၂၁ ရာစုပင္လုံညီလာခံသို႔ ဖိတ္ေခၚပါက ကလလတ အဖြဲ႕မွ လက္ခံရန္ အဆင္သင့္ရွိေန

၂၁ ရာစုပင္လုံညီလာခံသို႔ ဖိတ္ေခၚပါက ကလလတ အဖြဲ႕မွ လက္ခံရန္ အဆင္သင့္ရွိေန
နိုဝင်ဘာ 17, 2016
By Tachileik News Agency

မၾကာမီက်င္းပျပဳလုပ္မည့္ ဒုတိယအႀကိမ္၂၁ ရာစု ပင္လုံညီလာခံသို႔ သက္ဆိုင္ရာ ဦးေဆာင္သူမ်ား မွ တတ္ေရာက္ရန္ ပါဝင္ေဆြးေႏြးရန္ ဖိတ္ေခၚပါက လက္ခံရန္ အဆင္သင့္ရွိေၾကာင္း ကရင္နီျပည္လူမ်ိဳး ေပါင္းစုံျပည္သူ႔ လြတ္ေျမာက္ေရး တပ္ဦး (ကလလတ)ဥကၠဌ က ေျပာဆိုလိုက္သည္။

လက္ရွိတစ္ႏိုင္ငံလုံး လိုလားေနသည့္ ျငိမ္းခ်မ္းေရးအား ေရရွည္တည္တံ့ေသာ ၿငိမ္းခ်မ္းေရးမ်ား ျဖစ္ေပၚလာရန္ ၎တို႔အဖြဲ႕အေနျဖင့္လည္း လိုလားၿပီး လူထုေမးျမန္းေနသည့္ ၂၁ ရာစုပင္လုံညီလာခံ တတ္ရန္ အစီစဥ္ ရွိမရွိ ေမးျမန္းမႈအတြက္ ယင္းကဲ့သို႔ ေျဖၾကားလိုက္ျခင္းျဖစ္သည္။

"ဒီၿငိမ္းခ်မ္းေရး လုပ္ငန္းေတြမွာ ကၽြန္ေတာ္တို႔လည္း ပါဝင္ေနတာေတြ ရွိပါတယ္။ အစည္းေဝးေတြဆိုလည္း သြားတက္တာေတြရွိပါတယ္ ။ ပင္လုံညီလာခံကို ကၽြန္ေတာ္တို႔ကို တက္ဖို႔ ဖိတ္ေခၚမယ္ဆို လက္ခံဖို႔ အသင့္ရွိတယ္လို႔ေျပာခ်င္တယ္ "ဟု ကလလတ ဥကၠဌ ဦးထြန္းေက်ာ္က ႏိုဝင္ဘာလ (၁၅)ရက္ေန႔က လူထုႏွင့္ေတြ႕ဆုံရာတြင္ ေျပာၾကားသည္။

ကယားျပည္နယ္တြင္း KNPPမွ ခြဲထြက္ကာ အစိုးရႏွင့္ အပစ္ခက္ရပ္စဲခဲ့ေသာ တိုင္းရင္းသား လက္နက္ကိုင္ တပ္ဖြဲ႕ ေလးဖြဲ႕ ခန္႔ရွိၿပီး ကရင္နီျပည္လူမ်ိဳးေပါင္းစုံ ျပည္သူ႔လြတ္ေျမာက္ေရးတပ္ဦး (ကလလတ)မွာ KNPP ၿပီးပါက ဒုတိယ အင္းအား ေကာင္းသည့္ တပ္ဖြဲ႔တစ္ခုျဖစ္သည္။

