ေက်ာက္မဲသခ်ဳႋင္းေျမေနရာေဟာင္းအား ၿမိဳ႕လိုအပ္ခ်က္ရိွသည့္ အေဆာက္အဦမ်ားအတြက္ အသံုးျပဳမည္

ေက်ာက္မဲသခ်ဳႋင္းေျမေနရာေဟာင္းအား ၿမိဳ႕လိုအပ္ခ်က္ရိွသည့္ အေဆာက္အဦမ်ားအတြက္ အသံုးျပဳမည္
နိုဝင်ဘာ 8, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕ရိွ သခ်ဳႋင္းေျမေနရာအား ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလတြင္ ေရႊ႕ေျပာင္း ၿပီးေနာက္ သခ်ဳႋင္းေျမေနရာေဟာင္းအား ၿမိဳ႕၏ လိုအပ္ခ်က္အတြက္ လိုအပ္သည့္ေနရာတြင္ ျပန္လည္ အသံုးျပဳမည္ျဖစ္ေၾကာင္း သိရသည္။

“ေက်ာက္မဲမွာကလည္း ကားႀကီးကြင္းဆိုၿပီး ခန္႔ခန္႔ထည္ထည္ မရွိေသးဘူးေလ။ သာသနာ့ဗိမၼာန္လည္း မရွိေသးဘူး။ ကားႀကီးကြင္းလို၊ ေစ်းလိုမ်ိဳး သာသနာ့ဗိမၼာန္လိုမ်ိဳး တစ္ၿမိဳ႕လံုးနဲ႔သက္ဆိုင္တဲ့ ေနရာ တစ္ခုခုေပါ့။ အဲဒီလိုတစ္ခုခုအတြက္ ေျမေနရာေဟာင္းကို ျပန္ၿပီးအသံုးျပဳသြားမွာပါ” ဟု ေက်ာက္မဲၿမိဳ႕ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီမွ ဒုညႊန္ၾကားေရးမႈး ဦးဝင္းေဆြက ေျပာသည္။

လက္ရိွေနရာမွာ ၿမိဳ႕ႏွင့္နီးကပ္ေနသည့္အတြက္ ၿမိဳ႕ႏွင့္အလွမ္းေဝးသည့္ေျမေနရာသို႔ ေျပာင္းေရႊ႕ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ ေနရာအသစ္ကို ေရႊ႕လိုက္တာက နည္းနည္းပိုေဝးသြားတာကလြဲရင္ ေကာင္းပါတယ္။ ခုေနရာမွာ မီးသၿဂႋဴဟ္တာက လူေနရပ္ကြက္နဲ႔နီးေတာ့ ေညႇာ္နံ႔ေတြရတယ္။ ေနရာလည္းက်ဥ္းတယ္ေလ။ တစ္ခါတစ္ေလ ပထမတစ္ေယာက္နဲ႔ ဒုတိယတစ္ေယာက္ အခ်ိန္ကပ္ေနရင္ ျပန္ထြက္ဖို႔ေတာင္ လမ္းပိတ္ေနတယ္” ဟု ၿမိဳ႕ခံတစ္ဦးျဖစ္သူ မတူးက ေျပာသည္။

သခ်ဳႋင္းေနရာေရႊ႔ေျပာင္းၿပီးပါက ေနရာအေဟာင္းရွိ ေျမေနရာမ်ားအား ေျမကြက္ရိုက္ကာ လူေနရပ္ကြက္ အျဖစ္ ျပန္လည္အသံုးျပဳမည္ဟု ေကာလဟလမ်ား ထြက္ေပၚေနသည့္အတြက္ ေျမေနရာေဟာင္းအား မည္သို႔ျပန္လည္ အသံုးျပဳမည္ကို ၿမိဳ႕ခံအခ်ိဳ႕က စိတ္ဝင္စားေနေၾကာင္း သိရသည္။

“လူေနရပ္ကြက္တို႔ဘာတို႔ လုပ္မလားဆိုတာကိုေတာ့ မေျပာတတ္ဘူး။ ဒါကၿမိဳ႕မိၿမိဳ႕ဖေတြရဲ႕ ဆံုးျဖတ္ခ်က္ အေပၚ မူတည္တယ္။ ဥပမာ တစ္ျခားေနရာတစ္ခုခုမွာ တံတားတို႔ လမ္းတို႔ဆိုၾကပါစို႔ လုပ္ခ်င္လို႔ ေငြလိုတယ္ ဆိုရင္ေတာ့ ေျမကြက္ရိုက္ ျပန္ေရာင္းတာမ်ိဳး ရွိခ်င္ရွိလာမွာေပါ့။ ေလာေလာဆယ္ ေဆြးေႏြးထားသေလာက္ ကေတာ့ တစ္ၿမိဳ႕လံုးအတြက္ လိုအပ္တဲ့ အမ်ားန႔ဲသက္ဆိုင္တဲ့ ကားႀကီးကြင္းလိုမ်ိဳးေပါ့ အဲဒီလိုလုပ္ဖို႔ပဲ။ အဓိကကေတာ့ ၿမိဳ႕မိၿမိဳ႕ဖေတြရဲ႕ဆံုးျဖတ္ခ်က္ပဲ ”ဟု ၿမိဳ႕နယ္စည္ပင္ အရာရွိက ဆိုသည္။

