တာခ်ီလိတ္ၿမိဳ႕ ၀မ္ပံုျဖတ္လမ္း(ဦးထြန္းေအာင္)ဂိတ္ ျဖတ္သန္းခေလွ်ာ့ခ်ေရး ေတာင္းဆိုထားမႈအား ေျဖရွင္းေပးရန္ ေစာင့္ဆိုင္းေန

တာခ်ီလိတ္ၿမိဳ႕ ၀မ္ပံုျဖတ္လမ္း(ဦးထြန္းေအာင္)ဂိတ္ ျဖတ္သန္းခေလွ်ာ့ခ်ေရး ေတာင္းဆိုထားမႈအား ေျဖရွင္းေပးရန္ ေစာင့္ဆိုင္းေန
နိုဝင်ဘာ 5, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ အေရွ႕ပိုင္း တာခ်ီလိတ္ - မိုင္းဖုန္းအုပ္စုသြားလမ္းေပၚတြင္ ယာဥ္ျဖတ္သန္းခ ေကာက္ခံေနသည့္ စက္မႈဇုန္ ၀မ္ပံုျဖတ္လမ္း (ဦးထြန္းေအာင္)ဂိတ္သည္ ေကာက္ခံမႈႏႈန္းမ်ားေန၍ ေလ်ာ့ခ်ေပးရန္ ေဒသခံျပည္သူ (၅၀၀)၀န္းက်င္က ႏို၀င္ဘာလ (၄)ရက္ေန႔ နံနက္ပိုင္းတြင္ ဆႏၵထုတ္ေဖာ္ခဲ့ၾကၿပီး ၎တို႔၏ ေတာင္းဆိုမႈကို မလုပ္ေပးပါက ထပ္မံ ဆႏၵျပသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ေတာင္းဆိုတာ  အခ်က္ (၆)ခ်က္ပဲ။ ဒါကိုသူတို႔ ဘယ္လိုလုပ္ေပးမလဲ၊ ဘယ္လိုေဆာင္ရြက္မလဲကို ေစာင့္ၾကည့္ၿပီး ေတာင္းဆိုထားတဲ့ အတိုင္း မလုပ္ေပးဘူးဆိုရင္ေတာ့ ထပ္ၿပီး ဆႏၵျပ ေတာင္းဆိုသြားမွာပါ"ဟု ဆႏၵေဖာ္ထုတ္ရာတြင္ ပါ၀င္သည့္ ဦးစိုင္းက်န္ရွန္က  ေျပာသည္။

ဆႏၵထုတ္ေဖာ္သူမ်ားက "ေက်ာင္းသား/ေက်ာင္းသူယာဥ္မ်ားအား လမ္းျဖတ္သန္းခ မေကာက္ခံေရး"၊ "ေက်ာင္းႀကိဳ/ေက်ာင္းပို႔ ယာဥ္မ်ားအား လမ္းျဖတ္သန္းခ မေကာက္ခံေရး"၊ "လယ္ယာအသြား/အျပန္ ေတာင္သူမ်ားအား လမ္းျဖတ္သန္းခ မေကာက္ခံေရး"၊ "ဆိုင္ကယ္(၁)စီး (၅)ဘတ္ႏႈန္းသာ ေကာက္ခံေရး"၊ "ယာဥ္ငယ္(၁)စီး (၂၀)ဘတ္ႏႈန္းသာ ေကာက္ခံေရး" ႏွင့္ "ယာဥ္ႀကီး(၁)စီး (၄၀)ဘတ္ႏႈန္းသာ ေကာက္ခံေရး" စသည့္ အခ်က္(၆)ခ်က္ကို ေၾကြးေၾကာ္ကာ ေတာင္းဆိုခဲ့ၾကျခင္း ျဖစ္သည္။

