သယံဇာတထုတ္လုပ္မႈ ဖြံ႕ၿဖိဳးေရးနွင့္ ယွဥ္တြဲ စဥ္းစားရမည့္ ရွမ္းအေရွ႕ေဒသခံတို႔၏ ဘဝ အာမခံမ်ား

သယံဇာတထုတ္လုပ္မႈ ဖြံ႕ၿဖိဳးေရးနွင့္ ယွဥ္တြဲ စဥ္းစားရမည့္ ရွမ္းအေရွ႕ေဒသခံတို႔၏ ဘဝ အာမခံမ်ား
နိုဝင်ဘာ 1, 2016
By Tachileik News Agency

ထုိင္းႏိုင္ငံႏွင့္နယ္စပ္ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕မွ ကားျဖင့္ နာရီဝက္ခရီးအကြာအေဝးတြင္ ရိွေနသည့္ မိုင္းကိုးေက်းရြာအုပ္စုသည္ ေတာင္တန္းမ်ား စပါးခင္းမ်ားျဖင့္ လွပလြန္းၿပီး ေအးခ်မ္းလွသည့္ ေဒသတစ္ခုျဖစ္သည္။

ရွမ္းႏွင့္ လားဟူတိုင္းရင္းသားမ်ားအမ်ားစု ေနထုိင္ၾကၿပီး ေတာင္ယာလုပ္ငန္းကို အဓိကလုပ္ကိုင္သည့္ မိုင္းကိုးေက်းရြာအုပ္စုေဒသ၏ အလွတရားမ်ားႏွင့္ ေအးခ်မ္းမႈသည္ ေဒသ၏ ၾကြယ္ဝလွသည့္ သယံဇာတေၾကာင့္ တည္ၿငိမ္မႈ ဖ်က္ဆီးခံေနရၿပီျဖစ္သည္။

သယံဇာတၾကြယ္ဝၿပီး ဖြံ႕ၿဖိဳးမႈနည္းပါးလွသည့္ ျမန္မာႏို္င္ငံ အေနျဖင့္ သယံဇာတထုတ္လုပ္မႈအား စနစ္တက် လုပ္ေဆာင္ေစရန္ ထိန္းေက်ာင္းႏိုင္မႈႏွင့္ သယံဇာတထုတ္လုပ္မႈမ်ားေၾကာင့္ ေဒသခံမ်ား အက်ိဳးစီးပြားကို ကာကြယ္ေပးႏုိင္မႈ မရိွျခင္းမ်ား၏ အက်ိဳးဆက္ကို မဂၢနီဒိုင္ေအာက္ဆိုဒ္သတၱဳ ထြက္ရိွသည့္ မိုင္းကိုးေက်းရြာအုပ္စုလည္း ေရွာင္လႊဲမရသည့္ အေျခအေနႏွင့္ ႀကံဳေနရၿပီျဖစ္သည္။

မိုင္းကိုးေက်းရြာအုပ္စု၏ အေနာက္ဘက္ရိွ အားရဲေတာင္ေၾကာတဝိုက္တြင္ ၂၀၀၉ ခုႏွစ္မတိုင္မီ ကာလမ်ားအထိ ေရႊ႕ေျပာင္း ေတာင္ယာစပါးခင္းမ်ားနွင့္ စိမ္းစိုေနသည့္ ေတာေတာင္မ်ားသာ ရိွခဲ့ေသာ္လည္း မဂၢနီဒိုင္ေအာက္ဆိုဒ္ သတၱဳ၊ ေငြ၊ ခဲ၊ သြပ္ႏွင့္ ေရႊရွာေဖြေရးလုပ္ငန္းလုပ္ေဆာင္ေနသည့္ ကုမၸဏီေပါင္း (၁၀)ခုခန္႔ လုပ္ငန္းလည္ပတ္ၿပီးေနာက္ ၂၀၁၆ ခုႏွစ္တြင္ ေျမနီေတာင္ကုန္းမ်ားကို ခ်ိဳင့္ခြက္မ်ားျဖင့္ ျမင္လာရၿပီျဖစ္သည္။

"တခ်ိန္တုန္းက ရြာသားေတြက ဒီေတာေတာင္ေတြဘက္က ေက်ာက္ခဲေတြလာျပတယ္။ ဒါကို သိနားလည္တဲ့ သူနဲ႔ျပလိုက္ေတာ့ ေငြ၊ ခဲ၊ သြပ္နဲ႔ မဂၢနီဒိုင္ေအာက္ဆိုဒ္ သတၱဳေတြ ထြက္တယ္ဆိုတာ သိလိုက္တာ။ ေနာက္ပိုင္း သတၱဳထုတ္လုပ္တဲ့လုပ္ငန္းကို တစ္စိုက္ မတ္မတ္လုပ္ကိုင္ခဲ့တာ။ အခုအခ်ိန္ထိပါပဲ"ဟု အားရဲသတၱဳတူးေဖၚေရးေဒသတြင္ သတၱဳတူးေဖၚေနသည့္ စိုင္းေလာ၀္ဟိန္းကုမၸဏီမွ မန္းေနဂ်င္းဒါရိုက္တာ ဦးတင္ႏြယ္က ေျပာသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ခရိုင္အတြင္း တာေလၿမိဳ႕ႏွင့္ က်ိဳင္းလုပ္ၿမိဳ႕ဧရိယာမ်ားအတြင္း၊  မယ္ေခါင္ျမစ္ႏွင့္ နီးစပ္သည့္ ေတာင္ေၾကာမ်ား တေလွ်ာက္တြင္ ေရႊတူးေဖၚမႈမ်ား လုပ္ေဆာင္ေနၾကၿပီး  မိုင္းကိုးေက်းရြာအုပ္စုအတြင္း ေဒသမ်ားတြင္ မဂၢနီဒိုင္ေအာက္ဆိုဒ္၊ ေငြ၊ ခဲ၊သြပ္ ေၾကးနီ တူးေဖၚျခင္းမ်ားကို လုပ္ေဆာင္ေနၾကျခင္းျဖစ္သည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသမ်ားတြင္ သတၱဳတူးေဖၚသည့္ ကုမၸဏီေပါင္း (၉၉)ခုရွိၿပီး တူးေဖၚရရိွသည့္ သတၱဳရိုင္းမ်ိဳးစံုကို တရုတ္ႏိုင္ငံ၏ သတၱဳေစ်းကြက္သို႔ အမ်ားဆံုး တင္ပို႔ေရာင္းခ်ေနျခင္းျဖစ္ေၾကာင္း သတၱဳလုပ္ငန္းရွင္မ်ားထံမွ သိရသည္။

