တာခ်ီလိတ္ၿမိဳ႕နယ္စာေရးဆရာအသင္းမွ (၁၈)ႏွစ္ျပည့္ ႏွစ္ပတ္လည္ အထိမ္းအမွတ္အျဖစ္ စာေပေဟာေျပာပြဲ က်င္းပႏိုင္ရန္ ႏွင့္ စာၾကည့္တိုက္တြင္ စာဖတ္သူ တိုးလာေရး ေဆြးေႏြး

တာခ်ီလိတ္ၿမိဳ႕နယ္စာေရးဆရာအသင္းမွ (၁၈)ႏွစ္ျပည့္ ႏွစ္ပတ္လည္ အထိမ္းအမွတ္အျဖစ္ စာေပေဟာေျပာပြဲ က်င္းပႏိုင္ရန္ ႏွင့္ စာၾကည့္တိုက္တြင္ စာဖတ္သူ တိုးလာေရး ေဆြးေႏြး
နိုဝင်ဘာ 12, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္စာေရးဆရာအသင္း ဖြဲ႕စည္းခဲ့မႈ (၁၈)ႏွစ္ျပည့္ အထိမ္းအမွတ္အျဖစ္ စာေပေဟာေျပာပြဲ ျပဳလုပ္ရန္ႏွင့္မဂၢဇင္းထုတ္ေ၀ရန္ကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ လုပ္ငန္းညႇိႏႈိင္းေဆြးေႏြးမႈကို ႏို၀င္ဘာလ(၁၂)ရက္ေန႔ ညေနပိုင္းက ဆန္ဆုိင္း(ခ)ရပ္ကြက္ရွိ တာခ်ီလိတ္ၿမိဳနယ္စာေရးဆရာအသင္းရံုးတြင္ ျပဳလုပ္ခဲ့ၾကသည္။

ယင္းညႇိႏႈိင္းေဆြးေႏြးမႈတြင္ တာခ်ီလိတ္ၿမိဳ႕နယ္စာေရးဆရာအသင္း၏ ႏွစ္ပတ္လည္ အထိမ္းအမွတ္ စာေပေဟာေျပာပြဲ က်င္းပျပဳလုပ္ႏိုင္ေရး၊ အသင္းပိုင္စာၾကည့္တိုက္ျဖစ္သည့္ ေန႔သစ္ရည္ညႊန္း စာၾကည့္တိုက္တြင္ စာဖတ္သူ တိုးပြားလာေရး၊ မဂၢဇင္းထုတ္ေ၀ႏိုင္ေရး ႏွင့္ အသင္းလုပ္ငန္းစဥ္ အေၾကာင္းအရာမ်ားကို ေဆြးေႏြးခဲ့ၾကသည္။

"ကြ်န္ေတာ္တို႔ ဇန္န၀ါရီလရဲ႕ ပထမပတ္အထဲမွာ စာေပေဟာေျပာပြဲ က်င္းပမွာပါ၊ စာေရးဆရာ (၃)ဦးေခၚဖို႔ စီစဥ္ထားပါတယ္၊ စာေပေဟာေျပာပြဲနဲ႔ ပတ္သက္လို႔ စာေရးဆရာေတြ ေခၚယူရာမွာ တာခ်ီလိတ္ေဒသခံေတြ ေခၚေစခ်င္တဲ့ စာေရးဆရာေတြကို ေခၚသြားဖို႔လုပ္မွာ ျဖစ္တဲ့အတြက္ ဘယ္စာေရးဆရာ၊ ဘယ္စာေရးဆရာမကိုေတာ့ ေခၚေစခ်င္ပါတယ္ဆိုၿပီး ကြ်န္ေတာ္တုိ႔ကို အႀကံျပဳေပးႏိုင္ပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္စာေရးဆရာအသင္း ဥကၠဌ ဦးထိန္မင္းက ေျပာသည္။

တာခ်ီလိတ္စာေရးဆရာအသင္းမွ စာေပေဟာေျပာပြဲအား အသင္းႏွစ္ပတ္လည္မ်ားတြင္ က်င္းပျပဳလုပ္ေလ့ရွိၿပီး ယခုအႀကိမ္တြင္ စာေပေဟာေျပာပြဲအတြက္ ဖိတ္ၾကားမည့္ စာေရးဆရာမ်ား၏ ေရြးခ်ယ္မႈကို ေဒသခံမ်ားေပၚ မူတည္မွာ ျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ ဖြင့္လွစ္ထားတဲ့ ေန႔သစ္ရည္ညႊန္း စာၾကည့္တိုက္နဲ႔ ပတ္သက္ၿပီး စာဖတ္သူ နည္းေနတဲ့ အတြက္ စာၾကည့္တိုက္မွာ စာဖတ္သူေတြ တိုးပြားလာဖို႔ အတြက္လည္း ေဆြးေႏြးျဖစ္ပါတယ္၊ စာၾကည့္တိုက္နဲ႔ ပတ္သက္ၿပီး ရပ္ကြက္ေတြကို သြားေရာက္ၿပီး ေဟာေျပာမႈေတြ လုပ္ဖို႔နဲ႔ စာဖတ္သူ တိုးပြားလာေရးကို အဓိက ပစ္မွတ္ထားရမွာပါ။ စာဖတ္သူ ေတာ္ေတာ္မ်ားမ်ားက facebook ေပၚကို ေရာက္သြားၾကတာလည္း မ်ားတယ္၊ အဲ့ဒီအတြက္ စာဖတ္သူတိုးပြားလာဖို႔ ေဆာင္ရြက္ရမွာပါ"ဟု ဦးထိန္မင္းက ေျပာသည္။

