ထိုင်းနိုင်ငံမြောက်ပိုင်းအတွင်းရှိ မဲဆန္ဒရှင် မြန်မာနိုင်ငံသားများ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ တောင်းခံလွှာ ပေးပို့ရန် လိုအပ်

ထိုင်းနိုင်ငံမြောက်ပိုင်းအတွင်းရှိ မဲဆန္ဒရှင် မြန်မာနိုင်ငံသားများ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ တောင်းခံလွှာ ပေးပို့ရန် လိုအပ်
နိုဝင်ဘာ 2, 2016
By Tachileik News Agency


ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသအတွင်းရှိ ချင်းမိုင်၊ ချင်းရိုင်၊ နမ့်၊ ဖရာအို၊ ဖရာအဲ့၊ မယ်ဟောင်ဆောင်၊ လမ်ပမ်၊ လမ်ဖွန် နှင့် ဥတ္ဆရာဒစ် စသည့် (၉)ခရိုင်အတွင်း တရားဝင် သွားရောက် နေထိုင်ကြပြီး မြန်မာနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများ အနေဖြင့် ကြိုတင်ဆန္ဒမဲ တောင်းခံလွှာ ပုံစံ (၁၅)ကို ဒီဇင်ဘာလ (၅)ရက်နေ့ နောက်ဆုံးထားကာ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ စာတိုက်မှဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ အီးမေးလ်ဖြင့် ဖြစ်စေ ပေးပို့ရမှာ ဖြစ်ကြောင်း သိရသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

၂၀၁၇ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ မြောက်ပိုင်းရောက် မဲဆန္ဒရှင် မြန်မာနိုင်ငံသားများအား ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ တောင်းခံရမည့် ပုံစံ(၁၅)ကို ဒီဇင်ဘာလ(၅)ရက်နေ့ နောက်ဆုံးထားကာ ပေးပို့ရန် ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ အသိပေးလိုက်သည်။

ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသအတွင်းရှိ ချင်းမိုင်၊ ချင်းရိုင်၊ နမ့်၊ ဖရာအို၊ ဖရာအဲ့၊ မယ်ဟောင်ဆောင်၊ လမ်ပမ်၊ လမ်ဖွန် နှင့် ဥတ္ဆရာဒစ် စသည့် (၉)ခရိုင်အတွင်း တရားဝင် သွားရောက် နေထိုင်ကြပြီး မြန်မာနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများ အနဖြေင့် ကြိုတင်ဆန္ဒမဲ တောင်းခံလွှာ ပုံစံ (၁၅)ကို ဒီဇင်ဘာလ (၅)ရက်နေ့ နောက်ဆုံးထားကာ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ စာတိုက်မှဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ အီးမေးလ်ဖြင့် ဖြစ်စေ ပေးပို့ရမှာ ဖြစ်ကြောင်း သိရသည်။

Source: Myanmar Consulate-General,Chiang Mai

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~