ကလလတ တပ္ဖြဲ႕အေနျဖင့္ ယခင္စစ္အစိုးရႏွင့္ ႏႈတ္ကတိျဖင့္သာ ျငိမ္းခ်မ္းေရးယူခဲ႔ျခင္းျဖစ္ၿပီး ပင္လုံညီလာခံကဲ့သို႔ ျငိမ္းခ်မ္းေရး ကိစၥရပ္မ်ားတြင္ ပါဝင္ခြင့္မေပး ျခင္းမွာ လက္ရွိ တပ္မေတာ္ အေနျဖင့္ တိုင္းရင္းသား တပ္မ်ားအား ေသြးခြဲေနသည့္ ပုံစံမ်ိဳး ျဖစ္ေနျပီး တိုင္းရင္းသား လက္နက္ကိုင္တိုင္းကို ပါဝင္ခြင့္ ေပးသင့္သည္ဟု ကယားျပည္နယ္မွ လူငယ္အေရး လႈပ္ရွားေနသူ တစ္ဦး ျဖစ္သည့္ ကိုေဂ်ာနီမင္း ကေျပာသည္။

"ကၽြန္ေတာ့္အေနနဲ႔ဆိုရင္ ဖိတ္သင့္တယ္ လို႔ျမင္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ လက္နက္ကိုင္ အဖြဲ႔ တိုင္းမွာ မူဝါဒ ေပၚလစီ ေတြရွိတယ္။ ျပီးေတာ့ မိခင္ အဖြဲ႔ ျဖစ္တဲ႔ KNPP နဲ႔ ပူေပါင္းၿပီး တစ္ခုတည္ေသာ ျပည္နယ္ တပ္မေတာ္ တစ္ခု လုပ္ေဆာင္သင့္တယ္လို႔ ျမင္တယ္။ ဒီလိုလုပ္ေဆာင္ဖို႔လည္း သူတို႔က ညီလာခံေတြ လုပ္ျပီး ေျပာဆိုထားတာေတြလည္း ရွိေတာ့ ဒီကိစၥလိုမ်ိဳး အေရးႀကီးတာေတြ ရွိေနလို႔ ဖိတ္ကို ဖိတ္သင့္တယ္။ ခုက ေလ့လာသူအျဖစ္ေတာင္ မပါဝင္တာ မျဖစ္သင့္ဘူးေပါ့"ဟု ကိုေဂ်ာနီမင္းက ေျပာသည္။

ကရင္နီျပည္ လူမ်ိဳးေပါင္းစံုျပည္သူ ့လြတ္ေျမာက္ေရးတပ္ဦး (ကလလတ) မွာ ၁၉၉၄ ခုႏွစ္က စစ္အစိုးရႏွင့္ အပစ္အခတ္ရပ္စဲခဲ့ၿပီး ၂၀၁၀ခုႏွစ္မွာ တပ္ရင္းအမွတ္ ၁၀၀၄ နဲ႔ ၁၀၀၅ နယ္ျခားေစာင့္တပ္ေတြအျဖစ္ ေျပာင္းလဲခဲ့ျခင္းျဖစ္သည္။

သတင္း - ဆန္းၿဖဳိးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
မကြာမီကျင်းပပြုလုပ်မည့် ဒုတိယအကြိမ်၂၁ ရာစု ပင်လုံညီလာခံသို့ သက်ဆိုင်ရာ ဦးဆောင်သူများ မှ တတ်ရောက်ရန် ပါဝင်ဆွေးနွေးရန် ဖိတ်ခေါ်ပါက လက်ခံရန် အဆင်သင့်ရှိကြောင်း ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေး တပ်ဦး (ကလလတ)ဥက္ကဌ က ပြောဆိုလိုက်သည်။

လက်ရှိတစ်နိုင်ငံလုံး လိုလားနေသည့် ငြိမ်းချမ်းရေးအား ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးများ ဖြစ်ပေါ်လာရန်၎င်းတို့အဖွဲ့အနဖြေင့်လည်း လိုလားပြီး လူထုမေးမြန်းနေသည့် ၂၁ ရာစုပင်လုံညီလာခံ တတ်ရန် အစီစဉ် ရှိမရှိ မေးမြန်းမှုအတွက် ယင်းကဲ့သို့ ဖြကြေားလိုက်ခြင်းဖြစ်သည်။

"ဒီငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ ကျွန်တော်တို့လည်း ပါဝင်နေတာတွေ ရှိပါတယ်။ အစည်းဝေးတွေဆိုလည်း သွားတက်တာတွေရှိပါတယ်။ ပင်လုံညီလာခံကို ကျွန်တော်တို့ကို တက်ဖို့ ဖိတ်ခေါ်မယ်ဆို လက်ခံဖို့ အသင့်ရှိတယ်လို့ပြောချင်တယ် "ဟု ကလလတ ဥက္ကဌ ဦးထွန်းကျော်က နိုဝင်ဘာလ (၁၅)ရက်နေ့က လူထုနှင့်တွေ့ဆုံရာတွင် ပြောကြားသည်။

ကယားပြည်နယ်တွင်း KNPPမှ ခွဲထွက်ကာ အစိုးရနှင့် အပစ်ခက်ရပ်စဲခဲ့သော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ လေးဖွဲ့ ခန့်ရှိပြီး ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)မှာ KNPP ပြီးပါက ဒုတိယ အင်းအား ကောင်းသည့် တပ်ဖွဲ့တစ်ခုဖြစ်သည်။

ကလလတ တပ်ဖွဲ့အနဖြေင့် ယခင်စစ်အစိုးရနှင့် နှုတ်ကတိဖြင့်သာ ငြိမ်းချမ်းရေးယူခဲ့ခြင်းဖြစ်ပြီး ပင်လုံညီလာခံကဲ့သို့ ငြိမ်းချမ်းရေး ကိစ္စရပ်များတွင် ပါဝင်ခွင့်မပေး ခြင်းမှာ လက်ရှိ တပ်မတော် အနဖြေင့် တိုင်းရင်းသား တပ်များအား သွေးခွဲနေသည့် ပုံစံမျိုး ဖြစ်နပြေီး တိုင်းရင်းသား လက်နက်ကိုင်တိုင်းကို ပါဝင်ခွင့် ပေးသင့်သည်ဟု ကယားပြည်နယ်မှ လူငယ်အရေး လှုပ်ရှားနေသူ တစ်ဦး ဖြစ်သည့် ကိုဂျောနီမင်း ကပြောသည်။

"ကျွန်တော့်အနေနဲ့ဆိုရင် ဖိတ်သင့်တယ် လို့မြင်တယ်။ ဘာကြောင့်လဲဆိုတော့ လက်နက်ကိုင် အဖွဲ့ တိုင်းမှာ မူဝါဒ ပေါ်လစီ တွေရှိတယ်။ ပြီးတော့ မိခင် အဖွဲ့ ဖြစ်တဲ့ KNPP နဲ့ ပူပေါင်းပြီး တစ်ခုတည်သော ပြည်နယ် တပ်မတော် တစ်ခု လုပ်ဆောင်သင့်တယ်လို့ မြင်တယ်။ ဒီလိုလုပ်ဆောင်ဖို့လည်း သူတို့က ညီလာခံတွေ လုပ်ပြီး ပြောဆိုထားတာတွေလည်း ရှိတော့ ဒီကိစ္စလိုမျိုး အရေးကြီးတာတွေ ရှိနေလို့ ဖိတ်ကို ဖိတ်သင့်တယ်။ ခုက လေ့လာသူအဖြစ်တောင် မပါဝင်တာ မဖြစ်သင့်ဘူးပေါ့"ဟု ကိုဂျောနီမင်းက ပြောသည်။

ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) မှာ ၁၉၉၄ ခုနှစ်က စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး ၂၀၁၀ခုနှစ်မှာ တပ်ရင်းအမှတ် ၁၀၀၄ နဲ့ ၁၀၀၅ နယ်ခြားစောင့်တပ်တွေအဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~