မိုင္းတံုၿမိဳ႕နယ္အတြင္း UWSA က ညပိုင္း ကင္းလွည့္ျခင္းမ်ား ေဆာင္ရြက္လာ

မိုင္းတံုၿမိဳ႕နယ္အတြင္း UWSA က ညပိုင္း ကင္းလွည့္ျခင္းမ်ား ေဆာင္ရြက္လာ
နိုဝင်ဘာ 4, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ မိုင္းဆတ္ခရိုင္၊ မိုင္းတံုၿမိဳ႕နယ္အတြင္း "ဝ"တပ္ဖြ႔ဲ (UWSA)မ်ားက ညပိုင္း ကင္းလွည့္ျခင္းမ်ားကို ေဆာင္ရြက္ေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

"တစ္ဖြဲ႕ကို (၈)ေယာက္ေလာက္ ငွက္ေပ်ာဖူးေလာင္ခ်ာႏွစ္လက္နဲ႔ တျခားေသနတ္ေတြ ကုိင္ထားတယ္။ စကားေျပာစက္ပါတယ္။ ရြာန႔ဲနီးတ့ဲ ေတာင္ကုန္းေတြမွာ အေျမာက္ေတြရိွတယ္လို႔လည္း သိရတယ္"ဟု ေဒသခံတစ္ဦးက ဆိုသည္။

UWSA တပ္ဖြ႔ဲဝင္မ်ားကို တပ္ရင္း/တပ္ဖြ႔ဲႏွင့္ ကုိက္(၃၀၀)ခန္႔ ေတာင္ေပၚလမ္းေၾကာင္းမ်ားႏွင့္ ေက်းရြာ ျဖတ္လမ္းမ်ားတြင္ ယခုရက္ပိုင္းအတြင္း ေတြ႔ေနရေၾကာင္း ေဒသခံမ်ားက ဆိုသည္။

“ႏိုဝင္ဘာလ (၁)ရက္ေန႔က လြယ္ေနာက္ေတာင္ေျခ သစ္ထုတ္လမ္းေၾကာင္းမွာ ဝ စစ္သား(၂၀)ေလာက္ေတြ႔ခ့ဲတယ္။ ကြၽန္မတို႔ကုိ ဘာမွေတာ့ မေမးဘူး။ ကြၽန္မတို႔လည္း ထင္းေျခာက္သြားတင္တာ။ သူတို႔လည္း ဘာမွမေမးေတာ့ ကုိယ့္လမ္း ကုိယ္ျပန္လာခ့ဲၾကတာ"ဟု ေဒသခံ အမ်ိဳးသမီးတစ္ဦးက ေျပာသည္။

မိုင္းတံုၿမိဳ႕နယ္အတြင္း UWSA စစ္ေဒသ(၁၇၁)ႏွင့္ မံုးထေဒသ က်ဴဆန္ကတ္တြင္ တပ္မဟာ(၇၇၈)တို႔ ေျချပဳတပ္ျဖန္႔ထားေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်း "ဝ"တပ်ဖွဲ့ (UWSA)များက ညပိုင်း ကင်းလှည့်ခြင်းများကို ဆောင်ရွက်နေကြောင်း ဒေသခံများထံမှ သိရသည်။

"တစ်ဖွဲ့ကို (၈)ယောက်လောက် ငှက်ပျောဖူးလောင်ချာနှစ်လက်နဲ့ တခြားသေနတ်တွေ ကိုင်ထားတယ်။ စကားပြောစက်ပါတယ်။ ရွာနဲ့နီးတဲ့ တောင်ကုန်းတွေမှာ အမြောက်တွေရှိတယ်လို့လည်း သိရတယ်"ဟု ဒေသခံတစ်ဦးက ဆိုသည်။

UWSA တပ်ဖွဲ့ဝင်များကို တပ်ရင်း/တပ်ဖွဲ့နှင့် ကိုက်(၃၀၀)ခန့် တောင်ပေါ်လမ်းကြောင်းများနှင့် ကျေးရွာ ဖြတ်လမ်းများတွင် ယခုရက်ပိုင်းအတွင်း တွေ့နေရကြောင်း ဒေသခံများက ဆိုသည်။

“နိုဝင်ဘာလ (၁)ရက်နေ့က လွယ်နောက်တောင်ခြေ သစ်ထုတ်လမ်းကြောင်းမှာ ဝ စစ်သား(၂၀)လောက်တွေ့ခဲ့တယ်။ ကျွန်မတို့ကို ဘာမှတော့ မမေးဘူး။ ကျွန်မတို့လည်း ထင်းခြောက်သွားတင်တာ။ သူတို့လည်း ဘာမှမမေးတော့ ကိုယ့်လမ်း ကိုယ်ပြန်လာခဲ့ကြတာ"ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

မိုင်းတုံမြို့နယ်အတွင်း UWSA စစ်ဒေသ(၁၇၁)နှင့် မုံးထဒေသ ကျူဆန်ကတ်တွင် တပ်မဟာ(၇၇၈)တို့ ခြပြေုတပ်ဖြန့်ထားကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~