ပြည်နယ်တွင်း လက်နက်ကိုင်အဖွဲ့များ ငွေကြေးကောက်ခံမှု ပပျောက်ရေး ခက်ခဲဟုဆို
ပြည်နယ်တွင်း လက်နက်ကိုင်အဖွဲ့များ ငွေကြေးကောက်ခံမှု ပပျောက်ရေး ခက်ခဲဟုဆို
နိုဝငျဘာ 6, 2016
By Tachileik News Agency
ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအမျိုးမျိုးက ဒေသအလိုက် ငွေကြေး ကောက်ခံမှုများကို နှစ်ပေါင်းများစွာ ကြုံတွေ့နေရခြင်းဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း ပြည်ထောင်စု လမ်းမပေါ်တွင် ဖြတ်သန်းနေသည့် ယာဉ်မောင်းများအနေဖြင့် မကြာခဏကြုံနေရကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးသည့်အဖွဲ့နှင့် လက်မှတ် ရေးထိုးထားခြင်းမရှိသေးသည့် အဖွဲ့များလည်း ရှိနေခြင်းဖြစ်ပြီး NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့များသည် စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများအား အဖွဲ့ဝင်အသီးသီးလိုက်နာနိုင်ရန် စောင့်ကြည့်ရေးကော်မတီများဖြင့် ပူးပေါင်းလုပ်ဆောင်နေကြခြင်းဖြစ်သည်။
သတင်း ။  ။ သန်းစိုးအောင် ၊ နေဖြိုးမြင့်
သန်းစိုးအောင် နေဖြိုးမြင့်
~~~~~~~~⊰❂ unicode ~~~~~~~~
ပြည်နယ်တွင်း ကျေးရွာများတွင် လက်နက်ကိုင်အဖွဲ့အစည်းများက ငွေကြေးကောက်ခံသည့်ကိစ္စကို ပပျောက်စေလိုသော်လည်း ခက်ခဲသည်ဟု ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ - ရှမ်းပြည်နယ်မှ အရပ်သားကိုယ်စားလှယ်က မှတ်ချက်ပြုသည်။
"ဆက်ကြေးကိစ္စ ဒါကတော့ သူတို့အဖွဲ့အတွက် စားဝတ်နေရေး အခက်အခဲရှိလို့ သူတို့လည်း အတင်းအဓမ္မ တောင်းတာတော့ မဟုတ်ဘူးပေါ့။ လူထုဆီက အကူအညီတောင်းခံတာ ချက်ချင်းတော့ မပပျောက် နိုင်သေးဘူးပေါ့။ နှစ်(၆၀)လုံး ဒါမျိုးနဲ့ရပ်တည်လာတာ ပပျောက်သွားအောင်တော့ လုပ်မယ်။ ချက်ချင်းကြီးတော့ မဖြစ်နိုင်ဘူး။ ပြီးတော့ ဒါတွေက အထက်က လူတွေမသိဘဲ အောက်ကလုပ်နေတာမျိုး ရှိတယ်။ ဒါကြောင့်မို့ အဲဒီကိစွတွဖြေစ်လာရင် အောက်ခြေမှာတင် အမြန်ဆုံးဖြေရှင်းဆောင်ရွက်နိုင်အောင် မြို့နယ်အဆင့် JMC ကို ဖွဲ့သွားဖို့ရှိတယ်”ဟု JMC.S မှ အရပ်သားကိုယ်စားလှယ် ဦးဝင်းတင်က Tachileik News Agencyသို့ ပြောသည်။
ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအမျိုးမျိုးက ဒေသအလိုက် ငွေကြေး ကောက်ခံမှုများကို နှစ်ပေါင်းများစွာ ကြုံတွေ့နေရခြင်းဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း ပြည်ထောင်စု လမ်းမပေါ်တွင် ဖြတ်သန်းနေသည့် ယာဉ်မောင်းများအနဖြေင့် မကြာခဏကြုံနေရကြောင်း သိရသည်။
“ဒီလောက်လမ်းမပေါ်တက် စားပွဲနဲ့ကောက်တာတောင် ဘယ်သူက အရေးယူလို့လဲ။ ကျွန်တော်တို့က သတ်မှတ်အခွန်ကို သက်ဆိုင်ရာဌာနမှာ ဆောင်ပြီးသား။ အဲဒီ ဆက်ကြေးဆိုတာက ကိုယ့်စားရသောက်ရမယ့်ထဲက ပေးရတာ။ ဘယ်သူကပေးချင်မှာလဲ ပြည်သူအတွက် အဆိပ်ပင် ဖြစ်လာမယ့်ဟာကို ကျွန်တော်တို့က ရေလောင်းနေရတာ။ ဒါပေမဲ့ နီးရာဓားကိုကြောက်ရတာပေါ့ဗျာ”ဟု ရှမ်းပြည်နယ်အတွင်း ပြည်ထောင်စုလမ်းမကို အသုံးပြုနေရသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးသည့်အဖွဲ့နှင့် လက်မှတ် ရေးထိုးထားခြင်းမရှိသေးသည့် အဖွဲ့များလည်း ရှိနခြေင်းဖြစ်ပြီး NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့များသည် စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများအား အဖွဲ့ဝင်အသီးသီးလိုက်နာနိုင်ရန် စောင့်ကြည့်ရေးကော်မတီများဖြင့် ပူးပေါင်းလုပ်ဆောင်နကြခြေင်းဖြစ်သည်။
သတင်း။ သန်းစိုးအောင်၊ နဖြေိုးမြင့်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~