ျမန္္မာႏုိင္ငံတြင္ ႏွစ္စဥ္လိပ္ေကာင္ေရ ဖမ္းဆီးရရိွမႈ သိန္းဂဏန္းမွ ေထာင္ဂဏန္းသို႔ ေလ်ာ့က်လာ

ျမန္္မာႏုိင္ငံတြင္ ႏွစ္စဥ္လိပ္ေကာင္ေရ ဖမ္းဆီးရရိွမႈ သိန္းဂဏန္းမွ ေထာင္ဂဏန္းသို႔ ေလ်ာ့က်လာ
နိုဝင်ဘာ 12, 2016
By Tachileik News Agency

ျမန္မာႏိုင္ငံတြင္ ႏွစ္စဥ္လိပ္ေကာင္ေရ သိန္းခ်ီမိေနရာမွ ၁၉၉၉ ခုႏွစ္ေနာက္ပိုင္းမွစ၍ ႏွစ္စဥ္လိပ္ေကာင္ေရ ဖမ္းဆီးရရိွမႈမွာ ေထာင္ဂဏန္းသို႔ တျဖည္းျဖည္း ေလ်ာ့က်လာေၾကာင္း လိပ္မ်ိဳးဆက္ရွင္သန္ေရးအဖြဲ႔( WCS/TSA )မွ သိရသည္။

"၁၉၉၉ ခုႏွစ္နဲ ့ ၂၀၀၀ ခုႏွစ္ေလာက္မွာတုန္းကေတာ့ တစ္ႏွစ္တစ္ႏွစ္ကို လိမ္အေကာင္ေရ သိန္းခ်ီၿပီးေတာ့ ဖမ္းဆီးရရိွခဲ့ပါတယ္။ သစ္ေတာကေတာ့ ေနရာတိုင္းမွာ Check Point ေတြ ထားရိွျပီးေတာ့ အမ်ားဆုံး ဖမ္းဆီးရမိတာေပါ့။ ငါးလုပ္ငန္းကလည္း Check Point ေတြ ထားရိွၿပီးေတာ့ ဖမ္းဆီးပါတယ္။ အခုေနာက္ပိုင္းေတာ့ တျဖည္းျဖည္းနဲ ့ နည္းလာတယ္။ နည္းလာတယ္ဆိုေပမဲ့ တစ္ႏွစ္ကို (၁၀၀၀) (၂၀၀၀)ေလာက္ကေတာ့ ဖမ္းမိပါေသးတယ္။"ဟု လိပ္မ်ိဳးဆက္ရွင္သန္ေရးအဖြဲ ့ ( WCS/TSA ) မွ ေဒါက္တာကလ်ာက ေျပာသည္။

လိပ္မ်ားကို အလြန္အကၽြံဖမ္းဆီးကာ ျပည္ပသို႔ တရားမဝင္တင္ပို႔မႈမ်ားရိွေနသျဖင့္ လိပ္ေကာင္ေရ ေလ်ာ့နည္းလာျခင္းျဖစ္ေၾကာင္း သိရသည္။

"လူေတြဟာ လိပ္ေတြကို ခံယူခ်က္အမ်ိဳးမ်ိဳးနဲ ့ေရာင္း၀ယ္ၾကတယ္။ တခ်ိဳ ့ကလည္း စားဖို ့အတြက္၊ အလွေမြးဖို ့၊ လိပ္အခ်င္းခ်င္း တိုက္ခိုင္းၿပီးေတာ့ ေလာင္းကစားလုပ္ဖို ့၊ ေဆး၀ါးေဖာ္စပ္ဖို ့ အယူအဆ အမ်ိဳးမ်ိဳးနဲ ့ ဝယ္ၾကတယ္။ တရုတ္ႏိုင္ငံ၊ ထိုင္းႏိုင္ငံနဲ ့ ေဟာင္ေကာင္တို ့ကို တင္ပို ့ေရာင္းခ်ၾကတာကို ေတြ ့ရပါတယ္"ဟု ေဒါက္တာကလ်ာက ဆိုသည္။

ျမန္မာ့သစ္ေတာဥပေဒတြင္ ကာကြယ္ထားသည့္ မ်ိဳးစိတ္မ်ားတြင္ ပါဝင္သည့္ လိပ္မ်ားကို ကာကြယ္မႈအဆင့္ ႏွစ္မ်ိဳးခြဲ၍ တားျမစ္ကာကြယ္ထားသည့္အျပင္ ျမန္မာႏုိင္ငံ ငါးလုပ္ငန္းဥပေဒျဖင့္ပါ လိပ္မ်ားအား ကာကြယ္ထားေၾကာငး္ သိရသည္။