အဆုိပါ ေဒသမ်ားတြင္ သယံဇာတ တူးေဖၚေရးလုပ္ငနး္မ်ား ဖြံ႕ၿဖိဳးလာမႈႏွင့္အတူ ေဒသခံမ်ား၏ လူေနထိုင္မႈ တည္ၿငိမ္မႈအေပၚ သက္ေရာက္မႈမ်ားလည္း ရိွလာေၾကာင္း သိရသည္။

အျမင္သာဆံုးအခ်က္မွာ သတၱဳတူးေဖၚေရး လုပ္ငနး္မ်ား အနီးရိွ ေက်းရြာ (၆)ရြာ၏ အဓိကလုပ္ငန္းျဖစ္သည့္ စပါးစိုက္ခင္းမ်ားတြင္ သတၱဳတူးေဖၚေရးလုပ္ငန္းမ်ား၏ စြန္႔ပစ္ေျမစာမ်ားေၾကာင့္ စပါးအထြက္ႏႈန္းမ်ား ႏွစ္စဥ္ သိသိသာသာ ေလ်ာ့က်လာျခင္းျဖစ္သည္။

သတၱဳတူးေဖၚေရး လုပ္ငန္းမ်ားလုပ္ေဆာင္ရာ ေတာင္ေၾကာ၏ အေရွ႕ဘက္တြင္ ေမာ္တီြေခ်ာင္းနွင့္ အေနာက္ဘက္တြင္ နမ့္တြန္ေခ်ာင္းစီးဆင္းေနရာ စြန္႔ပစ္ေျမစာမ်ားက အဆိုပါေခ်ာင္းမ်ားမွ တဆင့္ လယ္ေျမမ်ားအတြင္း ဝင္ေရာက္ေနျခငး္ျဖစ္ေၾကာင္း သိရသည္။

"သတၱဳေျမစာေတြက မိုးရြာရင္ ေတာင္က်ေခ်ာင္းေရနဲ႔အတူစီးဆင္းလာတာ သတၱဳလုပ္ကြက္ေတြနဲ႔ နီးတဲ့ လယ္ကြက္ေတြဆို ေက်ာက္တံုးေက်ာက္ခဲအႀကီးႀကီးေတြပါပါတယ္။ တစ္ခ်ိဳ႕လယ္ေတြဆိုလံုး၀ စိုက္ပ်ိဳးလို႔မရေတာ့ဘူး။ ေျမစာေတြလယ္ေျမထဲ၀င္ရင္ စိုက္ပ်ိဳးလို႔လည္း သီးႏွံမေအာင္ေတာ့ဘူး။ အရင္က တစ္ႏွစ္ကုိ တင္း(၈၀)ေလာက္ထြက္ရင္ ေျမစာ၀င္ေရာက္တဲ့လယ္ဆို တင္း(၅၀)ေတာင္အႏိုင္ႏိုင္"ဟု ေဒသခံလယ္သမားျဖစ္သည့္ ကိုလီဆာက ေျပာသည္။

ယင္းကဲ့သို႔ ေဒသခံမ်ား၏ ဆံုးရံႈးနစ္နာမႈမ်ားအတြက္ သတၱဳတူးေဖၚေရးလုပ္ငန္းရွင္မ်ားက ႏွစ္စဥ္ သီးႏွံေလ်ာ္ေၾကးမ်ား ေပးေနေသာ္လည္း ေဒသခံမ်ားအေနျဖင့္ ေလ်ာ့က်လာသည့္ အထြက္ႏႈန္းႏွင့္ သီးႏွံေလ်ာ္ေၾကးေပးေခ်မႈဆိုင္ရာ အခက္အခဲမ်ားေၾကာင့္ အဆင္မေျပျဖစ္ေနရဆဲျဖစ္ေၾကာင္း သိရသည္။

"အရင္က ေလ်ာ္ေၾကးေငြကို အျပတ္ေပးပါတယ္။ အရင္ႏွစ္က တစ္ခါနည္းနည္းပဲ ေပးတဲ့အတြက္ ၀ယ္စားဖို ့အတြက္လည္း မလုံေလာက္ပါဘူး။ ဘာမွလည္း လုပ္လို ့မရဘူးေလ။ ျဖစ္ႏိုင္ရင္ေတာ့ တစ္ခါတည္း အျပတ္ေပးေစခ်င္ပါတယ္။ သူတို ့ေပးတဲ့ ေငြက သူတို ့ဆီသြားေတာင္းဖို ့ သြားတဲ့ လမ္းစရိတ္နဲ ့တင္ ေတာ္ေတာ္ကုန္ပါတယ္။"ဟု ဟာၾကားရြာမွ ဦးအားဆို ့က ေျပာသည္။

အဆိုပါေဒသတြင္ သတၱဳတူးေဖၚျခင္းေၾကာင့္ လယ္ေျမမ်ားထိခို္က္မႈအျပင္ သစ္ေတာမ်ားျပဳန္းတီးမႈႏွင့္လည္း ရင္ဆိုင္ေနရေၾကာင္း သိရသည္။

