က်ဳိင္းတံုတြင္ က်ပ္သိန္း(၉၀၀)ေက်ာ္ တန္ဖိုးရွိ စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ

က်ဳိင္းတံုတြင္ က်ပ္သိန္း(၉၀၀)ေက်ာ္ တန္ဖိုးရွိ စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ
နိုဝင်ဘာ 26, 2016
By Tachileik News Agency

က်ဳိင္းတံုၿမိဳ႕မွ မိုင္းေယာင္းၿမိဳ႕သို႔ မူးယစ္ေဆး၀ါးမ်ား သယ္ေဆာင္ရန္ရွိေၾကာင္း သတင္းရရွိရာမွ ေစာင့္ဆိုင္းစစ္ေဆးစဥ္ က်ပ္သိန္း(၉၀၀)ေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ားကို ဆိုင္ကယ္ျဖင့္ သယ္ေဆာင္လာသူထံမွ ႏို၀င္ဘာလ(၂၅)ရက္ေန႔ ညေန(၃)နာရီခြဲ၀န္းက်င္က ဖမ္းဆီးသိမ္းဆည္းရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၂၈)က်ဳိင္းတံုမွ တပ္ဖြဲ႔၀င္မ်ား ႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔သည္ ရရွိထားေသာ သတင္းအရ က်ဳိင္းတံု ရပ္ကြက္(၁)၊ ေနာင္လ်ဲန္႔ရပ္ရွိ ေရႊမိုင္းေယာင္း ေမာ္ေတာ္ယာဥ္အနီး၊ ေရႊႏွင္းဆီလမ္းမေပၚ ေစာင့္ဆိုင္းေနစဥ္ သတင္းရရွိထားသူ အားေခ့(ခ)အားဆိုင္သည္ ေမာ္ေတာ္ဆိုင္ကယ္ျဖင့္ ေရာက္ရွိလာရာ ၎အား ရပ္တန္႔စစ္ေဆးရွာေဖြရာမွ ဆိုင္ကယ္၏ ေရွ႕ဂြၾကားရွိ ေျမြေရခြံအိတ္အတြင္း ထည့္၍ သယ္ေဆာင္လာေသာ  စကၠဴဖာအတြင္း ပင္စိမ္းသီးမ်ားေအာက္ ၀ွက္၍ သယ္ေဆာင္လာသည့္ မူးယစ္ေဆး၀ါးမ်ားကို ေတြ႕ရွိရျခင္း ျဖစ္ေၾကာင္း မူးယစ္တပ္ဖြဲ႔စု (၂၈)က်ဳိင္းတံုမွ သိရသည္။

ရွာေဖြေတြ႕ရွိရသည့္ မူးယစ္ေဆး၀ါးမ်ားမွာ Wy စာတမ္းပါ လိေမၼာ္ေရာင္စိတ္ၾကြရူးသြပ္ေဆးျပား စုစုေပါင္း (၃၆၆၀၀)ျပားရွိရာ ကာလတန္ဖိုးေငြမွာ က်ပ္(၉၁,၅၀၀,၀၀၀)ရွိေၾကာင္း သိရသည္။

"မူးယစ္ေဆး၀ါးမ်ားနဲ႔ ပတ္သက္ၿပီး စစ္ေဆးေပၚေပါက္ခ်က္အရ ကြင္းဆက္တရားခံ(၂)ဦးရဲ႕ ေနအိမ္ကို သြားေရာက္ရွာေဖြပါတယ္။ သြားရွာေဖြေတာ့ ကြင္းဆက္တရားခံ (၂)ဦးကို ေနအိမ္မွာ မေတြ႕ရတဲ့အျပင္  ေနအိမ္မွာ မူးယစ္ေဆး၀ါး တစ္စံုတစ္ရာ ရွာေဖြေတြ႕ရွိျခင္း မရွိဘူး။ သယ္ေဆာင္လာသူ နဲ႔ ကြင္းဆက္တရားခံ (၂)ဦးကိုေတာ့ ဥပေဒအရ အမႈဖြင့္လွစ္ေဆာင္ရြက္ထားပါတယ္"ဟု မူးယစ္တပ္ဖြဲ႔စု(၂၈)က်ဳိင္းတံုမွ အရာရွိတစ္ဦးက Tachileik News Agency သို႔ ေျပာသည္။