"ျမန္မာႏိုင္ငံ သစ္ေတာဥပေဒအရ လိပ္ေတြဟာ လုံး၀ကာကြယ္ထားတဲ့ မ်ိဳးစိတ္ေတြျဖစ္ပါတယ္။ ဘယ္သူမွ လက္၀ယ္ထားရိွျခင္း၊သတ္ျဖတ္ စားေသာက္ျခင္း လုံး၀မလုပ္ရပါဘူး။ လိပ္ထဲမွာ ကာကြယ္ထားတာ ႏွစ္မ်ိဳးရိွပါတယ္။ လုံး၀ကာကြယ္ထားတာနဲ ့ သာမန္ကာကြယ္ထားတာဆိုျပီး ႏွစ္မ်ိဳးရိွပါတယ္။”ဟု တာခ်ီလိတ္ခရိုင္ သစ္ေတာဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမ်ိဳးလြင္က ေျပာသည္။

ျမန္မာ့သစ္ေတာဥပေဒအရ လုံး၀ကာကြယ္ထားသည့္ လိပ္မ်ားကို ဖမ္းဆီး၊ ေမြးျမဴ၊ ေရာင္းဝယ္ေဖာက္ကား သည္ကို ေတြ႔ရိွပါက ေထာင္ဒဏ္(၇)ႏွစ္နဲ ့ ဒဏ္ေငြငါးေသာင္း၊ သာမန္ကာကြယ္ထားသည့္လိပ္မ်ားကို ဖမ္းဆီး၊ ေမြးျမဴ၊ ေရာင္းဝယ္ေဖာက္ကား သည္ကို ေတြ႔ရိွပါက ေထာင္ဒဏ္(၅)ႏွစ္နဲ ့ ဒဏ္ေငြ(၃)ေသာင္း ျပစ္ဒဏ္က်ခံရမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ ပင္လယ္လိပ္အပါအ၀င္ လိပ္မ်ိဳးစိတ္ေပါင္း(၃၁)မ်ိဳးရိွၿပီး တစ္ကမၻာလုံးတြင္ ျမန္မာႏိုင္ငံ တစ္ခုတည္းသာရိွသည့္ ရွားပါးလိပ္မ်ိဳးစိတ္ေပါင္း(၈)မ်ိဳးရိွေနေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ လိပ္ထိန္းသိမ္းေရးစခန္း(၉)ခုဖြင့္ကာ လိပ္မ်ားကို ျခံေလွာင္ေမြးျမဴ၍ သားဆက္ပြားေပးျခင္းႏွင့္ ရရိွလာေသာ လိပ္မ်ားကို ေဘးမဲ့ေတာမ်ားသို ့ ျပန္လည္လႊတ္ေပးျခင္းမ်ား လုပ္ေဆာင္ေပးလွ်က္ရိွေၾကာင္း သိရသည္။

လိပ္မ်ိဳးဆက္ရွင္သန္ေရးအဖြဲ ့မွ ျမန္မာႏိုင္ငံသစ္ေတာဦးစီးဌာနႏွင့္ MOU ေရးထိုး၍ လိပ္ထိန္းသိမ္းေရးလုပ္ငန္းမ်ား လုပ္ေဆာင္ေနသည္မွာ (၂၃)ႏွစ္ခန္ ့ရိွေနျပီျဖစ္ေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္
~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာနိုင်ငံတွင် နှစ်စဉ်လိပ်ကောင်ရေ သိန်းချီမိနေရာမှ ၁၉၉၉ ခုနှစ်နောက်ပိုင်းမှစ၍ နှစ်စဉ်လိပ်ကောင်ရေ ဖမ်းဆီးရရှိမှုမှာ ထောင်ဂဏန်းသို့ တဖြည်းဖြည်း လျော့ကျလာကြောင်း လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့( WCS/TSA )မှ သိရသည်။

"၁၉၉၉ ခုနှစ်နဲ့ ၂၀၀၀ ခုနှစ်လောက်မှာတုန်းကတော့ တစ်နှစ်တစ်နှစ်ကို လိမ်အကောင်ရေ သိန်းချီပြီးတော့ ဖမ်းဆီးရရှိခဲ့ပါတယ်။ သစ်တောကတော့ နေရာတိုင်းမှာ Check Point တွေ ထားရှိပြီးတော့ အများဆုံး ဖမ်းဆီးရမိတာပေါ့။ ငါးလုပ်ငန်းကလည်း Check Point တွေ ထားရှိပြီးတော့ ဖမ်းဆီးပါတယ်။ အခုနောက်ပိုင်းတော့ တဖြည်းဖြည်းနဲ့ နည်းလာတယ်။ နည်းလာတယ်ဆိုပေမဲ့ တစ်နှစ်ကို (၁၀၀၀) (၂၀၀၀)လောက်ကတော့ ဖမ်းမိပါသေးတယ်။"ဟု လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့ ( WCS/TSA ) မှ ဒေါက်တာကလျာက ပြောသည်။