" ကၽြန္ေတာ္တို႔ ရြာနားက ေတာေတြ ေတာင္ေတြက ငယ္ငယ္တုန္းက စိမ္းစိုၿပီး သစ္ပင္အႀကီးႀကီးေတြနဲ႔ အခုလာၾကည့္ ေတာင္တစ္ခုလံုး ကတံုးျဖစ္သြားတဲ့အျပင္ ေတာင္ႀကီးကိုပါ ၿဖိဳပစ္လိုက္တာ။ အရင္က ထင္းခုတ္ရတာ လြယ္တယ္။ အခု ထင္းေတာင္ ရွားသြားၿပီ။ "ဟု တာေလၿမိဳ႕၊ နားဟိုင္းလံုေက်းရြာေန ကိုစိုင္းလံုက ေျပာသည္။

ျမန္မာႏုိင္ငံတစ္နိုင္ငံလံုး၏ သစ္ေတာျပဳန္းတီးမႈအတိုင္းအတာမွာ ၂၀၀၉ ခုႏွစ္မတုိင္မီက တစ္ႏွစ္လွ်င္ သစ္ေတာဧရိယာ ဟက္တာ (၉၇၀၀၀) ေက်ာ္ ဆုံး႐ႈံးခဲ့ရာမွ ၂၀၁၆ ခုႏွစ္တြင္ ဟက္တာ (၁၈၅၀၀၀) ေက်ာ္အထိ ႏွစ္ဆတုိး ဆုံး႐ႈံးလာေနၿပီျဖစ္ေၾကာင္း Environmental Investigation Agency(EIA) က ထုတ္ျပန္သည့္ “ ျမန္မာ ႏွင့္ တ႐ုတ္ႏုိင္ငံတုိ႔အၾကား တရားမ၀င္ ကုန္လမ္းေၾကာင္း သစ္ကုန္သြယ္မႈ ” အစီရင္ခံစာတြင္ ေဖၚျပထားသည္ကို ေတြ႔ရသည္။

သို႔ေသာ္ ျမန္မာႏုိင္ငံ၏ သစ္ေတာျပဳန္းတီးမႈအေၾကာင္းရင္းမ်ားတြင္ သတၱဳတူးေဖၚမႈေၾကာင့္ျဖစ္ပြားမႈ ရာခိုင္ႏႈန္းနည္းသည္ဟု ျမန္မာႏိုင္ငံသတၱဳလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္မွ တာ၀န္ရွိသူတစ္ဦးက ျငင္းဆိုထားသည္။

"ကၽြန္ေတာ္တို႔ တစ္ႏိုင္ငံလံုးမွာ သတၱဳတူးေဖၚတဲ့ဧရိယာက (၀.၄၃)ရာခိုင္ႏွဳန္းပဲ တူးေဖၚေနတာပါ။ ကၽြန္ေတာ္တို႔ သတၱဳတူးေဖၚတာ တစ္ႏိုင္ငံလံုးရဲ႕ ေျမကို အသံုးခ်ေနတာ မဟုတ္တဲ့အတြက္ ကၽြန္ေတာ္တို႔ အသံုးျပဳတဲ့ ဧရိယာမွာေတာ့ ပ်က္စီးေကာင္း ပ်က္စီးမယ္။ က်န္တဲ့ေနရာေတြမွာ ပ်က္စီးသြားတဲ့ သစ္ေတာျပဳန္းတီးမႈေတာ့ ကၽြန္ေတာ္တို႔နဲ႔ မဆိုင္ပါဘူး"ဟု ျမန္မာႏိုင္ငံ သတၱဳလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ ဥကၠဌ ဦးခင္ေမာင္ဟန္က ေျပာသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ ေဒသအလိုက္သတၱဳအမ်ိဳးမ်ိဳးထုတ္လုပ္မႈမ်ားရိွေနၿပီး ေဒသတြင္း ေတာေတာင္ သဘာဝ ပ်က္စီးလာမႈမ်ားေၾကာင့္ ေဒသခံမ်ား၏ ထိခိုက္မႈကို ထည့္သြင္း စဥ္းစားေပးႏုိင္ရန္ ေဒသခံမ်ားက လိုအပ္ေနျခင္းျဖစ္သည္။

"သတၱဳတူးတယ္ဆိုတာ ႏိုင္ငံေတာ္က ခြင့္ျပဳေပးလို႔တူးတာ တူးပါ။ အျပစ္မေျပာပါဘူး။ ဒါေပမဲ့ ကၽြန္ေတာ္တို႔ ေဒသခံလယ္သမားေတြရဲ႕ ေရွ႕ေရးလည္း ထည့္စဥ္းစားေပးခ်င္တယ္။ ဒီလယ္ယာေျမမွ မလုပ္ကိုင္ရင္ ကၽြန္ေတာ္တို႔ တျခားဘာမွမလုပ္တတ္ဘူး။ အခုဆို လယ္ေတြက အထြက္ႏွဳန္းေတြလည္း မေကာင္းေတာ့ ကေလးေတြလည္း ေက်ာင္းမထားႏိုင္ဘူး။ ထုိင္းႏိုင္ငံပို႔ၿပီး အလုပ္လုပ္ခုိင္းရတယ္။ ဒီသတၱဳတူးေဖၚမႈေၾကာင့္ ေဒသဖြံ႕ၿဖိဳးတိုးတက္တာဆိုလို႔ သတၱဳသယ္တဲ့လမ္းကို ျပင္ေပးတာပဲ ရွိတယ္။ ေဆးခန္း၊ ေက်ာင္း၊ ဘာတစ္ခုမွ မလုပ္ေပးဘူး။ အရင္ကလိုပဲ တအားေနမေကာင္းျဖစ္ရင္ ၿမိဳ႕ေပၚသြားရတယ္။ ကေလးေတြ အတန္းနည္းနည္းႀကီးလာရင္ တာခ်ီလိတ္မွာသြားထားရတယ္။ ပိုက္ဆံမရွိေတာ့ ထိုင္းႏိုင္ငံပို႔တယ္။ မပို႔ရင္လည္း ဒီမွာ မူးယစ္ေဆး၀ါးသံုးစြဲလို႔ မိဘပစၥည္းေတြကို ခိုးေရာင္းစားတာနဲ႔ ပ်က္စီးကုန္ၿပီ"ဟု ေမာ္တြီေက်းရြာတြင္ေနထိုင္သည့္ တပ္မေတာ္မွ အၿငိမ္းစားယူခဲ့သည့္ တပ္ၾကပ္ႀကီး တစ္ဦးက ေျပာသည္။

