တာခ်ီလိတ္၌ ခိုးမႈႏွင့္ ပတ္သက္၍ ေက်ာ္ေဇာသတင္းရွိသူထံမွ ဖုန္း(၅)လံုး ဖမ္းဆီးရမိ

တာခ်ီလိတ္၌ ခိုးမႈႏွင့္ ပတ္သက္၍ ေက်ာ္ေဇာသတင္းရွိသူထံမွ ဖုန္း(၅)လံုး ဖမ္းဆီးရမိ
နိုဝင်ဘာ 3, 2016
By Tachileik News Agency

ခိုးမႈမ်ားက်ဴးလြန္ေလ့ရွိၿပီး ေက်ာ္ေဇာသတင္းမ်ားရွိသူ တစ္ဦးအား လက္ကိုင္ဖုန္း (၅)လံုးႏွင့္အတူ တာခ်ီလိတ္ၿမိဳ႕၊ မယ္ေခါင္ရပ္ကြက္အတြင္း၌ ႏို၀င္ဘာလ(၃)ရက္ေန႔ ေန႔လယ္(၂)နာရီေက်ာ္က ဖမ္းဆီးရမိေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔မွ မယ္ေခါင္ရပ္ကြက္ အတြင္း လားဟူေစ်းအနီးလမ္း၌ လမ္းေလွ်ာက္လာသူ မ်ဳိးသိန္းဦး (ခ) မူဆာအား စစ္ေဆးေမးျမန္း ရွာေဖြရာမွ ပိုင္ဆိုင္မႈ တစ္စံုတစ္ရာ အေထာက္အထား မရွိသည့္ လက္ကိုင္ဖုန္း (၅)လံုးကို ေတြ႕ရွိရ၍ ဖမ္းဆီးလိုက္ေၾကာင္း သိရသည္။

"ဒီဖုန္းေတြနဲ႔ ပတ္သက္ၿပီး ပိုင္ဆိုင္ေၾကာင္း အေထာက္အထား မရွိသလို ေျပာဆိုႏိုင္ျခင္းလည္း မရွိဘူး။ ခိုးလာတယ္လို႔ ယူဆရသလို မၾကာခဏ ခိုးမႈေတြ က်ဴးလြန္လို႔ ေက်ာ္ေဇာသတင္းရွိထားသူ ျဖစ္တဲ့အတြက္ အမႈဖြင့္ထားၿပီး စစ္ေဆးေနလွ်က္ရွိပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူ တစ္ဦးက Tachileik News Agency သို႔ ေျပာသည္။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ မ်ဳိးသိန္းဦး (ခ) မူဆာအား ရဲအုပ္ျမင့္ႏိုင္က တရားလိုျပဳလုပ္၍ တိုင္တန္းရာ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၈၀/၂၀၁၆၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀/၅၄ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ကာ စစ္ေဆးလွ်က္ရွိေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ခိုးမှုများကျူးလွန်လေ့ရှိပြီး ကျော်ဇောသတင်းများရှိသူ တစ်ဦးအား လက်ကိုင်ဖုန်း (၅)လုံးနှင့်အတူ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်အတွင်း၌ နိုဝင်ဘာလ(၃)ရက်နေ့ နေ့လယ်(၂)နာရီကျော်က ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

တာချီလိတ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ မယ်ခေါင်ရပ်ကွက် အတွင်း လားဟူဈေးအနီးလမ်း၌ လမ်းလျှောက်လာသူ မျိုးသိန်းဦး (ခ) မူဆာအား စစ်ဆေးမေးမြန်း ရှာဖွေရာမှ ပိုင်ဆိုင်မှု တစ်စုံတစ်ရာ အထောက်အထား မရှိသည့် လက်ကိုင်ဖုန်း (၅)လုံးကို တွေ့ရှိရ၍ ဖမ်းဆီးလိုက်ကြောင်း သိရသည်။

"ဒီဖုန်းတွေနဲ့ ပတ်သက်ပြီး ပိုင်ဆိုင်ကြောင်း အထောက်အထား မရှိသလို ပြောဆိုနိုင်ခြင်းလည်း မရှိဘူး။ ခိုးလာတယ်လို့ ယူဆရသလို မကြာခဏ ခိုးမှုတွေ ကျူးလွန်လို့ ကျော်ဇောသတင်းရှိထားသူ ဖြစ်တဲ့အတွက် အမှုဖွင့်ထားပြီး စစ်ဆေးနေလျှက်ရှိပါတယ်"ဟု တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မျိုးသိန်းဦး (ခ) မူဆာအား ရဲအုပ်မြင့်နိုင်က တရားလိုပြုလုပ်၍ တိုင်တန်းရာ တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၈၀/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ကာ စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~