနစ်ဆိုးကြောင့် စီးပွားရေး အပေါ်ထိခိုက်မှုကို အလေးထားပြောကြားသွားပါတယ်။

ကမ္ဘာတလွှား မိလ္လာစနစ်ကောင်းမွန်ရေး သတိထားမိစေရန် ဆောင်ရွက်တဲ့ ကမ္ဘာ့အိမ်သာနေ့အတွက် နိုဝင်ဘာလ (၁၈) ရက် သောကြာနေ့မှာ ကုလသမဂ္ဂဌာနက ထုတ်ပြန်ရာမှာ ဒီကိစ္စဟာ တခါတလေမှာ လျစ်လျူရှုခံနေရတဲ့ ခေါင်းစဉ်ဖြစ်နေတယ်လို့လည်း ထည့်သွင်းပြောကြားထားပါတယ်။

မိလ္လာစနစ်မကောင်းတဲ့ ဝန်းကျင်ရှိတဲ့ နိုင်ငံတွေမှာ ရောဂါဘယဖြစ်ပွားတာကြောင့် ကုန်ထုတ်စွမ်းအင်ကို ထိခိုက်တာကြောင့် ပြည်တွင်းအသားတင်ထုတ်ကုန်အပေါ် ငါးရာခိုင်နှုန်းအထိ ထိခိုက်မှုရှိတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

အလုပ်ခွင်တွေမှာ သေဆုံးမှုရဲ့ ၁၇ ရာခိုင်နှုန်းဟာ မိလ္လာစနစ်က ကူးစက်ရောဂါကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ (၁၉) ရက်နေ့ကို ကမ္ဘာ့အိမ်သာများနေ့အဖြစ် ၂၀၁၃ ခုနှစ်ကတည်းက ကုလသမဂ္ဂ အထွေထွေညီလာခံကနေ တရားဝင်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဘာသာပြန် - ဇာနှင်းထိုက်
Ref; xinhuanet , dailymail 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~