သတၱဳတူးေဖၚသည့္လုပ္ငန္းမ်ားမွ စြန္႔ပစ္ေျမစာမ်ား လယ္ေျမတြင္း ဝင္ေရာက္ျခင္းမွ တားျမစ္ရန္ လုပ္ငန္းရွင္မ်ားအေနျဖင့္ ႏုန္းစစ္ကန္မ်ား လုပ္ေဆာင္ရန္ ေဒသခံမ်ားက ေတာင္းဆိုထားသည္ကို လုပ္ေဆာင္ေပးျခင္းမရိွေသးေၾကာင္း သိရသည္။

စြန္ ့ပစ္ေျမစာမ်ား ေခ်ာင္းအတြင္း က်ေရာက္ျခင္းမရိွရန္အတြက္ ေျမထိန္းနံရံႏွင့္ ႏုန္းစစ္ကန္မ်ား ျပဳလုပ္ေပးရန္ မိုင္းကိုးအုပ္စု အတြင္း သတၱဳတူးေဖာ္ေနၾကေသာ ကုမၸဏီမ်ားအား ေတာင္းဆိုေသာ္လည္း လိုက္ေလ်ာေပးျခင္းမရိွေသးဘဲ ႏွစ္စဥ္ သီးႏွံေလ်ာ္ေၾကးမ်ားကိုသာ ေပးလ်က္ရိွေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

"ကုမၸဏီေတြရဲ ့ လုပ္ကြက္ေတြမွာ ႏုန္းစစ္ကန္ေတြ တည္ေဆာက္ေပးဖို ့ ေတာင္းဆိုတဲ့ ကိစၥကို ကၽြန္ေတာ္တို ့ အသင္းအေနနဲ ့ ေဒသခံနဲ ့ လုပ္ငန္းရွင္ေတြကို ေတြ ့ဆုံျပီး ညႇိႏႈိင္း ေဆာင္ရြက္ ေပးသြားမွာပါ။"ဟု ရွမ္းျပည္နယ္(အေရွ ့ပိုင္း) သတၱဳလုပ္ငန္းရွင္မ်ားအသင္း ဥကၠဌ ဦးျမင့္ဦး(မုတ္ဆိတ္)က ေျပာသည္။

မိုင္းကိုးေက်းရြာအုပ္စု အတြင္းတြင္ သတၱဳတူးေဖာ္မႈမ်ား လုပ္ကိုင္ေနၾကသည့္ ကုမၸဏီမ်ားအေနျဖင့္ ၎တို ့ ၏ လုပ္ကြက္မ်ား အတြင္းမွ စြန္႔ပစ္ေျမစာမ်ားကို မထိန္းႏုိင္သည့္အတြက္ အနီးနားေက်းရြာမ်ားမွ လယ္ဧက(၁၂၈.၆၅)ခန္ ့ ပ်က္စီးဆုံးရႈံးလွ်က္ရိွေၾကာင္း သိရသည္။

သတၱဳတူးေဖၚမႈမ်ားေၾကာင့္ ပတ္ဝန္းက်င္ပ်က္စီးမႈ၏ အျခားအကိ်ဳးဆက္အေနျဖင့္ ေဒသခံမ်ား၏ ရိုးရာဓေလ့ျဖစ္သည့္ ေတာလိုက္သားေကာင္ပစ္ရာတြင္လည္း သားေကာင္ရရွိမႈ နည္းပါးသြားေၾကာင္း သိရသည္။

ယခုသတၱဳတူးေဖၚေနသည့္ အားရဲေတာင္ေၾကာႏွင့္ ေတာင္ေပၚ(၅)အုပ္စုေတာမ်ားအတြင္း သမင္၊ ဒရယ္၊ ဆတ္၊ ဂ်ီႏွင့္ ေတာ၀က္မ်ား ေပါမ်ားေသာ္လည္း ယခုအခါ သားေကာင္ရရိွရန္ ခက္ခဲလာၿပီျဖစ္ေၾကာင္း သိရသည္။

"အရင္ကဆိုရင္ စားပါးစိုက္ခါစအခ်ိန္ဆို ေတာင္ယာထဲမွာ ညအိပ္ေစာင့္ရတယ္။ ေတာ၀က္ေတြလာတူးလို႔။ အခုဆို ဘာေကာင္မွကိုမရွိေတာ့တာ။ အသားစားခ်င္ရင္ အိမ္မွာေမြးတဲ့ ၀က္နဲ႔ ၾကက္ပဲ ရေတာ့တယ္။ ေတာင္ယာေစာင့္ရင္ လူ(၅)ေယာက္ေလာက္ စုၿပီး အရင္က ေတာပစ္လိုက္ေနၾက။ အခုဆို ေတာင္ယာမွာ "ယာမ"ေသာက္ပီး ညေစာင့္လုပ္တာပဲရွိတယ္"ဟု ေဒသခံတစ္ဦးက ေျပာသည္။

သတၱဳလုပ္ကြက္မ်ား လာေရာက္လုပ္ကိုင္ေနသည့္ တရုတ္ႏုိင္ငံသားအမ်ားအျပားလည္း ရိွေနၿပီး သတၱဳလုပ္ငန္းခြင္မ်ားႏွင့္အတူ လူမႈဝန္းက်င္အေပၚ အေျပာင္းအလဲအခ်ိဳ႕လည္းရိွလာသည္ဟု ေဒသခံမ်ားက ဆိုသည္။