ဖမ္းဆီးသိမ္းဆည္းရမိေသာ မူးယစ္ေဆး၀ါးမ်ားႏွင့္ ပတ္သက္၍ မူးယစ္ေဆး၀ါးသယ္ေဆာင္လာသူႏွင့္ ကြင္းဆက္တရားခံႏွစ္ဦး စုစုေပါင္း (၃)ဦးအား က်ဳိင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၅၉/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)အရ ႏို၀င္ဘာလ(၂၅)ရက္ေန႔ ညေန(၅)နာရီမိနစ္(၄၀)အခ်ိန္က အမႈဖြင့္လွစ္ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~


ကျိုင်းတုံမြို့မှ မိုင်းယောင်းမြို့သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်ရန်ရှိကြောင်း သတင်းရရှိရာမှ စောင့်ဆိုင်းစစ်ဆေးစဉ် ကျပ်သိန်း(၉၀၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသူထံမှ နိုဝင်ဘာလ(၂၅)ရက်နေ့ ညနေ(၃)နာရီခွဲဝန်းကျင်က ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့သည် ရရှိထားသော သတင်းအရ ကျိုင်းတုံ ရပ်ကွက်(၁)၊ နောင်လျဲန့်ရပ်ရှိ ရွှေမိုင်းယောင်း မော်တော်ယာဉ်အနီး၊ ရွှေနှင်းဆီလမ်းမပေါ် စောင့်ဆိုင်းနေစဉ် သတင်းရရှိထားသူ အားခေ့(ခ)အားဆိုင်သည် မော်တော်ဆိုင်ကယ်ဖြင့် ရောက်ရှိလာရာ၎င်းအား ရပ်တန့်စစ်ဆေးရှာဖွေရာမှ ဆိုင်ကယ်၏ ရှေ့ဂွကြားရှိ မြွေရေခွံအိတ်အတွင်း ထည့်၍ သယ်ဆောင်လာသော စက္ကူဖာအတွင်း ပင်စိမ်းသီးများအောက် ဝှက်၍ သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများကို တွေ့ရှိရခြင်း ဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့စု (၂၈)ကျိုင်းတုံမှ သိရသည်။

ရှာဖွေတွေ့ရှိရသည့် မူးယစ်ဆေးဝါးများမှာ Wy စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၃၆၆၀၀)ပြားရှိရာ ကာလတန်ဖိုးငွေမှာ ကျပ်(၉၁,၅၀၀,ဝဝဝ)ရှိကြောင်း သိရသည်။

"မူးယစ်ဆေးဝါးများနဲ့ ပတ်သက်ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ကွင်းဆက်တရားခံ(၂)ဦးရဲ့ နေအိမ်ကို သွားရောက်ရှာဖွေပါတယ်။ သွားရှာဖွေတော့ ကွင်းဆက်တရားခံ (၂)ဦးကို နေအိမ်မှာ မတွေ့ရတဲ့အပြင် နေအိမ်မှာ မူးယစ်ဆေးဝါး တစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခြင်း မရှိဘူး။ သယ်ဆောင်လာသူ နဲ့ ကွင်းဆက်တရားခံ (၂)ဦးကိုတော့ ဥပဒေအရ အမှုဖွင့်လှစ်ဆောင်ရွက်ထားပါတယ်"ဟု မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ အရာရှိတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ဖမ်းဆီးသိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ မူးယစ်ဆေးဝါးသယ်ဆောင်လာသူနှင့် ကွင်းဆက်တရားခံနှစ်ဦး စုစုပေါင်း (၃)ဦးအား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၁၅၉/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ နိုဝင်ဘာလ(၂၅)ရက်နေ့ ညနေ(၅)နာရီမိနစ်(၄၀)အချိန်က အမှုဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~