ခိုလမ္မွ နမ့္စန္သို႔ သယ္လာသည့္ က်ပ္သိန္း(၅၀၀)ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ

ခိုလမ္မွ နမ့္စန္သို႔ သယ္လာသည့္ က်ပ္သိန္း(၅၀၀)ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ
နိုဝင်ဘာ 5, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း နမ့္စန္ၿမိဳ႕တြင္ ကာလတန္ဖိုးေငြ က်ပ္သိန္းေပါင္း (၅၀၆)သိန္းတန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ားကို ႏို၀င္ဘာလ(၅)ရက္ေန႔ ညေန(၆)နာရီခြဲ၀န္းက်င္က သယ္ေဆာင္လာသူႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

နမ့္စန္ၿမိဳ႕႐ွိ မူးယစ္တပ္ဖြဲ႔စု(၂၇)လြိဳင္လင္၊ နမ့္စန္မူးယစ္လႈပ္ရွားတပ္ဆြယ္မွ တပ္ဖြဲ႔၀င္မ်ား၊ နမ့္စန္ရဲစခန္းမွ တာ၀န္႐ွိသူမ်ား ႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔မွ နမ့္စန္ - ခုိလမ္ ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ယာဥ္မ်ားအား ေရွာင္တခင္ စစ္ေဆးစဥ္ ခုိလမ္ၿမိဳ႕မွ နမ့္စန္ဖက္သုိ႔ ထြက္ခြာလာေသာ ကားအား စစ္ေဆး ရွာေဖြရာမွ  ကားေနာက္ခန္း အံ၀ွက္အတြင္းထည့္၍ သယ္ေဆာင္လာေသာ မူးယစ္ေဆး၀ါးမ်ားကုိ ဖမ္းဆီးရ႐ွိမိျခင္း ျဖစ္ေၾကာင္း သိရသည္။

ရွာေဖြေတြရွိရသည့္ မူးယစ္ေဆး၀ါးမ်ားမွာ ကာလတန္ဖိုးေငြ က်ပ္သိန္းေပါင္း (၂၈၆)သိန္းရွိ ဘိန္းျဖဴမႈန္႔ စုစုေပါင္း အေလးခ်ိန္ (၁.၁၄၄)ကီလိုဂရမ္ခန္႔ႏွင့္ ကာလတန္ဖိုးေငြ က်ပ္သိန္း (၂၂၀)တန္ဖိုးရွိ  Wyစာတန္းပါ စိတ္ႂကြေဆးျပား (၂၂,၀၀၀)ျပား ပါ၀င္ရာ အဆိုပါ မူးယစ္ေဆး၀ါးမ်ား၏ စုစုေပါင္း တန္ဖုိးေငြမွာ က်ပ္(၅၀၆)သိန္းရွိေၾကာင္း  သိရသည္။

ဆက္လက္၍ မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိ သူႏွစ္ဦးျဖစ္သည့္ ျမင့္ေဌးႏွင့္ စုိင္းမတ္တို႔အား နမ့္စန္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၂၅/၂၀၁၆ မူးစိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားရွိၿပီး ကြင္းဆက္တရားခံမ်ားအား စံုစမ္းေဖာ္ထုတ္ေနလွ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း - သန္းစိုးေအာင္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့တွင် ကာလတန်ဖိုးငွေ ကျပ်သိန်းပေါင်း (၅၀၆)သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို နိုဝင်ဘာလ(၅)ရက်နေ့ ညနေ(၆)နာရီခွဲဝန်းကျင်က သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

နမ့်စန်မြို့ရှိ မူးယစ်တပ်ဖွဲ့စု(၂၇)လွိုင်လင်၊ နမ့်စန်မူးယစ်လှုပ်ရှားတပ်ဆွယ်မှ တပ်ဖွဲ့ဝင်များ၊ နမ့်စန်ရဲစခန်းမှ တာဝန်ရှိသူများ နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ နမ့်စန် - ခိုလမ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယာဉ်များအား ရှောင်တခင် စစ်ဆေးစဉ် ခိုလမ်မြို့မှ နမ့်စန်ဖက်သို့ ထွက်ခွာလာသော ကားအား စစ်ဆေး ရှာဖွေရာမှ ကားနောက်ခန်း အံဝှက်အတွင်းထည့်၍ သယ်ဆောင်လာသော မူးယစ်ဆေးဝါးများကို ဖမ်းဆီးရရှိမိခြင်း ဖြစ်ကြောင်း သိရသည်။

ရှာဖွေတွေရှိရသည့် မူးယစ်ဆေးဝါးများမှာ ကာလတန်ဖိုးငွေ ကျပ်သိန်းပေါင်း (၂၈၆)သိန်းရှိ ဘိန်းဖြူမှုန့် စုစုပေါင်း အလေးချိန် (၁.၁၄၄)ကီလိုဂရမ်ခန့်နှင့် ကာလတန်ဖိုးငွေ ကျပ်သိန်း (၂၂၀)တန်ဖိုးရှိ Wyစာတန်းပါ စိတ်ကြွဆေးပြား (၂၂,ဝဝဝ)ပြား ပါဝင်ရာ အဆိုပါ မူးယစ်ဆေးဝါးများ၏ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ်(၅၀၆)သိန်းရှိကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ သူနှစ်ဦးဖြစ်သည့် မြင့်ဌေးနှင့် စိုင်းမတ်တို့အား နမ့်စန်မြို့မရဲစခန်းတွင် မယ(ပ) ၂၅/၂၀၁၆ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိပြီး ကွင်းဆက်တရားခံများအား စုံစမ်းဖော်ထုတ်နေလျှက်ရှိကြောင်း သိရှိရသည်။

သတင်း - သန်းစိုးအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~