သတၱဳလုပ္ငန္းမ်ားဖြံ႕ၿဖိဳးလာသည့္ေနာက္ပိုင္း အနီးဝန္းက်င္ေက်းရြာမ်ားတြင္ ဘိန္းမဲႏွင့္ စိတ္ၾကြေဆးျပားမ်ား ေပါမ်ားလာၿပီး လူငယ္အမ်ားစုမွာ မူးယစ္ေဆး၀ါး သံုးစြဲမႈမ်ားလာသည္ဟု ေဒသခံမ်ားက ဆိုသည္။

လက္ရိွတြင္ ႏိုင္ငံ၏ၾကြယ္ဝလွသည့္သယံဇာထုတ္လုပ္ေရးလုပ္ငန္း ဖြံ႕ၿဖိဳးမႈနွင့္အတူ သက္ဆုိင္ရာမ်ားက မျဖစ္မေန သတိထားေဆာင္ရြက္ရမည့္ အေရးႀကီးကိစၥမွာ သယံဇာတၾကြယ္ဝသည့္ေဒသမ်ားတြင္ မွီတင္းေနထုိင္ၾကသည့္ ေဒသခံမ်ား၏ လူမႈဝန္းက်င္၊ လူမႈစီးပြားအေျခအေန မပ်က္စီးေစေရးႏွင့္ လူသားရင္းျမစ္ ဖြံ႕ၿဖိဳးမႈကို ထိခိုက္ေစမည့္အႏၱရာယ္မ်ားအား ထိန္းသိမ္းေရးပင္ ျဖစ္သည္။

ရွမး္ျပည္နယ္အေရွ႕ပိုင္း မုိင္းကိုးေက်းရြာအုပ္စု ေဒသခံမ်ားအေနျဖင့္လည္း မ်က္ျမင္တြင္ ပ်က္စီးသြားသည့္ သဘာဝပတ္ဝန္းက်င္အေျခအေနႏွင့္အတူ သတၱဳလုပ္ငန္းမ်ား ထြက္ခြာသြားခ်ိန္တြင္ က်န္ခဲ့မည့္ မ်ိဳးဆက္မ်ားႏွင့္ ၎တို႔ဘဝမ်ား၏ အာမခံခ်က္မ်ားအေၾကာင္းကို ယွဥ္ထိုးစဥ္းစား စိုးရိမ္ေနၾကရဆဲျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံနှင့်နယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှ ကားဖြင့် နာရီဝက်ခရီးအကွာအဝေးတွင် ရှိနေသည့် မိုင်းကိုးကျေးရွာအုပ်စုသည် တောင်တန်းများ စပါးခင်းများဖြင့် လှပလွန်းပြီး အေးချမ်းလှသည့် ဒေသတစ်ခုဖြစ်သည်။

ရှမ်းနှင့် လားဟူတိုင်းရင်းသားများအများစု နေထိုင်ကြပြီး တောင်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်သည့် မိုင်းကိုးကျေးရွာအုပ်စုဒေသ၏ အလှတရားများနှင့် အေးချမ်းမှုသည် ဒေသ၏ ကြွယ်ဝလှသည့် သယံဇာတကြောင့် တည်ငြိမ်မှု ဖျက်ဆီးခံနေရပြီဖြစ်သည်။

သယံဇာတကြွယ်ဝပြီး ဖွံ့ဖြိုးမှုနည်းပါးလှသည့် မြန်မာနို်င်ငံ အနဖြေင့် သယံဇာတထုတ်လုပ်မှုအား စနစ်တကျ လုပ်ဆောင်စေရန် ထိန်းကျောင်းနိုင်မှုနှင့် သယံဇာတထုတ်လုပ်မှုများကြောင့် ဒေသခံများ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်မှု မရှိခြင်းများ၏ အကျိုးဆက်ကို မဂ္ဂနီဒိုင်အောက်ဆိုဒ်သတ္တု ထွက်ရှိသည့် မိုင်းကိုးကျေးရွာအုပ်စုလည်း ရှောင်လွှဲမရသည့် အခြေအနေနှင့် ကြုံနေရပြီဖြစ်သည်။

မိုင်းကိုးကျေးရွာအုပ်စု၏ အနောက်ဘက်ရှိ အားရဲတောင်ကြောတဝိုက်တွင် ၂၀၀၉ ခုနှစ်မတိုင်မီ ကာလများအထိ ရွှေ့ပြောင်း တောင်ယာစပါးခင်းများနှင့် စိမ်းစိုနေသည့် တောတောင်များသာ ရှိခဲ့သော်လည်း မဂ္ဂနီဒိုင်အောက်ဆိုဒ် သတ္တု၊ ငွေ၊ ခဲ၊ သွပ်နှင့် ရွှေရှာဖွေရေးလုပ်ငန်းလုပ်ဆောင်နေသည့် ကုမ္ပဏီပေါင်း (၁၀)ခုခန့် လုပ်ငန်းလည်ပတ်ပြီးနောက် ၂၀၁၆ ခုနှစ်တွင် မြေနီတောင်ကုန်းများကို ချိုင့်ခွက်များဖြင့် မြင်လာရပြီဖြစ်သည်။

