ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးတြင္ ရွမ္းႏွစ္သစ္ကူးပြဲေတာ္ စတင္က်င္းပေန

ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးတြင္ ရွမ္းႏွစ္သစ္ကူးပြဲေတာ္ စတင္က်င္းပေန
နိုဝင်ဘာ 27, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္းေဒသ၊ ေတာင္ႀကီးၿမိဳ႕နယ္ အေ၀ရာမီးပံုးပ်ံကြင္းတြင္ က်င္းပျပဳလုပ္ေနသည့္ ရွမ္းႏွစ္ ၂၁၁၁ခုႏွစ္ျပည့္ ရွမ္းႏွစ္သစ္ကူးပြဲေတာ္၏ ဖြင့္ပြဲကို ယေန႔ ႏို၀င္ဘာလ(၂၇)ရက္ေန႔ ညေန(၅)နာရီအခ်ိန္က က်င္းပျပဳလုပ္သည္။

ဖြင့္ပြဲသို႔ ရွမ္းျပည္နယ္အစိုးရအဖြ႔ဲ၀င္ ျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္္တာလင္းထြဋ္ ႏွင့္ တာ၀န္ရွိသူမ်ားက ဖဲႀကိဳးျဖတ္ဖြင့္လွစ္ခဲ့ၾကၿပီး ရွမ္းလူငယ္မ်ားအသင္း(S.Y.O)အဖြဲ႔မွ ရွမ္းရိုးရာ ကိႏၷရီ၊ ကိႏၷရာ၊ သိုးနယား အကမ်ား အပါအ၀င္ ရွမ္းရိုးရာ ဓါးသိုင္း/တုတ္သိုင္းတို႔ျဖင့္ ကျပေဖ်ာ္ေျဖခဲ့ၾကသည္။

ေတာင္ႀကီးတကၠသိုလ္မ်ား ရွမ္းစာေပႏွင့္ယဥ္ေက်းမႈအသင္း အပါအ၀င္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားမွလည္း ရိုးရာယဥ္ေက်းမႈအကမ်ားျဖင့္ ကျပေဖ်ာ္ေျဖခဲ့ၾကေၾကာင္း သိရသည္။

ေတာင္ႀကီးၿမိဳ႕တြင္ ရွမ္းႏွစ္သစ္ကူးပြဲေတာ္အား ႏို၀င္ဘာလ(၂၇)ရက္ေန႔မွ ဒီဇင္ဘာလ(၂)ရက္ေန႔အထိ (၅)ရက္တိတိ က်င္းပျပဳလုပ္သြားမွာ ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်းဒေသ၊ တောင်ကြီးမြို့နယ် အေဝရာမီးပုံးပျံကွင်းတွင် ကျင်းပပြုလုပ်နေသည့် ရှမ်းနှစ် ၂၁၁၁ခုနှစ်ပြည့် ရှမ်းနှစ်သစ်ကူးပွဲတော်၏ ဖွင့်ပွဲကို ယနေ့ နိုဝင်ဘာလ(၂၇)ရက်နေ့ ညနေ(၅)နာရီအချိန်က ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး ရှမ်းလူငယ်များအသင်း(S.Y.O)အဖွဲ့မှ ရှမ်းရိုးရာ ကိန္နရီ၊ ကိန္နရာ၊ သိုးနယား အကများ အပါအဝင် ရှမ်းရိုးရာ ဓားသိုင်း/တုတ်သိုင်းတို့ဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

တောင်ကြီးတက္ကသိုလ်များ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း အပါအဝင် ကျောင်းသား၊ ကျောင်းသူများမှလည်း ရိုးရာယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

တောင်ကြီးမြို့တွင် ရှမ်းနှစ်သစ်ကူးပွဲတော်အား နိုဝင်ဘာလ(၂၇)ရက်နေ့မှ ဒီဇင်ဘာလ(၂)ရက်နေ့အထိ (၅)ရက်တိတိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~