ကွန်ဟိန်းမြို့နယ်ရှိ ကျောင်း(၁၇)ကျောင်းအတွက် ငွေကျပ်(၈၄)သန်းလျာထားကြောင်း ပညာရေးဝန်ကြီးဆို

ကွန်ဟိန်းမြို့နယ်ရှိ ကျောင်း(၁၇)ကျောင်းအတွက် ငွေကျပ်(၈၄)သန်းလျာထားကြောင်း ပညာရေးဝန်ကြီးဆို
နိုဝငျဘာ 22, 2016
By Tachileik News Agency
ဓာတ်ပုံ - ပြည်သူ့လွှတ်တော်


ကွန်ဟိန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်စောက ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး ဆောက်လုပ်ထားခဲ့သော စာသင်ကျောင်း (၁၇)ကျောင်းအား စံကိုက်များအဖြစ် ချမှတ်တည်ဆောက်ပေးနိုင်ရေး လာမည့် ဘဏ္ဍာရေးနှစ်တွင် လျာထားခြင်း၊ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ မေးမြန်းရာမှ ပြည်ထောင်စုဝန်ကြီးမှ ယခုလို ဖြေကြားခဲ့ခြင်း ဖြစ်သည်။

"၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်း လျာထားချက်များကို မြို့နယ်အတွင်း ကျောင်းသား ဦးရေအပေါ်တွင် အခြေခံရေးဆွဲကြောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်အတွက် ငွေကျပ် (၈၄)သန်းလျာထားပါကြောင်း၊ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး ဆောက်လုပ်ထားသော ကျောင်း(၁၇)ကျောင်းအတွက် လိုအပ်သော တိုးချဲ့ကျောင်းဆောင် သစ်(၁)ဆောင်စီ ဆောက်လုပ်ပေးရန်အတွက် ဦးစားပေး အစီအစဉ်များအတိုင်း စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း"ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ဖြေကြားသွားခဲ့ခြင်း ဖြစ်သည်။


~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်းဒေသ ကွန်ဟိန်းမြို့နယ် အတွင်းရှိ စာသင်ကျောင်း (၁၇)ကျောင်းအား အဆင့်မြှင့်တင် ပေးသွားရန်အတွက် ငွေကျပ်(၈၄)သိန်းလျာထားကြောင်း ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ဖြစ်သည့် နိုဝင်ဘာလ(၂၁)ရက်နေ့က ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသွားခဲ့သည်။

ကွန်ဟိန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်စောက ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး ဆောက်လုပ်ထားခဲ့သော စာသင်ကျောင်း (၁၇)ကျောင်းအား စံကိုက်များအဖြစ် ချမှတ်တည်ဆောက်ပေးနိုင်ရေး လာမည့် ဘဏ္ဍာရေးနှစ်တွင် လျာထားခြင်း၊ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ မေးမြန်းရာမှ ပြည်ထောင်စုဝန်ကြီးမှ ယခုလို ဖြကြေားခဲ့ခြင်း ဖြစ်သည်။

"၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်း လျာထားချက်များကို မြို့နယ်အတွင်း ကျောင်းသား ဦးရေအပေါ်တွင် အခြေခံရေးဆွဲကြောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်အတွက် ငွေကျပ် (၈၄)သိန်းလျာထားပါကြောင်း၊ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး ဆောက်လုပ်ထားသော ကျောင်း(၁၇)ကျောင်းအတွက် လိုအပ်သော တိုးချဲ့ကျောင်းဆောင် သစ်(၁)ဆောင်စီ ဆောက်လုပ်ပေးရန်အတွက် ဦးစားပေး အစီအစဉ်များအတိုင်း စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း"ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ဖြကြေားသွားခဲ့ခြင်း ဖြစ်သည်။

စာသင်ကျောင်းများကို ပြုပြင်မှုဖြင့် သော်လည်းကောင်း၊ အဆင့်မြင့်တင်လိုခြင်းသော်လည်းကောင်း၊ အန္တရာယ်ရှိသောကျောင်းများ၊ ဥပဓိရုပ်မကောင်းသော ကျောင်းများ၊ ကျောင်းသားဦးရေအရ တိုးချဲ့ရန် လိုအပ်သော ကျောင်းများ။ သဘာဝဘေးဒဏ်ကြောင့် နေရာပြောင်းရွှေ့ဆောက်လုပ်ရန် ကျောင်းများဟူ၍ လုပ်ငန်းများ ခွဲခြားပြီး မြို့နယ်/ကျောင်း ဦးစားပေး အစီအစဉ်အလိုက် အဆင့်များ သတ်မှတ်ကာ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အတည်ပြု ထောက်ခံချက်ဖြင့် ပြည်နယ်/တိုင်းဒေသကြီး ပညာရေးမှူးရုံးမှတဆင့် အခြေခံပညာဦးစီးဌာသို့ တင်ပြဆောင်ရွက်ရမှာ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~