တာခ်ီလိတ္ၿမိဳ႕၏ က်ပ္ -ဘတ္ေငြလဲႏႈန္း က်ပ္ေငြတန္ဖိုး ဆက္လက္က်ေနဆဲ

တာခ်ီလိတ္ၿမိဳ႕၏ က်ပ္ -ဘတ္ေငြလဲႏႈန္း က်ပ္ေငြတန္ဖိုး ဆက္လက္က်ေနဆဲ
နိုဝင်ဘာ 30, 2016
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ၿမိဳ႕ တာခ်ီလိတ္၏ က်ပ္-ဘတ္ေငြလဲ ေစ်းကြက္တြင္ ႏိုဝင္ဘာလေနာက္ဆံုးပတ္အထိ က်ပ္ေငြတန္ဖိုးက်ဆင္းေနဆဲျဖစ္ေၾကာင္း သိရသည္။

ေငြလဲေစ်းကြက္တြင္ ႏို၀င္ဘာလ (၃၀)ရက္ေန႔ ေငြလဲႏႈန္းမွာ က်ပ္ေငြတစ္သိန္းလွ်င္ (၂၆၁၀)ဘတ္မွ (၂၆၃၀)ဘတ္အတြင္း ရိွေနေၾကာင္း သိရသည္။

"နယ္စပ္တိုင္းလိုလို က်ပ္ေစ်းကက်တယ္။ က်ပ္ေစ်းက်တဲ့အခါမွာဆို နယ္စပ္ေဒသေတြမွာ က်ပ္နဲ႔ လစာရတဲ့သူေတြအတြက္က် သိပ္ေတာ့ အဆင္မေျပဘူးေပါ့။ ဒါေပမဲ့ ဒီဘက္မွာ လာအလုပ္ လုပ္ၿပီး ပိုက္ဆံရွာတဲ့သူေတြ၊ ထိုင္းဖက္မွာ အလုပ္ လုပ္ အိမ္ကိုပိုက္ဆံျပန္ပို႔တဲ့ သူေတြအတြက္က်ေတာ့ အဆင္ေျပတာေပါ့။ အရင္လကဆို က်ပ္(၁)သိန္းကို ၂၈၀၀ ဘတ္ ၀န္းက်င္ေလာက္ရွိတယ္။ ဒီလမွာက်ေတာ့ (၂၀၀)ဘတ္ေလာက္ ေစ်းက်သြားတာေပါ့"ဟု ေငြစင္သုိက္ က်ပ္-ဘတ္ေငြလဲ ၀န္ေဆာင္မႈလုပ္ငန္းမွ ကိုသီလေက်ာ္ဆင့္က ေျပာသည္။

ႏို၀င္ဘာလတစ္လလုံး၏ က်ပ္ - ဘတ္ေငြလဲႏႈန္းတြင္ က်ပ္ေငြတန္ဖိုးမွာ အက်ဘက္သုိ႔ ဦးတည္လွ်က္ရွိၿပီး ႏို၀င္ဘာလ (၁)ရက္ေန႔က က်ပ္ေငြ(၁)သိန္းလွ်င္ (၂၇၃၀)ဘတ္မွ ႏို၀င္ဘာလ (၃၀)ရက္ေန႔တြင္ က်ပ္ေငြ(၁) သိန္းလွ်င္ (၂၆၃၀)ဘတ္အထိ က်ဆင္းလာေၾကာင္း သိရသည္။

နယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္၏ ေဒသတြင္းေငြေၾကးလည္ပတ္သံုးစြဲမႈတြင္ ထုိင္းႏုိင္ငံသံုးေငြေၾကး ဘတ္ေငြကို အဓိကအသံုးျပဳေနၾကျခင္းျဖစ္သည္။

သတင္း - ေဇာင္းညီ

~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာ - ထိုင်းနယ်စပ်မြို့ တာချီလိတ်၏ ကျပ်-ဘတ်ငွေလဲ ဈေးကွက်တွင် နိုဝင်ဘာလနောက်ဆုံးပတ်အထိ ကျပ်ငွေတန်ဖိုးကျဆင်းနေဆဲဖြစ်ကြောင်း သိရသည်။

ငွေလဲဈေးကွက်တွင် နိုဝင်ဘာလ (၃၀)ရက်နေ့ ငွေလဲနှုန်းမှာ ကျပ်ငွေတစ်သိန်းလျှင် (၂၆၁၀)ဘတ်မှ (၂၆၃၀)ဘတ်အတွင်း ရှိနေကြောင်း သိရသည်။

"နယ်စပ်တိုင်းလိုလို ကျပ်ဈေးကကျတယ်။ ကျပ်ဈေးကျတဲ့အခါမှာဆို နယ်စပ်ဒေသတွေမှာ ကျပ်နဲ့ လစာရတဲ့သူတွေအတွက်ကျ သိပ်တော့ အဆင်မပြေဘူးပေါ့။ ဒါပေမဲ့ ဒီဘက်မှာ လာအလုပ် လုပ်ပြီး ပိုက်ဆံရှာတဲ့သူတွေ၊ ထိုင်းဖက်မှာ အလုပ် လုပ် အိမ်ကိုပိုက်ဆံပြန်ပို့တဲ့ သူတွေအတွက်ကျတော့ အဆင်ပြေတာပေါ့။ အရင်လကဆို ကျပ်(၁)သိန်းကို ၂၈၀၀ ဘတ် ဝန်းကျင်လောက်ရှိတယ်။ ဒီလမှာကျတော့ (၂၀၀)ဘတ်လောက် ဈေးကျသွားတာပေါ့"ဟု ငွေစင်သိုက် ကျပ်-ဘတ်ငွေလဲ ဝန်ဆောင်မှုလုပ်ငန်းမှ ကိုသီလကျော်ဆင့်က ပြောသည်။

နိုဝင်ဘာလတစ်လလုံး၏ ကျပ် - ဘတ်ငွေလဲနှုန်းတွင် ကျပ်ငွေတန်ဖိုးမှာ အကျဘက်သို့ ဦးတည်လျှက်ရှိပြီး နိုဝင်ဘာလ (၁)ရက်နေ့က ကျပ်ငွေ(၁)သိန်းလျှင် (၂၇၃၀)ဘတ်မှ နိုဝင်ဘာလ (၃၀)ရက်နေ့တွင် ကျပ်ငွေ(၁) သိန်းလျှင် (၂၆၃၀)ဘတ်အထိ ကျဆင်းလာကြောင်း သိရသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်၏ ဒေသတွင်းငွေကြေးလည်ပတ်သုံးစွဲမှုတွင် ထိုင်းနိုင်ငံသုံးငွေကြေး ဘတ်ငွေကို အဓိကအသုံးပြုနကြခြေင်းဖြစ်သည်။

သတင်း - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~