ပညာေရးဌာန၏ ရန္ပံုေငြ က်ပ္သန္း ၂၃.၄ ျဖင့္ မိုင္​းတံုၿမိဳ႕နယ္​ မံုး​ေထာ္​ရြာသစ္​ အမက​ေက်ာင္​း​ေဆာင္​သစ္​​ ေဆာက္လုပ္ၿပီးစီး

ပညာေရးဌာန၏ ရန္ပံုေငြ က်ပ္သန္း ၂၃.၄ ျဖင့္ မိုင္​းတံုၿမိဳ႕နယ္​ မံုး​ေထာ္​ရြာသစ္​ အမက​ေက်ာင္​း​ေဆာင္​သစ္​​ ေဆာက္လုပ္ၿပီးစီး
နိုဝင်ဘာ 23, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ မိုင္​းဆတ္​ခ႐ုိင္​၊ မိုင္​းတံုျမဳိ႕နယ္​ မံုး​ေထာ္​ရြာသစ္​၏ အေျခခံမႈလတန္း​ေက်ာင္​း​ေဆာင္​သစ္​​အား ပညာေရးဌာနရန္ပံုေငြ က်ပ္သန္း (၂၃.၄) ျဖင့္ တည္ေဆာက္ၿပီးစီးသြားၿပီျဖစ္ေၾကာင္း သိရသည္။

"ကြၽန္​​ေတာ္​တို႔ႏိုင္​ငံမွာ အဓိကလိုအပ္​တ့ဲ လူ႔စြမ္​းအားအရင္​းအျမစ္​မ်ား​ ေမြးထုတ္​ႏိုင္​​ေစဖို႔ ႏိုင္​ငံ​ေတာ္​က ပညာ​ေရးက႑ျမႇင္​့တင္​ၿပီး ​ေက်ာင္​း​ေဆာင္​သစ္​​ေတြ​ ေဆာက္​​ေပးခ့ဲတယ္​။ ေဒသခံလူထုအ​ေနန႔ဲ​ေရာ ဆရာ၊ ဆရာမမ်ားကပါ​ ေက်ာင္​း​ေဆာင္​​ေရ႐ွည္​တည္​တ့ံခိုင္​ျမဲ​ေရးႏွင္​့ က​ေလးမ်ားပညာရည္​တိုးတက္​​ေစဖို႔ဝုိင္းဝန္​း ကူညီ​ေဆာင္​ရြက္​​ေပးၾကပါ"ဟု မိုင္းတံုၿမိဳ႕နယ္​အုပ္​ခ်ဳပ္​​ေရးမွဴး ဦးထြန္​းဆန္​းဝင္​းက ေျပာသည္။

အဆိုပါ​ ေက်ာင္​း​ေဆာင္​သစ္​အား၂၀၁၆ - ၂၀၁၇ ဘ႑ာေရးႏွစ္​အတြက္ ပညာ​ေရးဌာနရန္​ပုံ​ေငြမွ တည္ေဆာက္ျခင္းျဖစ္ၿပီး ေဒသခံ​ေဆာက္​လုပ္​​ေရးကုမၸဏီေရႊနန္​​းမဥၨဴက ေဆာက္လုပ္ခြင့္ရခဲ့ျခင္းျဖစ္သည္။

"အရည္​အ​ေသြးပုိင္​း စစ္​​ေဆး​ေတြ႔ရိွခ်က္​ တကယ္​​ေကာင္​းပါတယ္​။ ​ေဒသခံကုမၸဏီျဖစ္​လို႔​ ေစတနာထားလုပ္​ကုိင္​တာလည္​းပါတယ္​။ ႏိုင္​ငံ​ေတာ္​ရဲ႕​ေစတနာကုိ အသိအမွတ္​ျပဳတ့ဲ အ​ေနန႔ဲ​ ေဒသခံ​ေက်းရြာကလည္​း ဝုိင္​းဝန္​းထိန္​းသိမ္​း​ေစာင္​့​ေ႐ွာက္​​ေပးမွ​ ေရ႐ွည္​တည္​တ့ံခိုင္​ျမဲမွာျဖစ္​လို႔ ဝုိင္​းဝန္​း​ေဆာင္​ရြက္​​ေပးဖို႔မွာၾကားလိုပါတယ္​" ဟု အရည္​အ​ေသြးစိစစ္​​ေရး​ေကာ္​မတီဝင္ ​ၿမိဳ႕နယ္​လမ္​းဦးစီးအရာရိွ ၿမိဳ႕ျပအင္​ဂ်င္​နီယာဦးထိန္​ဝင္​းက​ ေျပာသည္​။