"ကၽြန္ေတာ့္ အေနနဲ႔ ခ်က္ခ်င္း ဆုံးျဖတ္ေပးလို႔ မရပါဘူး။ အခု ေတာင္းဆိုထားတဲ့ အခ်က္ေတြကို သူေဌး(ဦးထြန္းေအာင္)ကို တင္ျပသြားၿပီး ေနာက္တစ္ပတ္မွာ ျပန္ၾကားေပးသြားမွာပါ။"ဟု စက္မႈဇုန္ ၀မ္ပံုျဖတ္လမ္း (ဦးထြန္းေအာင္)ဂိတ္မွ မန္ေနဂ်ာ ဦးခ်စ္ထြန္းက ေျပာသည္။

ျပည္သူမ်ားက အဆိုပါဂိတ္မွ ျဖတ္သန္းခေကာက္ခံေနသည့္အေပၚ ေျဖေလ်ာ့ေပးရန္အတြက္ ေတာင္းဆိုသည့္ အခ်က္(၆)ခ်က္ကို ဂိတ္ပိုင္ရွင္ ဦးထြန္းေအာင္အား ဂိတ္မန္ေနဂ်ာမွ တဆင့္ တင္ျပကာ ေဆြးေႏြးၿပီး ႏို၀င္ဘာလ (၁၀)ရက္ေန႔မွာ ျပန္ၾကားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စက္မႈဇုန္ ၀မ္ပံုျဖတ္လမ္း (ဦးထြန္းေအာင္)ဂိတ္မွာ ႏိုင္ငံေတာ္သမၼတေဟာင္း ဦးသိန္းစိန္ ႀတိဂံေဒသတိုင္း စစ္ဌာနခ်ဳပ္၊ တိုင္းမွဴးအျဖစ္ တာ၀န္ထမ္းေဆာင္စဥ္ ေဒသဖြံ႕ၿဖိဳးေရး စီမံခ်က္ျဖင့္ လုပ္ပိုင္ခြင့္ ႏွစ္ (၂၀) ေပးခဲ့ျခင္း ျဖစ္ရာ ဂိတ္ေၾကးေကာက္ခံပိုင္ခြင့္မွာ ၂၀၁၉ ခုႏွစ္ မတ္လ(၁)ရက္ေန႔အထိ ျဖစ္ေၾကာင္း သိရသည္။

လက္ရိွ ဂိတ္ျဖတ္သန္းမႈ ေကာက္ခံသည့္ႏႈန္းထားမွာ ေမာ္ေတာ္ဆိုင္ကယ္အား (၁၀)ဘတ္၊ ကားငယ္ (၅၀)ဘတ္၊ ေထာ္လာဂ်ီ(ကုန္လြတ္) (၃၀)ဘတ္၊ ေထာ္လာဂ်ီ(ကုန္ပါ) (၅၀)ဘတ္၊ ကုန္တင္ကား (အလြတ္) (၅၀)ဘတ္ ႏွင့္ ကုန္တင္ကား (ကုန္ပါ) (၁၀၀)ဘတ္ႏႈန္းျဖင့္ ေကာက္ခံျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် - မိုင်းဖုန်းအုပ်စုသွားလမ်းပေါ်တွင် ယာဉ်ဖြတ်သန်းခ ကောက်ခံနေသည့် စက်မှုဇုန် ဝမ်ပုံဖြတ်လမ်း (ဦးထွန်းအောင်)ဂိတ်သည် ကောက်ခံမှုနှုန်းများနေ၍ လျော့ချပေးရန် ဒေသခံပြည်သူ (၅၀၀)ဝန်းကျင်က နိုဝင်ဘာလ (၄)ရက်နေ့ နံနက်ပိုင်းတွင် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး၎င်းတို့၏ တောင်းဆိုမှုကို မလုပ်ပေးပါက ထပ်မံ ဆန္ဒပြသွားမည်ဖြစ်ကြောင်း သိရသည်။

