ထိုင္းဘုရင္ ဗက္ဂ်ီယာေလာင္ကြန္း ထီးနန္းဆက္ခံၿပီ

ထိုင္းဘုရင္ ဗက္ဂ်ီယာေလာင္ကြန္း ထီးနန္းဆက္ခံၿပီ
နိုဝင်ဘာ 29, 2016
By Tachileik News Agency
Crown Prince Vajiralongkorn၊ Photo: khaosodenglish.com

ထိုင္းႏိုင္ငံရဲ႕အိမ္ေရွ႕မင္းသား ဗက္ဂ်ီရာေလာင္ကြန္းဟာ  ထိုင္းဘုရင္ ဘူမိေဘာ နတ္ျပည္စံၿပီး ရက္သတၱပတ္ ခုႏွစ္ပတ္အၾကာ ႏိုဝင္ဘာလ (၂၉) ရက္ေန႔မွာ ထိုင္းဘုရင္အျဖစ္ ထီးနန္းဆက္ခံ လုိက္ၿပီ ျဖစ္ေၾကာင္း ထိုင္းသတင္းမီဒီယာမ်ားက ေဖာ္ျပထားပါတယ္။

အသက္ (၆၄)ႏွစ္ရိွၿပီျဖစ္တဲ့ ဘုရင္ဗက္ဂ်ီရာေလာင္ကြန္းဟာ အိမ္ေရွ႕စံအျဖစ္ ၁၉၇၂ ခုႏွစ္ကတည္းက လ်ာထားခံရတာျဖစ္ပါတယ္။

ဖြဲ႕စည္းပံုအေျခခံဥပေဒႏွင့္အညီ ထီးနန္းဆက္ခံျခင္းအား နံနက္ ၁၁ နာရီ မိနစ္ ၂၀ မွာ ႏိုင္ငံေတာ္ဥပေဒျပဳေရးညီလာခံကေန ေၾကညာလိုက္တာျဖစ္ပါတယ္။
ထိုင္းႏုိင္ငံသားေတြကေတာ့ သူတို႔ဘုရင္သစ္ကို (၁၀)ဦးေျမာက္ ခ်က္ကရီမင္းဆက္၏ ရာမ (၁၀)အျဖစ္ ရည္ညႊန္းၾကပါတယ္။

ဘုရင္ဗက္ဂ်ီရာေလာင္ကြန္းက ဘုရင္ဘူမိေဘာ နတ္ျပည္စံသည့္ ေအာက္တိုဘာ ၁၃ တြင္ ထီးနန္းဆက္ခံျခင္းကို ခ်က္ခ်င္းလႊဲေျပာင္းမယူတာေၾကာင့္ ႏုိင္ငံသူႏုိင္ငံသားေတြ တအံ့တၾသ ျဖစ္ေစခဲ့ရပါတယ္။

ဘုရင္ဗက္ဂ်ီရာေလာင္ကြန္းက တုိင္းျပည္အေနနဲ႔ သူတို႔ခ်စ္တဲ့ဘုရင္အတြက္ ဝမ္းနည္းပူေဆြးေနၾကခ်ိန္မွာ ထီးနန္းကို လႊဲေျပာင္းရယူမွာ မဟုတ္ဘူးလို႔ ေျပာခဲ့တာပါ။

အမ်ိဳးသားေန႔၊ အေဖေန႔နဲ႔ ဘုရင္ဘူမိေဘာေမြးေန႔လည္းျဖစ္တဲ့ ဒီဇင္ဘာလ ၅ ရက္မွာ ဘုရင္သစ္ ထီးနန္းဆက္ခံျခင္း အခမ္းအနားကို က်င္းပမွာျဖစ္ပါတယ္။

ဘာသာျပန္ - ဇာႏွင္းထိုက္
Ref;  khaosodenglish

~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံရဲ့အိမ်ရှေ့မင်းသား ဗက်ဂျီရာလောင်ကွန်းဟာ ထိုင်းဘုရင် ဘူမိဘော နတ်ပြည်စံပြီး ရက်သတ္တပတ် ခုနှစ်ပတ်အကြာ နိုဝင်ဘာလ (၂၉) ရက်နေ့မှာ ထိုင်းဘုရင်အဖြစ် ထီးနန်းဆက်ခံ လိုက်ပြီ ဖြစ်ကြောင်း ထိုင်းသတင်းမီဒီယာများက ဖော်ပြထားပါတယ်။

အသက် (၆၄)နှစ်ရှိပြီဖြစ်တဲ့ ဘုရင်ဗက်ဂျီရာလောင်ကွန်းဟာ အိမ်ရှေ့စံအဖြစ် ၁၉၇၂ ခုနှစ်ကတည်းက လျာထားခံရတာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထီးနန်းဆက်ခံခြင်းအား နံနက် ၁၁ နာရီ မိနစ် ၂၀ မှာ နိုင်ငံတော်ဥပဒပြေုရေးညီလာခံကနေ ကြေညာလိုက်တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံသားတွေကတော့ သူတို့ဘုရင်သစ်ကို (၁၀)ဦးမြောက် ချက်ကရီမင်းဆက်၏ ရာမ (၁၀)အဖြစ် ရည်ညွှန်းကြပါတယ်။

ဘုရင်ဗက်ဂျီရာလောင်ကွန်းက ဘုရင်ဘူမိဘော နတ်ပြည်စံသည့် အောက်တိုဘာ ၁၃ တွင် ထီးနန်းဆက်ခံခြင်းကို ချက်ချင်းလွှဲပြောင်းမယူတာကြောင့် နိုင်ငံသူနိုင်ငံသားတွေ တအံ့တသြ ဖြစ်စေခဲ့ရပါတယ်။

ဘုရင်ဗက်ဂျီရာလောင်ကွန်းက တိုင်းပြည်အနေနဲ့ သူတို့ချစ်တဲ့ဘုရင်အတွက် ဝမ်းနည်းပူဆွေးနကြေချိန်မှာ ထီးနန်းကို လွှဲပြောင်းရယူမှာ မဟုတ်ဘူးလို့ ပြောခဲ့တာပါ။

အမျိုးသားနေ့၊ အဖေနေ့နဲ့ ဘုရင်ဘူမိဘောမွေးနေ့လည်းဖြစ်တဲ့ ဒီဇင်ဘာလ ၅ ရက်မှာ ဘုရင်သစ် ထီးနန်းဆက်ခံခြင်း အခမ်းအနားကို ကျင်းပမှာဖြစ်ပါတယ်။

ဘာသာပြန် - ဇာနှင်းထိုက်
Ref; khaosodenglish

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~