သူခိုးေတြအခက္ေတြ႕ေစတဲ့ လိေမၼာ္ေရာင္ သိုးအုပ္

သူခိုးေတြအခက္ေတြ႕ေစတဲ့ လိေမၼာ္ေရာင္ သိုးအုပ္
နိုဝင်ဘာ 9, 2016
By Tachileik News Agency

အဂၤလန္ႏိုင္ငံ အေနာက္ေျမာက္ပိုင္းေဒသ ကမ္ဘရီရာက အႀကံေကာင္းတဲ့ ေဒသခံလယ္သမားတစ္ဦးက သိုးအုပ္ကို သူခိုးေတြရန္က ကာကြယ္ဖို႔ သူ႔သိုးေတြကို လိေမၼာ္ေရာင္ ေဆးျခယ္ေပးထားတာပါ။

ပစ္ဆိုတဲ့ လယ္သမားက သူ႔သိုးေတြ အုပ္စုထဲက ခြဲထြက္ၿပီး သြားေနရင္ ျမင္သာေအာင္လုပ္လိုက္တာလို႔ သိရပါတယ္။

သူဒီလိုလုပ္ရတဲ့ အေၾကာင္းရင္းကေတာ့ လြန္ခဲ့တဲ့ေလးႏွစ္အတြင္းမွာ သိုးေကာင္ေရေပါင္း (၃၀၀) ေလာက္ ခိုးယူခံရလို႔ လုပ္ထားတာလို႔ ဆိုပါတယ္။

အခုအခ်ိန္မွာေတာ့ သူ႔သိုးအုပ္က သိုးတစ္ေကာင္ခြဲထြက္သြားရင္ေတာင္ တျခားလူေတြက ႏွစ္ခါစဥ္းစားစရာမလိုဘဲ သူ႔သိုးမွန္းသိမယ္လို႔ ဆိုပါတယ္။

သူ႔သိုးအုပ္ကို ဒီလိုေဆးေရာင္ျခယ္ထားတာက အခ်ိန္ (၁၂)လေလာက္ထိ ေဆးေရာင္ျပယ္မွာ မဟုတ္ဘူးေပမဲ့ ဒါေတြက ဓါတုေဆးေတြ မဟုတ္လို႔ အႏၱရာယ္မရိွဘူးလို႔လည္း သိုးပိုင္ရွင္ ပစ္ကဆိုပါတယ္။

ဘာသာျပန္- ဇာႏွင္းထိုက္
Ref; people.cn


~~~~~~~~⊰❂ unicode ~~~~~~~~

အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်းဒေသ ကမ်ဘရီရာက အကြံကောင်းတဲ့ ဒေသခံလယ်သမားတစ်ဦးက သိုးအုပ်ကို သူခိုးတွေရန်က ကာကွယ်ဖို့ သူ့သိုးတွေကို လိမ္မော်ရောင် ဆေးခြယ်ပေးထားတာပါ။

ပစ်ဆိုတဲ့ လယ်သမားက သူ့သိုးတွေ အုပ်စုထဲက ခွဲထွက်ပြီး သွားနေရင် မြင်သာအောင်လုပ်လိုက်တာလို့ သိရပါတယ်။

သူဒီလိုလုပ်ရတဲ့ အကြောင်းရင်းကတော့ လွန်ခဲ့တဲ့လေးနှစ်အတွင်းမှာ သိုးကောင်ရေပေါင်း (၃၀၀) လောက် ခိုးယူခံရလို့ လုပ်ထားတာလို့ ဆိုပါတယ်။

အခုအချိန်မှာတော့ သူ့သိုးအုပ်က သိုးတစ်ကောင်ခွဲထွက်သွားရင်တောင် တခြားလူတွေက နှစ်ခါစဉ်းစားစရာမလိုဘဲ သူ့သိုးမှန်းသိမယ်လို့ ဆိုပါတယ်။

သူ့သိုးအုပ်ကို ဒီလိုဆေးရောင်ခြယ်ထားတာက အချိန် (၁၂)လလောက်ထိ ဆေးရောင်ပြယ်မှာ မဟုတ်ဘူးပေမဲ့ ဒါတွေက ဓာတုဆေးတွေ မဟုတ်လို့ အန္တရာယ်မရှိဘူးလို့လည်း သိုးပိုင်ရှင် ပစ်ကဆိုပါတယ်။

ဘာသာပြန်- ဇာနှင်းထိုက်
Ref; people.cn 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~