တရုတ္အာကာသယာဥ္မွဴးမ်ားအတြက္ စားဖြယ္ ၁၀၀

တရုတ္အာကာသယာဥ္မွဴးမ်ားအတြက္ စားဖြယ္ ၁၀၀
နိုဝင်ဘာ 16, 2016
By Tachileik News Agency

အစားအေသာက္အမ်ိဳးအစားေပါင္း ၁၀၀ ရိွပါတယ္။ မနက္စာအတြက္ (၇)မ်ိဳး၊ ေန႔လည္စာနဲ႔ ညစာအတြက္ (၈)မ်ိဳးစီ တည္ခင္းေပးရလို႔ ဘုရင့္စားေတာ္ပြဲလား ၾကယ္ငါးပြင့္အဆင့္ဟိုတယ္က စားစရာေတြလား ထင္မွတ္သြားပါလိမ့္မယ္။

တကယ္ေတာ့ ဒီစားဖြယ္ေတြဟာ ကမၻာ့အျပင္ကို ယူေဆာင္သြားမယ့္ စားဖြယ္ေတြျဖစ္ပါတယ္။
ေလယာဥ္ေပၚမွာ တည္ခင္းတဲ့ စားေသာက္ဖြယ္ရာေတြဟာ အဆင္ေျပရံုသာ စီစဥ္ေပးထားတဲ့ အစားအေသာက္ေတြျဖစ္လို႔ အာကာသယာဥ္မွဴးေတြလည္း ေလယာဥ္စီးခရီးသည္ေတြလိုပဲ စားေနရမယ္လို႔ ေတြးထင္ဖူးပါလိမ့္မယ္။

တရုတ္အာကာသယာဥ္မွဴးႏွစ္ဦးရဲ႕ ရက္ေပါင္း ၃၃ ရက္ၾကာ အာကာသလုပ္ငန္း တာဝန္ထမ္းေဆာင္မည့္ ခရီးစဥ္အတြက္ အစားအေသာက္အမ်ိဳးအစား (၁၀၀)ေက်ာ္ သူတို႔နဲ႔အတူ ပါသြားတာပါ။

သူတို႔အတြက္ ေန႔စဥ္ စားဖြယ္ေတြသာမကဘူး အာကာသလုပ္ငန္းတာဝန္ကို တတိယအႀကိမ္ သြားေရာက္ထမ္းေဆာင္တာျဖစ္တဲ့ အာကာသယာဥ္မွဴး Jing Haipeng ရဲ႕ ေအာက္တိုဘာလ ၂၄ ရက္ေန႔က က်ေရာက္တဲ့ အသက္ ၅၀ ႏွစ္ျပည့္ေမြးေန႔အတြက္ သူႀကိဳက္တဲ့ ခ်ိစ္ကိတ္လည္း ပါ ပါတယ္။

သူ႔နဲ႔တြဲဖက္အာကာသယာဥ္မွဴး Chen Dong ပါႀကိဳက္တဲ့ လက္ဖက္ရည္ႏွစ္မ်ိဳးလံုးကိုပါ အာကာသခရီးစဥ္မွာ သယ္ေဆာင္သြားပါသတဲ့။

“ကၽြန္ေတာ္တုိ႔ ေန႔တုိင္း လက္ဖက္ရည္ေသာက္ျဖစ္တယ္”လို႔ Jing က အာကာသသိပၸံဂ်ာနယ္ကို ေျဖၾကားပါတယ္။ လက္ဖက္ေျခာက္ ထည့္ထားတဲ့ အိတ္ထဲကို ေရေလာင္းထည့္ အပူေပးျပီး ေသာက္တာလို႔ သိရပါတယ္။

ဒါ့အျပင္ သူ႔ေမြးရပ္ေျမ ရွန္ဇီျပည္နယ္က ဗီနီဂါကို သယ္သြားခဲ့သလို Chen ကလည္း သူ႔ေမြးရပ္ေျမ ေဟနန္ျပည္နယ္က ေဒသထြက္ နာမည္ေက်ာ္ အစားအေသာက္ေတြ သယ္သြားခဲ့တယ္လုိ႔ ဆိုပါတယ္။