"တချိန်တုန်းက ရွာသားတွေက ဒီတောတောင်တွေဘက်က ကျောက်ခဲတွေလာပြတယ်။ ဒါကို သိနားလည်တဲ့ သူနဲ့ပြလိုက်တော့ ငွေ၊ ခဲ၊ သွပ်နဲ့ မဂ္ဂနီဒိုင်အောက်ဆိုဒ် သတ္တုတွေ ထွက်တယ်ဆိုတာ သိလိုက်တာ။ နောက်ပိုင်း သတ္တုထုတ်လုပ်တဲ့လုပ်ငန်းကို တစ်စိုက် မတ်မတ်လုပ်ကိုင်ခဲ့တာ။ အခုအချိန်ထိပါပဲ"ဟု အားရဲသတ္တုတူးဖော်ရေးဒေသတွင် သတ္တုတူးဖော်နေသည့် စိုင်းလောဝ်ဟိန်းကုမ္ပဏီမှ မန်းနေဂျင်းဒါရိုက်တာ ဦးတင်နွယ်က ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်း တာလမြေို့နှင့် ကျိုင်းလုပ်မြို့ဧရိယာများအတွင်း၊ မယ်ခေါင်မြစ်နှင့် နီးစပ်သည့် တောင်ကြောများ တလျှောက်တွင် ရွှေတူးဖော်မှုများ လုပ်ဆောင်နကြပြေီး မိုင်းကိုးကျေးရွာအုပ်စုအတွင်း ဒေသများတွင် မဂ္ဂနီဒိုင်အောက်ဆိုဒ်၊ ငွေ၊ ခဲ၊သွပ် ကြေးနီ တူးဖော်ခြင်းများကို လုပ်ဆောင်နကြခြေင်းဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများတွင် သတ္တုတူးဖော်သည့် ကုမ္ပဏီပေါင်း (၉၉)ခုရှိပြီး တူးဖော်ရရှိသည့် သတ္တုရိုင်းမျိုးစုံကို တရုတ်နိုင်ငံ၏ သတ္တုဈေးကွက်သို့ အများဆုံး တင်ပို့ရောင်းချနခြေင်းဖြစ်ကြောင်း သတ္တုလုပ်ငန်းရှင်များထံမှ သိရသည်။

အဆိုပါ ဒေသများတွင် သယံဇာတ တူးဖော်ရေးလုပ်ငနး်များ ဖွံ့ဖြိုးလာမှုနှင့်အတူ ဒေသခံများ၏ လူနေထိုင်မှု တည်ငြိမ်မှုအပေါ် သက်ရောက်မှုများလည်း ရှိလာကြောင်း သိရသည်။

အမြင်သာဆုံးအချက်မှာ သတ္တုတူးဖော်ရေး လုပ်ငနး်များ အနီးရှိ ကျေးရွာ (၆)ရွာ၏ အဓိကလုပ်ငန်းဖြစ်သည့် စပါးစိုက်ခင်းများတွင် သတ္တုတူးဖော်ရေးလုပ်ငန်းများ၏ စွန့်ပစ်မြေစာများကြောင့် စပါးအထွက်နှုန်းများ နှစ်စဉ် သိသိသာသာ လျော့ကျလာခြင်းဖြစ်သည်။

သတ္တုတူးဖော်ရေး လုပ်ငန်းများလုပ်ဆောင်ရာ တောင်ကြော၏ အရှေ့ဘက်တွင် မော်တွီချောင်းနှင့် အနောက်ဘက်တွင် နမ့်တွန်ချောင်းစီးဆင်းနေရာ စွန့်ပစ်မြေစာများက အဆိုပါချောင်းများမှ တဆင့် လယ်မြေများအတွင်း ဝင်ရောက်နခြေငး်ဖြစ်ကြောင်း သိရသည်။

"သတ္တုမြေစာတွေက မိုးရွာရင် တောင်ကျချောင်းရေနဲ့အတူစီးဆင်းလာတာ သတ္တုလုပ်ကွက်တွေနဲ့ နီးတဲ့ လယ်ကွက်တွေဆို ကျောက်တုံးကျောက်ခဲအကြီးကြီးတွေပါပါတယ်။ တစ်ချို့လယ်တွေဆိုလုံးဝ စိုက်ပျိုးလို့မရတော့ဘူး။ မြေစာတွေလယ်မြေထဲဝင်ရင် စိုက်ပျိုးလို့လည်း သီးနှံမအောင်တော့ဘူး။ အရင်က တစ်နှစ်ကို တင်း(၈၀)လောက်ထွက်ရင် မြေစာဝင်ရောက်တဲ့လယ်ဆို တင်း(၅၀)တောင်အနိုင်နိုင်"ဟု ဒေသခံလယ်သမားဖြစ်သည့် ကိုလီဆာက ပြောသည်။

ယင်းကဲ့သို့ ဒေသခံများ၏ ဆုံးရှုံးနစ်နာမှုများအတွက် သတ္တုတူးဖော်ရေးလုပ်ငန်းရှင်များက နှစ်စဉ် သီးနှံလျော်ကြေးများ ပေးနေသော်လည်း ဒေသခံများအနဖြေင့် လျော့ကျလာသည့် အထွက်နှုန်းနှင့် သီးနှံလျော်ကြေးပေးချေမှုဆိုင်ရာ အခက်အခဲများကြောင့် အဆင်မပြဖြေစ်နေရဆဲဖြစ်ကြောင်း သိရသည်။

"အရင်က လျော်ကြေးငွေကို အပြတ်ပေးပါတယ်။ အရင်နှစ်က တစ်ခါနည်းနည်းပဲ ပေးတဲ့အတွက် ဝယ်စားဖို့အတွက်လည်း မလုံလောက်ပါဘူး။ ဘာမှလည်း လုပ်လို့မရဘူးလေ။ ဖြစ်နိုင်ရင်တော့ တစ်ခါတည်း အပြတ်ပေးစေချင်ပါတယ်။ သူတို့ပေးတဲ့ ငွေက သူတို့ဆီသွားတောင်းဖို့ သွားတဲ့ လမ်းစရိတ်နဲ့တင် တော်တော်ကုန်ပါတယ်။"ဟု ဟာကြားရွာမှ ဦးအားဆို့က ပြောသည်။

အဆိုပါဒေသတွင် သတ္တုတူးဖော်ခြင်းကြောင့် လယ်မြေများထိခို်က်မှုအပြင် သစ်တောများပြုန်းတီးမှုနှင့်လည်း ရင်ဆိုင်နေရကြောင်း သိရသည်။