ေက်ာင္းေဆာင္သစ္ေဆာက္လုပ္မႈ အရည္​အ​ေသြးစိစစ္​​ေရး​ေကာ္​မတီဝင္​မ်ားမွ စု​ေပါင္​းလက္​မွတ္​​ေရးထိုးကာ ပညာေရးဌာနသို႔ ႏိုဝင္ဘာလ ၂၃ ရက္တြင္ လႊဲ​ေျပာင္​းအပ္​ႏွံလိုက္သည္။

သတင္း/ဓာတ္ပံု - ေအာင္ေဇယ်

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ မိုင်​းဆတ်​ခရိုင်​၊ မိုင်​းတုံမြို့နယ်​ မုံး​ထော်​ရွာသစ်​၏ အခြေခံမှုလတန်း​ကျောင်​း​ဆောင်​သစ်​​အား ပညာရေးဌာနရန်ပုံငွေ ကျပ်သန်း (၂၃.၄) ဖြင့် တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

"ကျွန်​​တော်​တို့နိုင်​ငံမှာ အဓိကလိုအပ်​တဲ့ လူ့စွမ်​းအားအရင်​းအမြစ်​များ​ မွေးထုတ်​နိုင်​​စေဖို့ နိုင်​ငံ​တော်​က ပညာ​ရေးကဏ္ဍမြှင်​့တင်​ပြီး ​ကျောင်​း​ဆောင်​သစ်​​တွေ​ ဆောက်​​ပေးခဲ့တယ်​။ ဒေသခံလူထုအ​နေနဲ့​ရော ဆရာ၊ ဆရာမများကပါ​ ကျောင်​း​ဆောင်​​ရေရှည်​တည်​တံ့ခိုင်​မြဲ​ရေးနှင်​့ က​လေးများပညာရည်​တိုးတက်​​စေဖို့ဝိုင်းဝန်​း ကူညီ​ဆောင်​ရွက်​​ပေးကြပါ"ဟု မိုင်းတုံမြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဦးထွန်​းဆန်​းဝင်​းက ပြောသည်။

အဆိုပါ​ ကျောင်​း​ဆောင်​သစ်​အား၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်​အတွက် ပညာ​ရေးဌာနရန်​ပုံ​ငွေမှ တည်ဆောက်ခြင်းဖြစ်ပြီး ဒေသခံ​ဆောက်​လုပ်​​ရေးကုမ္ပဏီရွှေနန်​​းမဉ္ဇူက ဆောက်လုပ်ခွင့်ရခဲ့ခြင်းဖြစ်သည်။

"အရည်​အ​သွေးပိုင်​း စစ်​​ဆေး​တွေ့ရှိချက်​ တကယ်​​ကောင်​းပါတယ်​။ ​ဒေသခံကုမ္ပဏီဖြစ်​လို့​ စေတနာထားလုပ်​ကိုင်​တာလည်​းပါတယ်​။ နိုင်​ငံ​တော်​ရဲ့​စေတနာကို အသိအမှတ်​ပြုတဲ့ အ​နေနဲ့​ ဒေသခံ​ကျေးရွာကလည်​း ဝိုင်​းဝန်​းထိန်​းသိမ်​း​စောင်​့​ရှောက်​​ပေးမှ​ ရေရှည်​တည်​တံ့ခိုင်​မြဲမှာဖြစ်​လို့ ဝိုင်​းဝန်​း​ဆောင်​ရွက်​​ပေးဖို့မှာကြားလိုပါတယ်​" ဟု အရည်​အ​သွေးစိစစ်​​ရေး​ကော်​မတီဝင် ​မြို့နယ်​လမ်​းဦးစီးအရာရှိ မြို့ပြအင်​ဂျင်​နီယာဦးထိန်​ဝင်​းက​ ပြောသည်​။

ကျောင်းဆောင်သစ်ဆောက်လုပ်မှု အရည်​အ​သွေးစိစစ်​​ရေး​ကော်​မတီဝင်​များမှ စု​ပေါင်​းလက်​မှတ်​​ရေးထိုးကာ ပညာရေးဌာနသို့ နိုဝင်ဘာလ ၂၃ ရက်တွင် လွှဲ​ပြောင်​းအပ်​နှံလိုက်သည်။

သတင်း/ဓာတ်ပုံ - အောင်ဇေယျ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~