ဘာသာျပန္။  ။ ဇာႏွင္းထိုက္
Ref; yibada , People's Daily, China

~~~~~~~~⊰❂ unicode ~~~~~~~~
အစားအသောက်အမျိုးအစားပေါင်း ၁၀၀ ရှိပါတယ်။ မနက်စာအတွက် (၇)မျိုး၊ နေ့လည်စာနဲ့ ညစာအတွက် (၈)မျိုးစီ တည်ခင်းပေးရလို့ ဘုရင့်စားတော်ပွဲလား ကြယ်ငါးပွင့်အဆင့်ဟိုတယ်က စားစရာတွေလား ထင်မှတ်သွားပါလိမ့်မယ်။

တကယ်တော့ ဒီစားဖွယ်တွေဟာ ကမ္ဘာ့အပြင်ကို ယူဆောင်သွားမယ့် စားဖွယ်တွဖြေစ်ပါတယ်။
လေယာဉ်ပေါ်မှာ တည်ခင်းတဲ့ စားသောက်ဖွယ်ရာတွေဟာ အဆင်ပြေရုံသာ စီစဉ်ပေးထားတဲ့ အစားအသောက်တွဖြေစ်လို့ အာကာသယာဉ်မှူးတွေလည်း လေယာဉ်စီးခရီးသည်တွေလိုပဲ စားနေရမယ်လို့ တွေးထင်ဖူးပါလိမ့်မယ်။

တရုတ်အာကာသယာဉ်မှူးနှစ်ဦးရဲ့ ရက်ပေါင်း ၃၃ ရက်ကြာ အာကာသလုပ်ငန်း တာဝန်ထမ်းဆောင်မည့် ခရီးစဉ်အတွက် အစားအသောက်အမျိုးအစား (၁၀၀)ကျော် သူတို့နဲ့အတူ ပါသွားတာပါ။

သူတို့အတွက် နေ့စဉ် စားဖွယ်တွေသာမကဘူး အာကာသလုပ်ငန်းတာဝန်ကို တတိယအကြိမ် သွားရောက်ထမ်းဆောင်တာဖြစ်တဲ့ အာကာသယာဉ်မှူး Jing Haipeng ရဲ့ အောက်တိုဘာလ ၂၄ ရက်နေ့က ကျရောက်တဲ့ အသက် ၅၀ နှစ်ပြည့်မွေးနေ့အတွက် သူကြိုက်တဲ့ ချိစ်ကိတ်လည်း ပါ ပါတယ်။

သူ့နဲ့တွဲဖက်အာကာသယာဉ်မှူး Chen Dong ပါကြိုက်တဲ့ လက်ဖက်ရည်နှစ်မျိုးလုံးကိုပါ အာကာသခရီးစဉ်မှာ သယ်ဆောင်သွားပါသတဲ့။

“ကျွန်တော်တို့ နေ့တိုင်း လက်ဖက်ရည်သောက်ဖြစ်တယ်”လို့ Jing က အာကာသသိပ္ပံဂျာနယ်ကို ဖြကြေားပါတယ်။ လက်ဖက်ခြောက် ထည့်ထားတဲ့ အိတ်ထဲကို ရေလောင်းထည့် အပူပေးပြီး သောက်တာလို့ သိရပါတယ်။

ဒါ့အပြင် သူ့မွေးရပ်မြေ ရှန်ဇီပြည်နယ်က ဗီနီဂါကို သယ်သွားခဲ့သလို Chen ကလည်း သူ့မွေးရပ်မြေ ဟေနန်ပြည်နယ်က ဒေသထွက် နာမည်ကျော် အစားအသောက်တွေ သယ်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဘာသာပြန်။ ဇာနှင်းထိုက်
Ref; yibada , People's Daily, China

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~