ေက်ာက္မဲၿမိဳ႕ အမွတ္ (၁) ရပ္ကြက္တြင္ လက္ရွိအခ်ိန္ထိ အသံုးျပဳေနသည့္ သခ်ဳႋင္းေျမေနရာမွာ ( ၂၇ ) ဧကေက်ာ္ရိွၿပီး ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလတြင္ ေျပာင္းေရႊ႕မည့္ သခ်ဳႋင္းေျမေနရာသစ္မွာ (၂၅) ဧကက်ယ္ဝန္းကာ လူမ်ိဳးဘာသာေပါင္းစံုအတြက္ သတ္မွတ္ေနရာ အသီးသီးပါဝင္ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ သင်္ချိုင်းမြေနေရာအား ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ရွှေ့ပြောင်း ပြီးနောက် သင်္ချိုင်းမြေနေရာဟောင်းအား မြို့၏ လိုအပ်ချက်အတွက် လိုအပ်သည့်နေရာတွင် ပြန်လည် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

“ကျောက်မဲမှာကလည်း ကားကြီးကွင်းဆိုပြီး ခန့်ခန့်ထည်ထည် မရှိသေးဘူးလေ။ သာသနာ့ဗိမ္မာန်လည်း မရှိသေးဘူး။ ကားကြီးကွင်းလို၊ ဈေးလိုမျိုး သာသနာ့ဗိမ္မာန်လိုမျိုး တစ်မြို့လုံးနဲ့သက်ဆိုင်တဲ့ နေရာ တစ်ခုခုပေါ့။ အဲဒီလိုတစ်ခုခုအတွက် မြေနေရာဟောင်းကို ပြန်ပြီးအသုံးပြုသွားမှာပါ” ဟု ကျောက်မဲမြို့ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဒုညွှန်ကြားရေးမှုး ဦးဝင်းဆွေက ပြောသည်။

လက်ရှိနေရာမှာ မြို့နှင့်နီးကပ်နေသည့်အတွက် မြို့နှင့်အလှမ်းဝေးသည့်မြေနေရာသို့ ပြောင်းရွှေ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ နေရာအသစ်ကို ရွှေ့လိုက်တာက နည်းနည်းပိုဝေးသွားတာကလွဲရင် ကောင်းပါတယ်။ ခုနေရာမှာ မီးသင်္ဂြိူဟ်တာက လူနေရပ်ကွက်နဲ့နီးတော့ ညှော်နံ့တွေရတယ်။ နေရာလည်းကျဉ်းတယ်လေ။ တစ်ခါတစ်လေ ပထမတစ်ယောက်နဲ့ ဒုတိယတစ်ယောက် အချိန်ကပ်နေရင် ပြန်ထွက်ဖို့တောင် လမ်းပိတ်နေတယ်” ဟု မြို့ခံတစ်ဦးဖြစ်သူ မတူးက ပြောသည်။

သင်္ချိုင်းနေရာရွှေ့ပြောင်းပြီးပါက နေရာအဟောင်းရှိ မြေနေရာများအား မြေကွက်ရိုက်ကာ လူနေရပ်ကွက် အဖြစ် ပြန်လည်အသုံးပြုမည်ဟု ကောလဟလများ ထွက်ပေါ်နေသည့်အတွက် မြေနေရာဟောင်းအား မည်သို့ပြန်လည် အသုံးပြုမည်ကို မြို့ခံအချို့က စိတ်ဝင်စားနေကြောင်း သိရသည်။

“လူနေရပ်ကွက်တို့ဘာတို့ လုပ်မလားဆိုတာကိုတော့ မပြောတတ်ဘူး။ ဒါကမြို့မိမြို့ဖတွေရဲ့ ဆုံးဖြတ်ချက် အပေါ် မူတည်တယ်။ ဥပမာ တစ်ခြားနေရာတစ်ခုခုမှာ တံတားတို့ လမ်းတို့ဆိုကြပါစို့ လုပ်ချင်လို့ ငွေလိုတယ် ဆိုရင်တော့ မြေကွက်ရိုက် ပြန်ရောင်းတာမျိုး ရှိချင်ရှိလာမှာပေါ့။ လောလောဆယ် ဆွေးနွေးထားသလောက် ကတော့ တစ်မြို့လုံးအတွက် လိုအပ်တဲ့ အများနဲ့သက်ဆိုင်တဲ့ ကားကြီးကွင်းလိုမျိုးပေါ့ အဲဒီလိုလုပ်ဖို့ပဲ။ အဓိကကတော့ မြို့မိမြို့ဖတွေရဲ့ဆုံးဖြတ်ချက်ပဲ ”ဟု မြို့နယ်စည်ပင် အရာရှိက ဆိုသည်။

ကျောက်မဲမြို့ အမှတ် (၁) ရပ်ကွက်တွင် လက်ရှိအချိန်ထိ အသုံးပြုနေသည့် သင်္ချိုင်းမြေနေရာမှာ ( ၂၇ ) ဧကကျော်ရှိပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ပြောင်းရွှေ့မည့် သင်္ချိုင်းမြေနေရာသစ်မှာ (၂၅) ဧကကျယ်ဝန်းကာ လူမျိုးဘာသာပေါင်းစုံအတွက် သတ်မှတ်နေရာ အသီးသီးပါဝင်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~