တိုင္းရင္းသားျပည္သူမ်ား ဖတ္ရႈေလ့လာႏိုင္ရန္အတြက္ တာခ်ီလိတ္ၿမိဳ႕နယ္စာေရးဆရာအသင္းမွ တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ သီရိမဂၤလာဘုန္းႀကီးေက်ာင္းအေနာက္ဘက္တြင္  ေန႔သစ္ရည္ညႊန္း စာၾကည့္တိုက္အား ဖြင့္လွစ္ထားရွိသည္။

ဓာတ္ပံု - ေ၀ယံလင္း

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့နယ်စာရေးဆရာအသင်း ဖွဲ့စည်းခဲ့မှု (၁၈)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲ ပြုလုပ်ရန်နှင့်မဂ္ဂဇင်းထုတေ်ဝရန်ကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးမှုကို နိုဝင်ဘာလ(၁၂)ရက်နေ့ ညနေပိုင်းက ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ တာချီလိတ်မြိုနယ်စာရေးဆရာအသင်းရုံးတွင် ပြုလုပ်ခဲ့ကြသည်။

ယင်းညှိနှိုင်းဆွေးနွေးမှုတွင် တာချီလိတ်မြို့နယ်စာရေးဆရာအသင်း၏ နှစ်ပတ်လည် အထိမ်းအမှတ် စာပေဟောပြောပွဲ ကျင်းပပြုလုပ်နိုင်ရေး၊ အသင်းပိုင်စာကြည့်တိုက်ဖြစ်သည့် နေ့သစ်ရည်ညွှန်း စာကြည့်တိုက်တွင် စာဖတ်သူ တိုးပွားလာရေး၊ မဂ္ဂဇင်းထုတေ်ဝနိုင်ရေး နှင့် အသင်းလုပ်ငန်းစဉ် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

"ကျွန်တော်တို့ ဇန်နဝါရီလရဲ့ ပထမပတ်အထဲမှာ စာပေဟောပြောပွဲ ကျင်းပမှာပါ၊ စာရေးဆရာ (၃)ဦးခေါ်ဖို့ စီစဉ်ထားပါတယ်၊ စာပေဟောပြောပွဲနဲ့ ပတ်သက်လို့ စာရေးဆရာတွေ ခေါ်ယူရာမှာ တာချီလိတ်ဒေသခံတွေ ခေါ်စေချင်တဲ့ စာရေးဆရာတွေကို ခေါ်သွားဖို့လုပ်မှာ ဖြစ်တဲ့အတွက် ဘယ်စာရေးဆရာ၊ ဘယ်စာရေးဆရာမကိုတော့ ခေါ်စေချင်ပါတယ်ဆိုပြီး ကျွန်တော်တို့ကို အကြံပြုပေးနိုင်ပါတယ်"ဟု တာချီလိတ်မြို့နယ်စာရေးဆရာအသင်း ဥက္ကဌ ဦးထိန်မင်းက ပြောသည်။

တာချီလိတ်စာရေးဆရာအသင်းမှ စာပေဟောပြောပွဲအား အသင်းနှစ်ပတ်လည်များတွင် ကျင်းပပြုလုပ်လေ့ရှိပြီး ယခုအကြိမ်တွင် စာပေဟောပြောပွဲအတွက် ဖိတ်ကြားမည့် စာရေးဆရာများ၏ ရွေးချယ်မှုကို ဒေသခံများပေါ် မူတည်မှာ ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ဖွင့်လှစ်ထားတဲ့ နေ့သစ်ရည်ညွှန်း စာကြည့်တိုက်နဲ့ ပတ်သက်ပြီး စာဖတ်သူ နည်းနေတဲ့ အတွက် စာကြည့်တိုက်မှာ စာဖတ်သူတွေ တိုးပွားလာဖို့ အတွက်လည်း ဆွေးနွေးဖြစ်ပါတယ်၊ စာကြည့်တိုက်နဲ့ ပတ်သက်ပြီး ရပ်ကွက်တွေကို သွားရောက်ပြီး ဟောပြောမှုတွေ လုပ်ဖို့နဲ့ စာဖတ်သူ တိုးပွားလာရေးကို အဓိက ပစ်မှတ်ထားရမှာပါ။ စာဖတ်သူ တော်တော်များများက facebook ပေါ်ကို ရောက်သွားကြတာလည်း များတယ်၊ အဲ့ဒီအတွက် စာဖတ်သူတိုးပွားလာဖို့ ဆောင်ရွက်ရမှာပါ"ဟု ဦးထိန်မင်းက ပြောသည်။

တိုင်းရင်းသားပြည်သူများ ဖတ်ရှုလေ့လာနိုင်ရန်အတွက် တာချီလိတ်မြို့နယ်စာရေးဆရာအသင်းမှ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ သီရိမင်္ဂလာဘုန်းကြီးကျောင်းအနောက်ဘက်တွင် နေ့သစ်ရည်ညွှန်း စာကြည့်တိုက်အား ဖွင့်လှစ်ထားရှိသည်။

ဓာတ်ပုံ -ေဝယံလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~