တာခ်ီလိတ္၌ ေဆာက္လုပ္ေနသည့္ က်ဳိင္းတံုေဟာ္ထီးနန္းပံုစံ အေဆာက္အဦအတြက္ ရွမ္းႏွစ္ကူးအထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္ၿမိဳ႕ ျပည္သူ႔နတ္နန္း အပါအ၀င္ အလွဴရွင္မ်ားမွ စုေပါင္းလွဴဒါန္း

တာခ်ီလိတ္၌ ေဆာက္လုပ္ေနသည့္ က်ဳိင္းတံုေဟာ္ထီးနန္းပံုစံ အေဆာက္အဦအတြက္ ရွမ္းႏွစ္ကူးအထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္ၿမိဳ႕ ျပည္သူ႔နတ္နန္း အပါအ၀င္ အလွဴရွင္မ်ားမွ စုေပါင္းလွဴဒါန္း
နိုဝင်ဘာ 30, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္ရွမ္းစာေပႏွင့္ယဥ္ေက်းမႈအသင္းမွ ၂၀၁၄ခုႏွစ္ကတည္းက စတင္ ေဆာက္လုပ္ေနသည့္ က်ဳိင္းတံုေဟာ္ထီးနန္း ( ေဟာ္လံုစ၀္ဖ )၏ ပံုစံတူ အေဆာက္အဦအတြက္ တာခ်ီလိတ္ၿမိဳ႕ ျပည္သူ႔နတ္နန္း အဘကိုးၿမိဳ႕ရွင္(ပင္မ)ဗိမာန္ေတာ္ႀကီးမွ အလွဴေငြမ်ား အပါအ၀င္ အလွဴရွင္မ်ားမွ (၂၁၁၁)ႏွစ္ေျမာက္ရွမ္းႏွစ္သစ္ကူး အထိမ္းအမွတ္ပြဲတြင္ ပါ၀င္လွဴဒါန္းၾကေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္အတြင္းရွိ ရာဇဌာေက်ာင္းတိုက္တြင္ ၂၀၁၆ခုႏွစ္ ႏို၀င္ဘာလ(၃၀)ရက္ေန႔ နံနက္ပိုင္းက က်င္းပျပဳလုပ္သည့္ (၂၁၁၁)ႏွစ္ေျမာက္ရွမ္းႏွစ္သစ္ကူး အထိမ္းအမွတ္ပြဲ ေရစက္ခ် ႏွင့္ ဧည့္ခံေကြ်းေမြးျခင္း အခမ္းအနား၌ အလွဴရွင္မ်ားက အဆိုပါ အေဆာက္အဦအတြက္ လွဴဒါန္းၾကျခင္း ျဖစ္သည္။

က်ဳိင္းတံုေဟာ္ထီးနန္း ( ေဟာ္လံုစ၀္ဖ )၏ ပံုစံတူ အေဆာက္အဦအတြက္ တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတိုက္ ဦးစီးပဓာန နာယကဆရာေတာ္ဘုရားႀကီး အဂၢမဟာသဒၶမၼေဇာတိကဓဇ ဘဒၵႏၱ ပညာသာမိ အား အမွဴးထား၍ ျပည္သူ႔နတ္နန္း အဘကိုးၿမိဳ႕ရွင္(ပင္မ)ဗိမာန္ေတာ္ႀကီးမွ နာယကႀကီးမ်ားႏွင့္ အက်ဳိးေတာ္ေဆာင္အဖြဲ႔မွ က်ပ္သိန္း(၁၀၀)၊ မကာဟိုခမ္းရပ္ကြက္မွ ထိုင္းေငြ (၃၀,၀၀၀)ဘတ္၊ ၀ိန္းေက်ာက္ရပ္ကြက္ ေတာ္ေကာ့(တြင္း)မွ ထိုင္းေငြ (၂၀,၀၀၀)ဘတ္ ႏွင့္ စည္ပင္သာယာေရးဌာနမွ အင္ဂ်င္နီယာမွဴး ဦးလွမ်ဳိး ႏွင့္ ဦးစိုင္း၀န္းလ်န္းတို႔မွ ထိုင္ေငြ (၁၅,၀၀၀)ဘတ္တို႔ကို အသီးသီးလွဴဒါန္းၾကရာ တာခ်ီလိတ္ၿမိဳ႕နယ္ရွမ္းစာေပႏွင့္ယဥ္ေက်းမႈအသင္း  ဥကၠဌ ဦးစိုင္းလံုမား ႏွင့္ တာ၀န္ရွိသူမ်ားက လက္ခံခဲ့ၾကသည္။

