ပါဠိဘာသာ ထူးခၽြန္ဆုကို ဦးရာဇတ္မိသားစုက ႏွစ္စဥ္ေပးအပ္ ခ်ီးျမႇင့္သြားမည္

ပါဠိဘာသာ ထူးခၽြန္ဆုကို ဦးရာဇတ္မိသားစုက ႏွစ္စဥ္ေပးအပ္ ခ်ီးျမႇင့္သြားမည္
နိုဝင်ဘာ 27, 2016
By Tachileik News Agency

မႏၱေလးၿမိဳ႕တြင္ ပါဠိဘာသာထူးခၽြန္ဆုကို ၂၀၁၆ ခုႏွစ္မွစတင္ၿပီး မႏၱေလးတကၠသိုလ္ စတင္တည္ေထာင္သူ ဆရာႀကီးဦးရာဇတ္၏ မိသားစုမွ ႏွစ္စဥ္ ေပးသြားမည္ေၾကာင္း ဦးရာဇတ္၏သား ဦးတင္ျမင့္ထံမွ သိရသည္။

“ဒီဆုကို အရင္ကတည္းက ေပးခ်င္ေနတာ။ အဲဒီတုန္းက ဟိုကိုစာတင္ရမယ္၊ ဒီတင္ရမယ္လုပ္ေနတာနဲ႔ မေပးျဖစ္ခဲ့ဘူး။ ဆရာႀကီးဦးရာဇတ္က မြတ္စလင္ဘာသာ၀င္ျဖစ္ေပမယ့္ ပါဠိဘာသာကိုျမတ္ႏိုးတယ္။ ဒါေၾကာင့္ ေဖေဖ့ကိုဂုဏ္ျပဳခ်င္ လို႕ဒီဆုကိုေပးျဖစ္တာပါ။ ဆုေငြကိုေတာ့ ေနာက္ႏွစ္ေတြမွာ တိုးႏိုင္ရင္တိုးၿပီးေပးသြားမွာပါ”ဟု ဦးတင္ျမင့္က ေျပာသည္။

၂၀၁၆ခုႏွစ္အတြက္ ပါဠိဘာသာထူးခၽြန္ဆုကို အေရွ႕တိုင္းပါဠိဘာသာ ဂုဏ္ထူးတန္း ပထမႏွစ္ေက်ာင္းသူ မဇြန္နီလာၿဖိဳးကရရွိသြားၿပီး ဂုဏ္ျပဳဆုေငြ က်ပ္ငါးသိန္းႏွင့္ ေရႊတံဆိပ္ဆုတို႕ကိုေပးအပ္ခဲ့ေၾကာင္း သိရသည္။

“ပါဠိဘာသာကို လူအမ်ားကဘုန္းႀကီးေတြပဲ သင္ရမယ့္စာလို႔ ထင္ေနၾကတယ္။ တကၠသိုလ္မွာ ပါဠိဘာသာသင္တယ္ဆိုတာ ေတာ္ေတာ္မ်ားမ်ားက သိပ္မသိၾကဘူး။ အမွန္တကယ္ေတာ့ ပါဠိဘာသာ ဟာ စိတ္၀င္စားစရာေကာင္းတဲ့ ဘာသာရပ္ပါ။ အခုလိုမ်ိဳး ဆရာႀကီးမိသားစု က ဒီဆုေပးတဲ့အတြက္ လူနည္းနည္းပဲရွိတဲ့ ပါဠိေမဂ်ာအတြက္ အရမ္းကိုဂုဏ္ယူ မိပါတယ္” ဟုဆုရရွိသူ မဇြန္နီလာၿဖိဳး ကေျပာသည္။

အဆိုပါဆုကို ဆရာႀကီးဦးရာဇတ္ရုပ္ထုဖြင့္ပြဲအခမ္းအနားက်င္းပသည့္ ႏိုဝင္ဘာလ (၂၄) ရက္တြင္ ေပးအပ္ခဲ့ျခင္းျဖစ္သည္။

သတင္း - ေရႊေဇာ္


~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးမြို့တွင် ပါဠိဘာသာထူးချွန်ဆုကို ၂၀၁၆ ခုနှစ်မှစတင်ပြီး မန္တလေးတက္ကသိုလ် စတင်တည်ထောင်သူ ဆရာကြီးဦးရာဇတ်၏ မိသားစုမှ နှစ်စဉ် ပေးသွားမည်ကြောင်း ဦးရာဇတ်၏သား ဦးတင်မြင့်ထံမှ သိရသည်။

“ဒီဆုကို အရင်ကတည်းက ပေးချင်နေတာ။ အဲဒီတုန်းက ဟိုကိုစာတင်ရမယ်၊ ဒီတင်ရမယ်လုပ်နေတာနဲ့ မပေးဖြစ်ခဲ့ဘူး။ ဆရာကြီးဦးရာဇတ်က မွတ်စလင်ဘာသာဝင်ဖြစ်ပေမယ့် ပါဠိဘာသာကိုမြတ်နိုးတယ်။ ဒါကြောင့် ဖေဖေ့ကိုဂုဏ်ပြုချင် လို့ဒီဆုကိုပေးဖြစ်တာပါ။ ဆုငွေကိုတော့ နောက်နှစ်တွေမှာ တိုးနိုင်ရင်တိုးပြီးပေးသွားမှာပါ”ဟု ဦးတင်မြင့်က ပြောသည်။

၂၀၁၆ခုနှစ်အတွက် ပါဠိဘာသာထူးချွန်ဆုကို အရှေ့တိုင်းပါဠိဘာသာ ဂုဏ်ထူးတန်း ပထမနှစ်ကျောင်းသူ မဇွန်နီလာဖြိုးကရရှိသွားပြီး ဂုဏ်ပြုဆုငွေ ကျပ်ငါးသိန်းနှင့် ရွှေတံဆိပ်ဆုတို့ကိုပေးအပ်ခဲ့ကြောင်း သိရသည်။

“ပါဠိဘာသာကို လူအများကဘုန်းကြီးတွေပဲ သင်ရမယ့်စာလို့ ထင်နကြေတယ်။ တက္ကသိုလ်မှာ ပါဠိဘာသာသင်တယ်ဆိုတာ တော်တော်များများက သိပ်မသိကြဘူး။ အမှန်တကယ်တော့ ပါဠိဘာသာ ဟာ စိတ်ဝင်စားစရာကောင်းတဲ့ ဘာသာရပ်ပါ။ အခုလိုမျိုး ဆရာကြီးမိသားစု က ဒီဆုပေးတဲ့အတွက် လူနည်းနည်းပဲရှိတဲ့ ပါဠိမေဂျာအတွက် အရမ်းကိုဂုဏ်ယူ မိပါတယ်” ဟုဆုရရှိသူ မဇွန်နီလာဖြိုး ကပြောသည်။

အဆိုပါဆုကို ဆရာကြီးဦးရာဇတ်ရုပ်ထုဖွင့်ပွဲအခမ်းအနားကျင်းပသည့် နိုဝင်ဘာလ (၂၄) ရက်တွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

သတင်း - ရွှေဇော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~