ေညာင္ဦးၿမိဳ႕တြင္ ကားရထားတြဲ မီးေလာင္မႈျဖစ္ပြား

ေညာင္ဦးၿမိဳ႕တြင္ ကားရထားတြဲ မီးေလာင္မႈျဖစ္ပြား
နိုဝင်ဘာ 16, 2016
By Tachileik News Agency

မႏၱေလးတုိင္းေဒသႀကီး ေညာင္ဦးၿမိဳ႕ရိွ ေညာင္ဦး - ျမင္းျခံကားလမ္းပိုင္း ေညာင္ဦးၿမိဳ႕ေရွာင္လမ္းႏွင့္ ရထားလမ္းဆုံရာ ပုဂံျမရတနာဟိုတယ္အနီး၌ ႏိုဝင္ဘာလ (၁၆)ရက္ေန႔ နံနက္ (၈)နာရီဝန္းက်င္က ျမင္းၿခံၿမိဳ႕မွ ပုဂံၿမိဳ႕သို႔ ေမာင္းႏွင္လာသည့္ ရထားမွ ရထားတြဲမီးလန္႔မႈျဖစ္ပြားေၾကာင္း သိရသည္။

"ရထားက အင္ဂ်င္ကစေလာင္တယ္ ထင္ပါတယ္။ သူက ကားရထားဆိုေတာ့ ရထားတြဲတိုင္းမွာ အင္ဂ်င္ပါတယ္။ ပုဂံဘူတာနဲ လည္း နီးေနၿပီဆိုေတာ့ ရထား တစ္တြဲေလာင္သြားေတာ့ ေနာက္တစ္တြဲ အားနဲ႔ပဲ ပုဂံဘူတာကို ဆက္ေမာင္းသြားတယ္"ဟု ရထားတြဲမီးေလာင္မႈကို ျမင္ေတြ ့ခဲ့သည့္ ဦးလင္းက Tachileik News Agencyသို႔ ေျပာသည္။

အဆိုပါ ရထားတြဲမီးေလာင္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရသူ မရိွေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ရှိ ညောင်ဦး - မြင်းခြံကားလမ်းပိုင်း ညောင်ဦးမြို့ရှောင်လမ်းနှင့် ရထားလမ်းဆုံရာ ပုဂံမြရတနာဟိုတယ်အနီး၌ နိုဝင်ဘာလ (၁၆)ရက်နေ့ နံနက် (၈)နာရီဝန်းကျင်က မြင်းခြံမြို့မှ ပုဂံမြို့သို့ မောင်းနှင်လာသည့် ရထားမှ ရထားတွဲမီးလန့်မှုဖြစ်ပွားကြောင်း သိရသည်။

"ရထားက အင်ဂျင်ကစလောင်တယ် ထင်ပါတယ်။ သူက ကားရထားဆိုတော့ ရထားတွဲတိုင်းမှာ အင်ဂျင်ပါတယ်။ ပုဂံဘူတာနဲ လည်း နီးနပြေီဆိုတော့ ရထား တစ်တွဲလောင်သွားတော့ နောက်တစ်တွဲအားနဲ့ပဲ ပုဂံဘူတာကို ဆက်မောင်းသွားတယ်"ဟု ရထားတွဲမီးလောင်မှုကို မြင်တွေ့ခဲ့သည့် ဦးလင်းက Tachileik News Agencyသို့ ပြောသည်။

အဆိုပါ ရထားတွဲမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သိရသည်။

သတင်း - ဇွဲမြတ် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~