"တောင်းဆိုတာ အချက် (၆)ချက်ပဲ။ ဒါကိုသူတို့ ဘယ်လိုလုပ်ပေးမလဲ၊ ဘယ်လိုဆောင်ရွက်မလဲကို စောင့်ကြည့်ပြီး တောင်းဆိုထားတဲ့ အတိုင်း မလုပ်ပေးဘူးဆိုရင်တော့ ထပ်ပြီး ဆန္ဒပြ တောင်းဆိုသွားမှာပါ"ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သည့် ဦးစိုင်းကျန်ရှန်က ပြောသည်။

ဆန္ဒထုတ်ဖော်သူများက "ကျောင်းသား/ကျောင်းသူယာဉ်များအား လမ်းဖြတ်သန်းခ မကောက်ခံရေး"၊ "ကျောင်းကြို/ကျောင်းပို့ ယာဉ်များအား လမ်းဖြတ်သန်းခ မကောက်ခံရေး"၊ "လယ်ယာအသွား/အပြန် တောင်သူများအား လမ်းဖြတ်သန်းခ မကောက်ခံရေး"၊ "ဆိုင်ကယ်(၁)စီး (၅)ဘတ်နှုန်းသာ ကောက်ခံရေး"၊ "ယာဉ်ငယ်(၁)စီး (၂၀)ဘတ်နှုန်းသာ ကောက်ခံရေး" နှင့် "ယာဉ်ကြီး(၁)စီး (၄၀)ဘတ်နှုန်းသာ ကောက်ခံရေး" စသည့် အချက်(၆)ချက်ကို ကြွေးကြော်ကာ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

"ကျွန်တော့် အနေနဲ့ ချက်ချင်း ဆုံးဖြတ်ပေးလို့ မရပါဘူး။ အခု တောင်းဆိုထားတဲ့ အချက်တွေကို သူဌေး(ဦးထွန်းအောင်)ကို တင်ပြသွားပြီး နောက်တစ်ပတ်မှာ ပြန်ကြားပေးသွားမှာပါ။"ဟု စက်မှုဇုန် ဝမ်ပုံဖြတ်လမ်း (ဦးထွန်းအောင်)ဂိတ်မှ မန်နေဂျာ ဦးချစ်ထွန်းက ပြောသည်။

ပြည်သူများက အဆိုပါဂိတ်မှ ဖြတ်သန်းခကောက်ခံနေသည့်အပေါ် ဖြေလျော့ပေးရန်အတွက် တောင်းဆိုသည့် အချက်(၆)ချက်ကို ဂိတ်ပိုင်ရှင် ဦးထွန်းအောင်အား ဂိတ်မန်နေဂျာမှ တဆင့် တင်ပြကာ ဆွေးနွေးပြီး နိုဝင်ဘာလ (၁၀)ရက်နေ့မှာ ပြန်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်မှုဇုန် ဝမ်ပုံဖြတ်လမ်း (ဦးထွန်းအောင်)ဂိတ်မှာ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် ဒေသဖွံ့ဖြိုးရေး စီမံချက်ဖြင့် လုပ်ပိုင်ခွင့် နှစ် (၂၀) ပေးခဲ့ခြင်း ဖြစ်ရာ ဂိတ်ကြေးကောက်ခံပိုင်ခွင့်မှာ ၂၀၁၉ ခုနှစ် မတ်လ(၁)ရက်နေ့အထိ ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဂိတ်ဖြတ်သန်းမှု ကောက်ခံသည့်နှုန်းထားမှာ မော်တော်ဆိုင်ကယ်အား (၁၀)ဘတ်၊ ကားငယ် (၅၀)ဘတ်၊ ထော်လာဂျီ(ကုန်လွတ်) (၃၀)ဘတ်၊ ထော်လာဂျီ(ကုန်ပါ) (၅၀)ဘတ်၊ ကုန်တင်ကား (အလွတ်) (၅၀)ဘတ် နှင့် ကုန်တင်ကား (ကုန်ပါ) (၁၀၀)ဘတ်နှုန်းဖြင့် ကောက်ခံခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~