" ကျွန်တော်တို့ ရွာနားက တောတွေ တောင်တွေက ငယ်ငယ်တုန်းက စိမ်းစိုပြီး သစ်ပင်အကြီးကြီးတွေနဲ့ အခုလာကြည့် တောင်တစ်ခုလုံး ကတုံးဖြစ်သွားတဲ့အပြင် တောင်ကြီးကိုပါ ဖြိုပစ်လိုက်တာ။ အရင်က ထင်းခုတ်ရတာ လွယ်တယ်။ အခု ထင်းတောင် ရှားသွားပြီ။ "ဟု တာလမြေို့၊ နားဟိုင်းလုံကျေးရွာနေ ကိုစိုင်းလုံက ပြောသည်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ သစ်တောပြုန်းတီးမှုအတိုင်းအတာမှာ ၂၀၀၉ ခုနှစ်မတိုင်မီက တစ်နှစ်လျှင် သစ်တောဧရိယာ ဟက်တာ (၉၇၀၀၀) ကျော် ဆုံးရှုံးခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် ဟက်တာ (၁၈၅၀၀၀) ကျော်အထိ နှစ်ဆတိုး ဆုံးရှုံးလာနပြေီဖြစ်ကြောင်း ညြလငမသညာနညအေူ ဿညလနျအငါအေငသည ဗာနညခပ(ြဿဗ) က ထုတ်ပြန်သည့် “ မြန်မာ နှင့် တရုတ်နိုင်ငံတို့အကြား တရားမဝင် ကုန်လမ်းကြောင်း သစ်ကုန်သွယ်မှု ” အစီရင်ခံစာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

သို့သော် မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုအကြောင်းရင်းများတွင် သတ္တုတူးဖော်မှုကြောင့်ဖြစ်ပွားမှု ရာခိုင်နှုန်းနည်းသည်ဟု မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ငြင်းဆိုထားသည်။

"ကျွန်တော်တို့ တစ်နိုင်ငံလုံးမှာ သတ္တုတူးဖော်တဲ့ဧရိယာက (ဝ.၄၃)ရာခိုင်နှုန်းပဲ တူးဖော်နေတာပါ။ ကျွန်တော်တို့ သတ္တုတူးဖော်တာ တစ်နိုင်ငံလုံးရဲ့ မြေကို အသုံးချနေတာ မဟုတ်တဲ့အတွက် ကျွန်တော်တို့ အသုံးပြုတဲ့ ဧရိယာမှာတော့ ပျက်စီးကောင်း ပျက်စီးမယ်။ ကျန်တဲ့နေရာတွေမှာ ပျက်စီးသွားတဲ့ သစ်တောပြုန်းတီးမှုတော့ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး"ဟု မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးခင်မောင်ဟန်က ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ဒေသအလိုက်သတ္တုအမျိုးမျိုးထုတ်လုပ်မှုများရှိနပြေီး ဒေသတွင်း တောတောင် သဘာဝ ပျက်စီးလာမှုများကြောင့် ဒေသခံများ၏ ထိခိုက်မှုကို ထည့်သွင်း စဉ်းစားပေးနိုင်ရန် ဒေသခံများက လိုအပ်နခြေင်းဖြစ်သည်။

"သတ္တုတူးတယ်ဆိုတာ နိုင်ငံတော်က ခွင့်ပြုပေးလို့တူးတာ တူးပါ။ အပြစ်မပြောပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဒေသခံလယ်သမားတွေရဲ့ ရှေ့ရေးလည်း ထည့်စဉ်းစားပေးချင်တယ်။ ဒီလယ်ယာမြေမှ မလုပ်ကိုင်ရင် ကျွန်တော်တို့ တခြားဘာမှမလုပ်တတ်ဘူး။ အခုဆို လယ်တွေက အထွက်နှုန်းတွေလည်း မကောင်းတော့ ကလေးတွေလည်း ကျောင်းမထားနိုင်ဘူး။ ထိုင်းနိုင်ငံပို့ပြီး အလုပ်လုပ်ခိုင်းရတယ်။ ဒီသတ္တုတူးဖော်မှုကြောင့် ဒေသဖွံ့ဖြိုးတိုးတက်တာဆိုလို့ သတ္တုသယ်တဲ့လမ်းကို ပြင်ပေးတာပဲ ရှိတယ်။ ဆေးခန်း၊ ကျောင်း၊ ဘာတစ်ခုမှ မလုပ်ပေးဘူး။ အရင်ကလိုပဲ တအားနေမကောင်းဖြစ်ရင် မြို့ပေါ်သွားရတယ်။ ကလေးတွေ အတန်းနည်းနည်းကြီးလာရင် တာချီလိတ်မှာသွားထားရတယ်။ ပိုက်ဆံမရှိတော့ ထိုင်းနိုင်ငံပို့တယ်။ မပို့ရင်လည်း ဒီမှာ မူးယစ်ဆေးဝါးသုံးစွဲလို့ မိဘပစ္စည်းတွေကို ခိုးရောင်းစားတာနဲ့ ပျက်စီးကုန်ပြီ"ဟု မော်တွီကျေးရွာတွင်နေထိုင်သည့် တပ်မတော်မှ အငြိမ်းစားယူခဲ့သည့် တပ်ကြပ်ကြီး တစ်ဦးက ပြောသည်။

သတ္တုတူးဖော်သည့်လုပ်ငန်းများမှ စွန့်ပစ်မြေစာများ လယ်မြေတွင်း ဝင်ရောက်ခြင်းမှ တားမြစ်ရန် လုပ်ငန်းရှင်များအနဖြေင့် နုန်းစစ်ကန်များ လုပ်ဆောင်ရန် ဒေသခံများက တောင်းဆိုထားသည်ကို လုပ်ဆောင်ပေးခြင်းမရှိသေးကြောင်း သိရသည်။

