ယခုႏွစ္ ေတာင္ႀကီးတန္ေဆာင္တုိင္ပြဲေတာ္ ကာလအတြက္ ဟုိတယ္ခန္းမ်ား ႀကဳိတင္မွာယူမႈ ျမင့္တက္

ယခုႏွစ္ ေတာင္ႀကီးတန္ေဆာင္တုိင္ပြဲေတာ္ ကာလအတြက္ ဟုိတယ္ခန္းမ်ား ႀကဳိတင္မွာယူမႈ ျမင့္တက္
နိုဝင်ဘာ 1, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္းေဒသ၊ ေတာင္ႀကီးခရိုင္၊ ေတာင္ႀကီးၿမဳိ႕နယ္၏ တန္ေဆာင္တုိင္ပြဲေတာ္ ကာလအတြက္ ဟုိတယ္အခန္း ႀကဳိတင္မွာယူမႈမွာ ယခင္ႏွစ္ထက္ျမင့္တက္လာေၾကာင္း ေတာင္ႀကီးၿမဳိ႕ ဟုိတယ္ႏွင့္တည္းခုိခန္း လုပ္ငန္းလုပ္ကုိင္သူမ်ားထံမွ သိရသည္။

“အခန္းမွာ ယူတာက ပြဲေတာ္နီးေလ ပုိမ်ားေလပါပဲ။ ပြဲေတာ္က်င္းပတဲ့ ရက္အတြင္းက ပုိမ်ားတယ္။ အမ်ားဆုံးက အဖိတ္/လျပည့္ေန႔ေပါ့။ အခန္းခကေတာ့ ပြဲေတာ္အတြင္းမွာ အၿမဲတမ္းအခန္း ေစ်းႏႈန္းက တက္ပါတယ္” ဟု ေတာင္ႀကီးဟိုတယ္မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

၂၀၁၅ ခုႏွစ္ ပြဲေတာ္အတြင္း အခန္းႀကဳိတင္မွာယူမႈမွာ အခန္း(၁၀၀)၀န္းက်င္သာရွိခဲ့ဲၿပီး ယခုႏွစ္တြင္ ႏုိ၀င္ဘာလ (၂၅)ရက္ေန႔အထိ အခန္းမွာယူမႈမွာ(၁၂၀)ေက်ာ္အထိရွိေၾကာင္း ေတာင္ႀကီးဟုိတယ္မွ တာ၀န္ရွိသူထံမွ သိရသည္။

အခန္းမွာယူမႈ ျမင့္တက္သျဖင့္ အခန္းခႏႈန္းထားမ်ားလည္း ေစ်းတက္လာၿပီး ပုံမွန္ေစ်း က်ပ္(၂၄၀၀၀)ႏွင့္ က်ပ္(၆၀၀၀၀)ရွိသည့္ အခန္းခမ်ားမွာ ပြဲေတာ္ကာလျဖစ္သည့္ ႏုိ၀င္ဘာလ (၇) ရက္မွ (၁၄) အထိ အတြင္း အနိမ့္ဆုံးေစ်းႏႈန္းမွာ တစ္ခန္းလ်ွင္ က်ပ္(၁၂၀၀၀၀)ႏွင့္ အျမင့္ဆုံး က်ပ္(၃၀၀၀၀၀)အထိ တက္လာေၾကာင္း သိရသည္။

“တန္ေဆာင္တိုင္မွာ တည္းတဲ့လူမ်ားတယ္။ တခ်ဳိ႕ေတြအမ်ဳိးေတြ၊ ဘုန္းႀကီးေက်ာင္းမွာ အိပ္ၾကရတယ္။ အခန္းခေတြကလည္း တခ်ဳိ႕မတတ္နိုင္ၾကဘူးေလ။ တည္းခိုခန္းခလည္း ေစ်းတက္တာပဲ။ ပြဲတြင္းေတာ့ ကုန္ပစၥည္းလည္း ေစ်းႀကီးတယ္။ တည္းခိုခလည္းေစ်းႀကီးတယ္” ဟု တည္းခိုခန္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

