တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္ထီးေတာ္တင္လွဴျခင္း (၁၈)ႏွစ္ျပည့္ အထိမ္းအမွတ္ စုေပါင္း ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲ က်င္းပမည္

တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္ထီးေတာ္တင္လွဴျခင္း (၁၈)ႏွစ္ျပည့္ အထိမ္းအမွတ္ စုေပါင္း ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲ က်င္းပမည္
နိုဝင်ဘာ 6, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ တာခ်ီလိတ္ခရိုင္၊ တာခ်ီလိတ္ၿမိဳ႕နယ္ရွိ တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္၏ ထီးေတာ္တင္လွဴျခင္း (၁၈)ႏွစ္ျပည့္ အထိမ္းအမွတ္အျဖစ္ ဆြမ္းဆန္စိမ္း ေလာင္းလွဴပြဲအား ႏို၀င္ဘာလ(၁၂) ရက္ေန႔တြင္ က်င္းပျပဳလုပ္မွာျဖစ္ၿပီး သံဃာေတာ္၊ ကိုရင္၊ သီလရွင္ စုစုေပါင္း အပါး (၄၀၀)၀န္းက်င္ ၾကြေရာက္မွာ ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲအား ေရႊတိဂံုေစတီေတာ္ရင္ျပင္၌ ၂၀၁၆ခုႏွစ္ ႏို၀င္ဘာလ(၁၂)ရက္ေန႔ နံနက္(၆)နာရီခြဲအခ်ိန္တြင္ က်င္းပျပဳလုပ္မွာ ျဖစ္ၿပီး၊ ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲမတိုင္မီ နံနက္(၅)နာရီအခ်ိန္တြင္ ဘုရားအေနကဇာတင္ျခင္းကို က်င္းပျပဳလုပ္မွာ ျဖစ္သည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်ရှိ တာချီလိတ်ရွှေတိဂုံစေတီတော်၏ ထီးတော်တင်လှူခြင်း (၁၈)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲအား နိုဝင်ဘာလ(၁၂) ရက်နေ့တွင် ကျင်းပပြုလုပ်မှာဖြစ်ပြီး သံဃာတော်၊ ကိုရင်၊ သီလရှင် စုစုပေါင်း အပါး (၄၀၀)ဝန်းကျင် ကြွရောက်မှာ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ရွှေတိဂုံစေတီတော်ရင်ပြင်၌ ၂၀၁၆ခုနှစ် နိုဝင်ဘာလ(၁၂)ရက်နေ့ နံနက်(၆)နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်မှာ ဖြစ်ပြီး၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲမတိုင်မီ နံနက်(၅)နာရီအချိန်တွင် ဘုရားအနေကဇာတင်ခြင်းကို ကျင်းပပြုလုပ်မှာ ဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~