လိပ်များကို အလွန်အကျွံဖမ်းဆီးကာ ပြည်ပသို့ တရားမဝင်တင်ပို့မှုများရှိနေသဖြင့် လိပ်ကောင်ရေ လျော့နည်းလာခြင်းဖြစ်ကြောင်း သိရသည်။

"လူတွေဟာ လိပ်တွေကို ခံယူချက်အမျိုးမျိုးနဲ့ရောင်းဝယ်ကြတယ်။ တချို့ကလည်း စားဖို့အတွက်၊ အလှမွေးဖို့၊ လိပ်အချင်းချင်း တိုက်ခိုင်းပြီးတော့ လောင်းကစားလုပ်ဖို့၊ ဆေးဝါးဖော်စပ်ဖို့ အယူအဆ အမျိုးမျိုးနဲ့ ဝယ်ကြတယ်။ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ဟောင်ကောင်တို့ကို တင်ပို့ရောင်းချကြတာကို တွေ့ရပါတယ်"ဟု ဒေါက်တာကလျာက ဆိုသည်။

မြန်မာ့သစ်တောဥပဒေတွင် ကာကွယ်ထားသည့် မျိုးစိတ်များတွင် ပါဝင်သည့် လိပ်များကို ကာကွယ်မှုအဆင့် နှစ်မျိုးခွဲ၍ တားမြစ်ကာကွယ်ထားသည့်အပြင် မြန်မာနိုင်ငံ ငါးလုပ်ငန်းဥပဒဖြေင့်ပါ လိပ်များအား ကာကွယ်ထားကြောငး် သိရသည်။

"မြန်မာနိုင်ငံ သစ်တောဥပဒေအရ လိပ်တွေဟာ လုံးဝကာကွယ်ထားတဲ့ မျိုးစိတ်တွဖြေစ်ပါတယ်။ ဘယ်သူမှ လက်ဝယ်ထားရှိခြင်း၊သတ်ဖြတ် စားသောက်ခြင်း လုံးဝမလုပ်ရပါဘူး။ လိပ်ထဲမှာ ကာကွယ်ထားတာ နှစ်မျိုးရှိပါတယ်။ လုံးဝကာကွယ်ထားတာနဲ့ သာမန်ကာကွယ်ထားတာဆိုပြီး နှစ်မျိုးရှိပါတယ်။”ဟု တာချီလိတ်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးလွင်က ပြောသည်။

မြန်မာ့သစ်တောဥပဒေအရ လုံးဝကာကွယ်ထားသည့် လိပ်များကို ဖမ်းဆီး၊ မွေးမြူ၊ ရောင်းဝယ်ဖောက်ကား သည်ကို တွေ့ရှိပါက ထောင်ဒဏ်(၇)နှစ်နဲ့ ဒဏ်ငွေငါးသောင်း၊ သာမန်ကာကွယ်ထားသည့်လိပ်များကို ဖမ်းဆီး၊ မွေးမြူ၊ ရောင်းဝယ်ဖောက်ကား သည်ကို တွေ့ရှိပါက ထောင်ဒဏ်(၅)နှစ်နဲ့ ဒဏ်ငွေ(၃)သောင်း ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပင်လယ်လိပ်အပါအဝင် လိပ်မျိုးစိတ်ပေါင်း(၃၁)မျိုးရှိပြီး တစ်ကမ္ဘာလုံးတွင် မြန်မာနိုင်ငံ တစ်ခုတည်းသာရှိသည့် ရှားပါးလိပ်မျိုးစိတ်ပေါင်း(၈)မျိုးရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လိပ်ထိန်းသိမ်းရေးစခန်း(၉)ခုဖွင့်ကာ လိပ်များကို ခြံလှောင်မွေးမြူ၍ သားဆက်ပွားပေးခြင်းနှင့် ရရှိလာသော လိပ်များကို ဘေးမဲ့တောများသို့ ပြန်လည်လွှတ်ပေးခြင်းများ လုပ်ဆောင်ပေးလျှက်ရှိကြောင်း သိရသည်။

လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့မှ မြန်မာနိုင်ငံသစ်တောဦးစီးဌာနနှင့် MOU ရေးထိုး၍ လိပ်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်နေသည်မှာ (၂၃)နှစ်ခန့်ရှိနပြေီဖြစ်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~