နမ့္လန္ၿမိဳ႕မေစ်းႀကီး မီးေလာင္မႈ က်ပ္သိန္းေပါင္း (၂၃၀၀)ေက်ာ္ဖိုး ပ်က္စီးဆံုးရႈံး

နမ့္လန္ၿမိဳ႕မေစ်းႀကီး မီးေလာင္မႈ က်ပ္သိန္းေပါင္း (၂၃၀၀)ေက်ာ္ဖိုး ပ်က္စီးဆံုးရႈံး
နိုဝင်ဘာ 7, 2016
By Tachileik News Agency

ႏို၀င္ဘာလ (၆)ရက္ေန႔က အခ်ိန္အေတာ္ၾကာ ေလာင္ကြ်မ္းခဲ့သည့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ နမ့္လန္ၿမိဳ႕မ ေစ်းႀကီး မီးေလာင္မႈတြင္ က်ပ္သိန္းေပါင္း (၂၃၀၀)ေက်ာ္ ပ်က္စီးဆံုးရႈံးခဲ့ေၾကာင္း သိရသည္။

မီးေလာင္မႈႏွင့္ ပတ္သက္၍ ေစ်း၏ အလယ္တန္းရွိ ေခါက္ဆဲြတန္းမွ စတင္ေလာင္က်ြမ္းခဲ့ျခင္းျဖစ္ၿပီး၊ ည (၈)နာရီ (၄၅)မိနစ္တြင္ မီးညႊန္႔က်ိဳးကာ ည ၉ နာရီတြင္ အလံုးစံုၿငႇိမ္းသတ္ႏိုင္ခဲ့ေသာ္လည္း၊ ေစ်းအဝင္ ဆိုင္းဘုတ္ႏွင့္ အျခားအနည္းငယ္မွလြဲ၍ ေစ်းဆိုင္ခန္းအားလံုးနီးပါး ေလာင္ကြ်မ္းမႈတြင္ ပါဝင္သြားေၾကာင္း သိရသည္။

မီးေလာင္မႈေၾကာင့္ ဆံုးရႈံးမႈတန္ဖိုး စုစုေပါင္း က်ပ္သိန္းေပါင္း (၂၃၀၀)ေက်ာ္ ပ်က္စီးဆံုးရႈံးခဲ့ရၿပီး လူအေသအေပ်ာက္ မရွိေၾကာင္းႏွင့္ ေစ်းႏွင့္အနီးတစ္ဝိုက္ရွိ လူေနအိမ္ေျခမ်ားအား ကူးစက္ ေလာင္ကြ်မ္းမႈလည္း မရွိခဲ့ေၾကာင္း သိရသည္။

"လူေတြကေတာ့ ဘာမွ မျဖစ္ပါဘူး၊  ေစ်းကေတာ့ အကုန္နီးပါး ပါသြားတာပဲ၊ ကူၿငႇိမ္းတဲ့သူေတြလည္းမ်ားပါတယ္၊ ကြ်န္ေတာ္တို႔လည္း ေၾကာက္ေနတာ လူေနအိမ္ေတြကိုေတာ့ မေလာင္ဘူးဗ်၊ ေတာ္ေသးတယ္ မီးကဆက္မေလာင္ဘဲ ၿငိႇမ္းႏိုင္ခဲ့လို႔ ဒါမ်ိဳးတစ္ခါမွ မႀကံဳဖူးဘူး"ဟု နမ့္လန္ေဒသခံ စိုင္းတစ္က ဆိုသည္။

မီးေလာင္မႈျဖစ္ပြားသည့္ ေနရာသို႔ ရွမ္းျပည္နယ္ေျမာက္ပိုင္း သီေပါၿမိဳ႕ႏွင့္ ေက်ာက္မဲၿမိဳ႕တို႕မွ မီးသတ္ယာဥ္မ်ား သြားေရာက္ကူညီၿငိွမ္းသတ္ခဲ့ၾကေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - စပယ္သက္


~~~~~~~~⊰❂ unicode ~~~~~~~~

နိုဝင်ဘာလ (၆)ရက်နေ့က အချိန်အတော်ကြာ လောင်ကျွမ်းခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်လန့်မြို့မ ဈေးကြီး မီးလောင်မှုတွင် ကျပ်သိန်းပေါင်း (၂၃၀၀)ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုနှင့် ပတ်သက်၍ ဈေး၏ အလယ်တန်းရှိ ခေါက်ဆွဲတန်းမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ ည (၈)နာရီ (၄၅)မိနစ်တွင် မီးညွှန့်ကျိုးကာ ည ၉ နာရီတွင် အလုံးစုံငြှိမ်းသတ်နိုင်ခဲ့သော်လည်း၊ ဈေးအဝင် ဆိုင်းဘုတ်နှင့် အခြားအနည်းငယ်မှလွဲ၍ ဈေးဆိုင်ခန်းအားလုံးနီးပါး လောင်ကျွမ်းမှုတွင် ပါဝင်သွားကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ကျပ်သိန်းပေါင်း (၂၃၀၀)ကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီး လူအသေအပျောက် မရှိကြောင်းနှင့် ဈေးနှင့်အနီးတစ်ဝိုက်ရှိ လူနေအိမ်ခြေများအား ကူးစက် လောင်ကျွမ်းမှုလည်း မရှိခဲ့ကြောင်း သိရသည်။

"လူတွေကတော့ ဘာမှ မဖြစ်ပါဘူး၊ ဈေးကတော့ အကုန်နီးပါး ပါသွားတာပဲ၊ ကူငြှိမ်းတဲ့သူတွေလည်းများပါတယ်၊ ကျွန်တော်တို့လည်း ကြောက်နေတာ လူနေအိမ်တွေကိုတော့ မလောင်ဘူးဗျ၊ တော်သေးတယ် မီးကဆက်မလောင်ဘဲ ငြှိမ်းနိုင်ခဲ့လို့ ဒါမျိုးတစ်ခါမှ မကြုံဖူးဘူး"ဟု နမ့်လန်ဒေသခံ စိုင်းတစ်က ဆိုသည်။

မီးလောင်မှုဖြစ်ပွားသည့် နေရာသို့ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နှင့် ကျောက်မဲမြို့တို့မှ မီးသတ်ယာဉ်များ သွားရောက်ကူညီငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - စပယ်သက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~