စွန့်ပစ်မြေစာများ ချောင်းအတွင်း ကျရောက်ခြင်းမရှိရန်အတွက် မြေထိန်းနံရံနှင့် နုန်းစစ်ကန်များ ပြုလုပ်ပေးရန် မိုင်းကိုးအုပ်စု အတွင်း သတ္တုတူးဖော်နကြေသော ကုမ္ပဏီများအား တောင်းဆိုသော်လည်း လိုက်လျောပေးခြင်းမရှိသေးဘဲ နှစ်စဉ် သီးနှံလျော်ကြေးများကိုသာ ပေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

"ကုမ္ပဏီတွေရဲ့ လုပ်ကွက်တွေမှာ နုန်းစစ်ကန်တွေ တည်ဆောက်ပေးဖို့ တောင်းဆိုတဲ့ ကိစ္စကို ကျွန်တော်တို့ အသင်းအနေနဲ့ ဒေသခံနဲ့ လုပ်ငန်းရှင်တွေကို တွေ့ဆုံပြီး ညှိနှိုင်း ဆောင်ရွက် ပေးသွားမှာပါ။"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်ဦး(မုတ်ဆိတ်)က ပြောသည်။

မိုင်းကိုးကျေးရွာအုပ်စု အတွင်းတွင် သတ္တုတူးဖော်မှုများ လုပ်ကိုင်နကြေသည့် ကုမ္ပဏီများအနဖြေင့်၎င်းတို့၏ လုပ်ကွက်များ အတွင်းမှ စွန့်ပစ်မြေစာများကို မထိန်းနိုင်သည့်အတွက် အနီးနားကျေးရွာများမှ လယ်ဧက(၁၂၈.၆၅)ခန့် ပျက်စီးဆုံးရှုံးလျှက်ရှိကြောင်း သိရသည်။

သတ္တုတူးဖော်မှုများကြောင့် ပတ်ဝန်းကျင်ပျက်စီးမှု၏ အခြားအကျိုးဆက်အနဖြေင့် ဒေသခံများ၏ ရိုးရာဓလေ့ဖြစ်သည့် တောလိုက်သားကောင်ပစ်ရာတွင်လည်း သားကောင်ရရှိမှု နည်းပါးသွားကြောင်း သိရသည်။

ယခုသတ္တုတူးဖော်နေသည့် အားရဲတောင်ကြောနှင့် တောင်ပေါ်(၅)အုပ်စုတောများအတွင်း သမင်၊ ဒရယ်၊ ဆတ်၊ ဂျီနှင့် တောဝက်များ ပေါများသော်လည်း ယခုအခါ သားကောင်ရရှိရန် ခက်ခဲလာပြီဖြစ်ကြောင်း သိရသည်။

"အရင်ကဆိုရင် စားပါးစိုက်ခါစအချိန်ဆို တောင်ယာထဲမှာ ညအိပ်စောင့်ရတယ်။ တောဝက်တွေလာတူးလို့။ အခုဆို ဘာကောင်မှကိုမရှိတော့တာ။ အသားစားချင်ရင် အိမ်မှာမွေးတဲ့ ဝက်နဲ့ ကြက်ပဲ ရတော့တယ်။ တောင်ယာစောင့်ရင် လူ(၅)ယောက်လောက် စုပြီး အရင်က တောပစ်လိုက်နကြေ။ အခုဆို တောင်ယာမှာ "ယာမ"သောက်ပီး ညစောင့်လုပ်တာပဲရှိတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

သတ္တုလုပ်ကွက်များ လာရောက်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားအများအပြားလည်း ရှိနပြေီး သတ္တုလုပ်ငန်းခွင်များနှင့်အတူ လူမှုဝန်းကျင်အပေါ် အပြောင်းအလဲအချို့လည်းရှိလာသည်ဟု ဒေသခံများက ဆိုသည်။

သတ္တုလုပ်ငန်းများဖွံ့ဖြိုးလာသည့်နောက်ပိုင်း အနီးဝန်းကျင်ကျေးရွာများတွင် ဘိန်းမဲနှင့် စိတ်ကြွဆေးပြားများ ပေါများလာပြီး လူငယ်အများစုမှာ မူးယစ်ဆေးဝါး သုံးစွဲမှုများလာသည်ဟု ဒေသခံများက ဆိုသည်။

လက်ရှိတွင် နိုင်ငံ၏ကြွယ်ဝလှသည့်သယံဇာထုတ်လုပ်ရေးလုပ်ငန်း ဖွံ့ဖြိုးမှုနှင့်အတူ သက်ဆိုင်ရာများက မဖြစ်မနေ သတိထားဆောင်ရွက်ရမည့် အရေးကြီးကိစ္စမှာ သယံဇာတကြွယ်ဝသည့်ဒေသများတွင် မှီတင်းနေထိုင်ကြသည့် ဒေသခံများ၏ လူမှုဝန်းကျင်၊ လူမှုစီးပွားအခြေအနေ မပျက်စီးစေရေးနှင့် လူသားရင်းမြစ် ဖွံ့ဖြိုးမှုကို ထိခိုက်စေမည့်အန္တရာယ်များအား ထိန်းသိမ်းရေးပင် ဖြစ်သည်။

ရှမး်ပြည်နယ်အရှေ့ပိုင်း မိုင်းကိုးကျေးရွာအုပ်စု ဒေသခံများအနဖြေင့်လည်း မျက်မြင်တွင် ပျက်စီးသွားသည့် သဘာဝပတ်ဝန်းကျင်အခြေအနေနှင့်အတူ သတ္တုလုပ်ငန်းများ ထွက်ခွာသွားချိန်တွင် ကျန်ခဲ့မည့် မျိုးဆက်များနှင့်၎င်းတို့ဘဝများ၏ အာမခံချက်များအကြောင်းကို ယှဉ်ထိုးစဉ်းစား စိုးရိမ်နကြေရဆဲဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~