ပြဲေတာ္ကာလအတြင္း မီးပုံးပ်ံကြင္းက်င္းပရာ ကြင္းေဘးပတ္၀န္းက်င္ ရပ္ကြက္ရွိရာ လူေနအိမ္မ်ား၌လည္း ကြင္းအနီးအေ၀းေပၚ မူတည္၍ အနိမ့္ဆုံး တည္းခုိစရိတ္ က်ပ္(၅၀၀၀)မွ က်ပ္(၂၀၀၀၀)အထိ အခန္းငွားျခင္းမ်ားရိွေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ေတာင္ႀကီးၿမဳိ႕တြင္ ဟုိတယ္(၃၃)လုံးရွိကာ အခန္းေပါင္း(၇၃၅)ခန္း၊ တည္းခုိခန္း(၁၁)ခန္း မွ အခန္းေပါင္း (၁၆၉)ခန္း ရွိေၾကာင္း ေတာင္ႀကီးၿမိဳ႕ ဟုိတယ္ႏွင့္ခရီးသြားညႊန္ၾကားမႈဦးစီးဌာနမွ သိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်းဒေသ၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၏ တန်ဆောင်တိုင်ပွဲတော် ကာလအတွက် ဟိုတယ်အခန်း ကြိုတင်မှာယူမှုမှာ ယခင်နှစ်ထက်မြင့်တက်လာကြောင်း တောင်ကြီးမြို့ ဟိုတယ်နှင့်တည်းခိုခန်း လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

“အခန်းမှာ ယူတာက ပွဲတော်နီးလေ ပိုများလေပါပဲ။ ပွဲတော်ကျင်းပတဲ့ ရက်အတွင်းက ပိုများတယ်။ အများဆုံးက အဖိတ်/လပြည့်နေ့ပေါ့။ အခန်းခကတော့ ပွဲတော်အတွင်းမှာ အမြဲတမ်းအခန်း ဈေးနှုန်းက တက်ပါတယ်” ဟု တောင်ကြီးဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၅ ခုနှစ် ပွဲတော်အတွင်း အခန်းကြိုတင်မှာယူမှုမှာ အခန်း(၁၀၀)ဝန်းကျင်သာရှိခဲ့ပြီး ယခုနှစ်တွင် နိုဝင်ဘာလ (၂၅)ရက်နေ့အထိ အခန်းမှာယူမှုမှာ(၁၂၀)ကျော်အထိရှိကြောင်း တောင်ကြီးဟိုတယ်မှ တာဝန်ရှိသူထံမှ သိရသည်။

အခန်းမှာယူမှု မြင့်တက်သဖြင့် အခန်းခနှုန်းထားများလည်း ဈေးတက်လာပြီး ပုံမှန်ဈေး ကျပ်(၂၄၀၀၀)နှင့် ကျပ်(၆၀၀၀၀)ရှိသည့် အခန်းခများမှာ ပွဲတော်ကာလဖြစ်သည့် နိုဝင်ဘာလ (၇) ရက်မှ (၁၄) အထိ အတွင်း အနိမ့်ဆုံးဈေးနှုန်းမှာ တစ်ခန်းလျှင် ကျပ်(၁၂၀၀၀၀)နှင့် အမြင့်ဆုံး ကျပ်(၃၀၀၀၀၀)အထိ တက်လာကြောင်း သိရသည်။

“တန်ဆောင်တိုင်မှာ တည်းတဲ့လူများတယ်။ တချို့တွေအမျိုးတွေ၊ ဘုန်းကြီးကျောင်းမှာ အိပ်ကြရတယ်။ အခန်းခတွေကလည်း တချို့မတတ်နိုင်ကြဘူးလေ။ တည်းခိုခန်းခလည်း ဈေးတက်တာပဲ။ ပွဲတွင်းတော့ ကုန်ပစ္စည်းလည်း ဈေးကြီးတယ်။ တည်းခိုခလည်းဈေးကြီးတယ်” ဟု တည်းခိုခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပွဲတော်ကာလအတွင်း မီးပုံးပျံကွင်းကျင်းပရာ ကွင်းဘေးပတ်ဝန်းကျင် ရပ်ကွက်ရှိရာ လူနေအိမ်များ၌လည်း ကွင်းအနီးအေဝးပေါ် မူတည်၍ အနိမ့်ဆုံး တည်းခိုစရိတ် ကျပ်(၅၀၀၀)မှ ကျပ်(၂၀၀၀၀)အထိ အခန်းငှါးခြင်းများရှိကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ကြီးမြို့တွင် ဟိုတယ်(၃၃)လုံးရှိကာ အခန်းပေါင်း(၇၃၅)ခန်း၊ တည်းခိုခန်း(၁၁)ခန်း မှ အခန်းပေါင်း (၁၆၉)ခန်း ရှိကြောင်း တောင်ကြီးမြို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~