အေျခခံစားေသာက္ကုန္ပစၥည္း ေစ်းႏႈန္းတည္ၿငိမ္ေရးအတြက္ ရွမ္းျပည္နယ္အစိုးရက ကုန္သည္လုပ္ငန္းရွင္မ်ားႏွင့္ ညႇိႏႈိင္း

အေျခခံစားေသာက္ကုန္ပစၥည္း ေစ်းႏႈန္းတည္ၿငိမ္ေရးအတြက္ ရွမ္းျပည္နယ္အစိုးရက ကုန္သည္လုပ္ငန္းရွင္မ်ားႏွင့္ ညႇိႏႈိင္း
နိုဝင်ဘာ 18, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း အေျခခံစားေသာက္ကုန္ ကုန္ေစ်းႏႈန္းတည္ၿငိမ္ေရးအတြက္ ျပည္နယ္အစိုးရ တာဝန္ရိွသူမ်ားက ေတာင္ႀကီးၿမိဳ႕  ရွမ္းျပည္နယ္အစိုးရရံုးတြင္ ကုန္သည္မ်ားအား ႏိုဝင္ဘာလ(၁၈)ရက္ေန႔တြင္  ေခၚယူေတြ႔ဆံုၿပီး ညိႇႏိႈင္းေဆြးေႏြးၾကေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔က ေစ်းကြက္ကို ထိန္းခ်ဳပ္တာထက္ ေစ်းကြက္ကို လုပ္ငန္းရွင္ေတြနဲ႔ ေစ်းတက္ရတဲ့ အေၾကာင္းရင္းကို ရွာရမယ္။ ရွာေတြ႕တဲ့အခ်ိန္မွာ ကၽြန္ေတာ္တို႔က ကူညီၿပီးေတာ့ လုပ္ငန္းရွင္ေတြနဲ႕ ပူးေပါင္းၿပီး အေျဖရွာတဲ့စနစ္ကို လုပ္ေဆာင္မွာပါ။ အေျဖရွာၿပီး ညိႇႏိႈင္းတာဟာ အေကာင္းဆံုးပါ။“ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႔၀င္၊ ျပည္နယ္ စီမံကိန္းႏွင့္ စီးပြားေရး၀န္ႀကီး ဦးစိုးညြန္႔လြင္က ေျပာသည္။

လက္ရိွတြင္ ကုန္ေစ်းႏႈန္းမ်ားတက္သည္ဟု ထြက္ေပၚေနျခင္းမွာ ေကာလဟာလသာျဖစ္ၿပီး ေဒသတြင္း ဆန္ေစ်းႏႈန္း၊ ဆီေစ်းႏႈန္းမွာလည္း တည္ၿငိမ္ေနေၾကာင္း ကုန္သည္မ်ားက တင္ျပသည္။

“ဆန္ပြဲရံုမွာဆိုရင္ ဒီႏွစ္ေစ်းဆန္ေစ်းက မတက္ပါဘူး။ မတက္တဲ့အေၾကာင္းရင္းက ဆန္ေဟာင္းေတြက မ်ားေနပါတယ။္ ဆန္လက္က်န္မ်ားေတာ့ ဆန္ေစ်းမတက္ရျခင္းျဖစ္ပါတယ္။“ဟု ဆန္ကုန္သည္မ်ားအသင္း ဥကၠဌ ဦး၀င္းေမာင္ က ေျပာသည္။

အဆိုပါ ေတြ႔ဆံု ေဆြးေႏြးပြဲတြင္ ေဒသတြင္း ကုန္ေစ်းႏႈန္းတည္ၿငိမ္ေရးအတြက္ ျပည္နယ္အစိုးရႏွင့္အတူ လုပ္ငန္းရွင္မ်ား ပူးေပါင္းေဆာင္ရြက္ၾကရန္ ဝန္ႀကီးက တိုက္တြန္းထားသည္။

