မႏၱေလးတကၠသိုလ္ တည္ေထာင္သူ ဦးရာဇတ္ေၾကးရုပ္ထု အမ်ိဳးသားေန႔တြင္ ဖြင့္လွစ္

မႏၱေလးတကၠသိုလ္ တည္ေထာင္သူ ဦးရာဇတ္ေၾကးရုပ္ထု အမ်ိဳးသားေန႔တြင္ ဖြင့္လွစ္
နိုဝင်ဘာ 24, 2016
By Tachileik News Agency

မႏၱေလးၿမိဳ႕ မႏၲေလးတကၠသိုလ္ စတင္တည္ေထာင္သူ ဆရာႀကီးဦးရာဇတ္ေၾကးရုပ္ထုကို တကၠသိုလ္ဝင္းအတြင္းရိွ ဦးရာဇတ္ခန္းမေဆာင္ေရွ႕တြင္ နိုဝင္ဘာလ (၂၄)ရက္ေန႔၌ က်ေရာက္သည့္ အမ်ိဳးသားေန႔တြင္ ဖြင့္လွစ္လိုက္သည္။

အဆိုပါ ေၾကးရုပ္ထုဖြင့္ပြဲကို မႏၱေလးတကၠသိုလ္ရွိ ဦးရာဇတ္ခန္းမေဆာင္ေရွ႕တြင္ က်င္းပရာ မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္က တက္ေရာက္ဖြင့္လွစ္ေပးသည္။

အာဇာနည္ (၉)ဦးတြင္ပါဝင္သည့္ ဆရာႀကီးဦးရာဇတ္ (ခ) Mr. Abdur Razak (ခ) ဦးေမာင္ေမာင္ႀကီး (၁၈၉၈-၁၉၄၇)သည္ ပညာေရးႏွင့္ အမ်ိဳးသားစီမံကိန္း ဌာန၀န္ၾကီး ၊ ဗဟိုအမ်ိဳးသားေက်ာင္း ေက်ာင္းအုပ္ဆရာႀကီး တို႔အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး မႏၲေလးတကၠသိုလ္ကို စတင္တည္ေထာင္ခဲ့ျခင္းျဖစ္သည္။

ဆရာႀကီးဦးရာဇတ္သည္ ၁၉၄၇ ခုနွစ္ ဇူလိုင္လ ၁၉ ရက္ေန႕၌ ဗိုလ္ခ်ဳပ္ေအာင္ဆန္း အပါအ၀င္ အျခားေခါင္းေဆာင္မ်ားႏွင္႔အတူ လုပ္ၾကံျခင္းခံခဲ့ရျခင္း ျဖစ္သည္။

သတင္း/ဓာတ္ပံု - ေရႊေဇာ္


~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးမြို့ မန္တလေးတက္ကသိုလ် စတင်တည်ထောင်သူ ဆရာကြီးဦးရာဇတ်ကြေးရုပ်ထုကို တက္ကသိုလ်ဝင်းအတွင်းရှိ ဦးရာဇတ်ခန်းမဆောင်ရှေ့တွင် နိုဝင်ဘာလ (၂၄)ရက်နေ့၌ ကျရောက်သည့် အမျိုးသားနေ့တွင် ဖွင့်လှစ်လိုက်သည်။

အဆိုပါ ကြေးရုပ်ထုဖွင့်ပွဲကို မန္တလေးတက္ကသိုလ်ရှိ ဦးရာဇတ်ခန်းမဆောင်ရှေ့တွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တက်ရောက်ဖွင့်လှစ်ပေးသည်။

အာဇာနည် (၉)ဦးတွင်ပါဝင်သည့် ဆရာကြီးဦးရာဇတ် (ခ) Mr. Abdur Razak (ခ) ဦးမောင်မောင်ကြီး (၁၈၉၈-၁၉၄၇)သည် ပညာရေးနှင့် အမျိုးသားစီမံကိန်း ဌာနဝန်ကြီး၊ ဗဟိုအမျိုးသားကျောင်း ကျောင်းအုပ်ဆရာကြီး တို့အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မန္တလေးတက္ကသိုလ်ကို စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ဆရာကြီးဦးရာဇတ်သည် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့၌ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အခြားခေါင်းဆောင်များနှင့်အတူ လုပ်ကြံခြင်းခံခဲ့ရခြင်း ဖြစ်သည်။

သတင်း/ဓာတ်ပုံ - ရွှေဇော် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~