ေထြကုဆရာ၀န္မ်ားအား စိတ္က်န္းမာေရးေစာင့္ေရွာက္မႈဆိုင္ရာ သင္တန္း ေတာင္ႀကီး၌ ပို႔ခ်

ေထြကုဆရာ၀န္မ်ားအား စိတ္က်န္းမာေရးေစာင့္ေရွာက္မႈဆိုင္ရာ သင္တန္း ေတာင္ႀကီး၌ ပို႔ခ်
နိုဝင်ဘာ 21, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္းေဒသ၊ ေတာင္ႀကီးၿမိဳ႕တြင္ အေထြေထြေရာဂါကု ဆရာ၀န္မ်ားအတြက္ စိတ္က်န္းမာေရး ေစာင့္ေရွာက္မႈ ဆိုင္ရာသင္တန္းကို ႏို၀င္ဘာလ(၂၁)ရက္ေန႔မွ စ၍ (၂၄)ရက္ေန႔အထိ ပို႔ခ်သင္ၾကားသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆုိပါ သင္တန္းကို ၿဗိတိန္ႏိုင္ငံမွ ေတာ္၀င္ စိတ္ေရာဂါ အထူးကုသမားေတာ္မ်ား၊ ေကာလိပ္မွ ေစတနာ့၀န္ထမ္း သမားေတာ္ႀကီးမ်ား၊ ျမန္မာႏိုင္ငံ ဆရာ၀န္မ်ားအသင္း၊ ေထြေထြေရာဂါကု ဆရာ၀န္မ်ားအဖြဲ႔ႏွင့္ ၿဗိတိန္အေျခစိုက္ Mind to Min Myanmar  စိတ္က်န္းမာေရးပရဟိတအဖြဲ႔တို႔ ပူးေပါင္းစီစဥ္ကာ ဖြင့္လွစ္သင္ၾကားေပးျခင္း ျဖစ္ေၾကာင္း သိရသည္။

ယင္းသင္တန္းတြင္ အေထြေထြေရာဂါကု ဆရာ၀န္မ်ား အလုပ္၌ ေန႔စဥ္ ေတြ႕ႀကံဳရတတ္ေသာ၊ စိတ္ဓာတ္က်ေရာဂါ၊ စိတ္ကစဥ့္ကလ်ားေရာဂါ၊ စိတ္ပူပန္ေရာဂါ၊ အရက္စြဲေရာဂါ စသည့္ စိတ္ပိုင္းဆိုင္ရာ ျပႆနာမ်ားကို လက္ေတြ႕က်က် အျပန္အလွန္ေဆြးေႏြး သင္ၾကားေပးသြားမွာ ျဖစ္ေၾကာင္း သိရသည္။

သင္တန္းသို႔ ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရႈိးၿမိဳ႕ အပါအ၀င္၊ ရွမ္းျပည္နယ္ေတာင္ပိုင္းမွ ေတာင္ႀကီး၊ ေရႊေညာင္၊ ေအာင္ပန္ အျပင္ ရန္ကုန္တို႔မွ သင္တန္းသား (၃၅)ဦး တက္ေရာက္ သင္ယူေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်းဒေသ၊ တောင်ကြီးမြို့တွင် အထွေထွေရောဂါကု ဆရာဝန်များအတွက် စိတ်ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာသင်တန်းကို နိုဝင်ဘာလ(၂၁)ရက်နေ့မှ စ၍ (၂၄)ရက်နေ့အထိ ပို့ချသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ဗြိတိန်နိုင်ငံမှ တော်ဝင် စိတ်ရောဂါ အထူးကုသမားတော်များ၊ ကောလိပ်မှ စေတနာ့ဝန်ထမ်း သမားတော်ကြီးများ၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်း၊ ထွေထွေရောဂါကု ဆရာဝန်များအဖွဲ့နှင့် ဗြိတိန်အခြေစိုက် Mind to Min Myanmar စိတ်ကျန်းမာရေးပရဟိတအဖွဲ့တို့ ပူးပေါင်းစီစဉ်ကာ ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသင်တန်းတွင် အထွေထွေရောဂါကု ဆရာဝန်များ အလုပ်၌ နေ့စဉ် တွေ့ကြုံရတတ်သော၊ စိတ်ဓာတ်ကျရောဂါ၊ စိတ်ကစဉ့်ကလျားရောဂါ၊ စိတ်ပူပန်ရောဂါ၊ အရက်စွဲရောဂါ စသည့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို လက်တွေ့ကျကျ အပြန်အလှန်ဆွေးနွေး သင်ကြားပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

သင်တန်းသို့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အပါအဝင်၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ တောင်ကြီး၊ ရွှေညောင်၊ အောင်ပန် အပြင် ရန်ကုန်တို့မှ သင်တန်းသား (၃၅)ဦး တက်ရောက် သင်ယူကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~