“ဆီေစ်း ႏႈန္းေတြက မတက္ပါဘူး။ ဒီႏွစ္နဲ႔အရင္ႏွစ္ဆိုရင္ ဆီကပဲ ေစ်းႏူန္း ပိုက်သြားတာပါ။ ကၽြန္ေတာ္တို႔ ေတာင္ႀကီးမွာရွိတဲ့ ဆီေစ်းႏႈန္းက ျမန္မာျပည္တျပည္လံုးနဲ႔ယွဥ္ရင္ အနိမ့္ဆံုးေစ်းမွာရွိပါတယ္” ဟု ဆီကုန္သည္ႀကီးမ်ားအသင္းမွ ဦးျမင့္ၾကည္က ေျပာသည္။

ေဒသတြင္း အေျခခံစားေသာက္ကုန္မ်ားျဖစ္သည့္ ဆန္ႏွင့္ဆီမွာ ေစ်းႏႈန္းတည္ၿငိမ္ေန ေၾကာင္းသိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း အခြေခံစားသောက်ကုန် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ပြည်နယ်အစိုးရ တာဝန်ရှိသူများက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံးတွင် ကုန်သည်များအား နိုဝင်ဘာလ(၁၈)ရက်နေ့တွင် ခေါ်ယူတွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည်။

"ကျွန်တော်တို့က ဈေးကွက်ကို ထိန်းချုပ်တာထက် ဈေးကွက်ကို လုပ်ငန်းရှင်တွေနဲ့ ဈေးတက်ရတဲ့ အကြောင်းရင်းကို ရှာရမယ်။ ရှာတွေ့တဲ့အချိန်မှာ ကျွန်တော်တို့က ကူညီပြီးတော့ လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး အဖြေရှာတဲ့စနစ်ကို လုပ်ဆောင်မှာပါ။ အဖြေရှာပြီး ညှိနှိုင်းတာဟာ အကောင်းဆုံးပါ။“ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။

လက်ရှိတွင် ကုန်ဈေးနှုန်းများတက်သည်ဟု ထွက်ပေါ်နခြေင်းမှာ ကောလဟာလသာဖြစ်ပြီး ဒေသတွင်း ဆန်ဈေးနှုန်း၊ ဆီဈေးနှုန်းမှာလည်း တည်ငြိမ်နေကြောင်း ကုန်သည်များက တင်ပြသည်။

“ဆန်ပွဲရုံမှာဆိုရင် ဒီနှစ်ဈေးဆန်ဈေးက မတက်ပါဘူး။ မတက်တဲ့အကြောင်းရင်းက ဆန်ဟောင်းတွေက များနေပါတယ။် ဆန်လက်ကျန်များတော့ ဆန်ဈေးမတက်ရခြင်းဖြစ်ပါတယ်။“ဟု ဆန်ကုန်သည်များအသင်း ဥက္ကဌ ဦးဝင်းမောင် က ပြောသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် ဒေသတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ပြည်နယ်အစိုးရနှင့်အတူ လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ကြရန် ဝန်ကြီးက တိုက်တွန်းထားသည်။

“ဆီဈေး နှုန်းတွေက မတက်ပါဘူး။ ဒီနှစ်နဲ့အရင်နှစ်ဆိုရင် ဆီကပဲ ဈေးနူန်း ပိုကျသွားတာပါ။ ကျွန်တော်တို့ တောင်ကြီးမှာရှိတဲ့ ဆီဈေးနှုန်းက မြန်မာပြည်တပြည်လုံးနဲ့ယှဉ်ရင် အနိမ့်ဆုံးဈေးမှာရှိပါတယ်” ဟု ဆီကုန်သည်ကြီးများအသင်းမှ ဦးမြင့်ကြည်က ပြောသည်။

ဒေသတွင်း အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်နှင့်ဆီမှာ ဈေးနှုန်းတည်ငြိမ်နေ ကြောင်းသိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~