(၂၁၁၁)ႏွစ္ေျမာက္ရွမ္းႏွစ္သစ္ကူးပြဲေတာ္ကို တာခ်ီလိတ္တြင္ ယခင္ႏွစ္လို ေပ်ာ္ပြဲရႊင္ပြဲျဖင့္ က်င္းပျခင္းမျပဳေတာ့ဘူး၊ လွဴဒါန္းမႈအျဖစ္သာ ဘုန္းႀကီးေက်ာင္းတြင္ က်င္းပျပဳလုပ္ျခင္း ျဖစ္သည္။

က်ဳိင္းတံုေဟာ္ထီးနန္း ( ေဟာ္လံုစ၀္ဖ )၏ ပံုစံတူ အေဆာက္အဦကို  ရွမ္းျပည္နယ္ အေရွ႕ပိုင္းေဒသ တာခ်ီလိတ္ၿမိဳ႕ ရွမ္းစာေပႏွင့္ယဥ္ေက်းမႈအပိုင္ ေျမကြက္တြင္ ရွမ္းစာေပႏွင့္ယဥ္ေက်းမႈအသင္းမွ ရွမ္းတိုင္းရင္းသားမ်ား အေနျဖင့္ အမွတ္ရေနေစရန္ ရည္ရြယ္၍ ၂၀၁၄ခုႏွစ္ မတ္လ(၇)ရက္ ေန႔လယ္ (၁၁)နာရီအခ်ိန္က စတင္ေဆာက္လုပ္ျခင္း အုတ္ျမစ္ခ်ကာ ေဆာက္လုပ္ေနလွ်က္ရာ အဆိုပါ အေဆာက္အဦ အျမန္ဆံုးၿပီးစီးရန္အတြက္ အလွဴရွင္မ်ား လိုအပ္ေနလွ်က္ရွိေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္ရွမ္းစာေပႏွင့္ယဥ္ေက်းမႈအသင္းမွ သိရသည္။

ရွမ္းတိုင္းရင္းသားမ်ား၏ အထြတ္အျမတ္ထားရာ ႏွင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း တစ္ခုလံုး၏ သမိုင္းအေမြအႏွစ္ျဖစ္ၿပီး အိႏ္ၵိယႏိုင္ငံမွ ဗိသုကာ အင္ဂ်င္နီယာမ်ား ေခၚေဆာင္ကာ ၁၉၀၅ ခုႏွစ္၀န္းက်င္က ေဆာက္လုပ္ခဲ့ေသာ အဆိုပါ ေဟာ္နန္းႀကီးကုိ  ႏိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားမႈ တည္ေဆာက္ေရးအဖြဲ႕မွ ၁၉၉၁ခုႏွစ္ ႏို၀င္ဘာလ(၉)ရက္ေန႔က ၿဖဳိခြဲ ဖ်က္ဆီးခဲ့သည့္အျပင္ ရွမ္းတိုင္းရင္းသားတို႔၏ သမိုင္းအေမြအႏွစ္တစ္ခု ဆံုးရႈံးခံလိုက္ခံရသည္အတြက္ ရွမ္းသားရင္းသားမ်ား အေနျဖင့္ အမွတ္ရေနေစရန္  တာခ်ီလိတ္ၿမိဳ႕တြင္ အဆိုပါ အေဆာက္အဦအား ေဆာက္လုပ္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ဓာတ္ပံု ။  ။ AST , SST

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ၂၀၁၄ခုနှစ်ကတည်းက စတင် ဆောက်လုပ်နေသည့် ကျိုင်းတုံဟော်ထီးနန်း ( ဟော်လုံစဝ်ဖ )၏ ပုံစံတူ အဆောက်အဦအတွက် တာချီလိတ်မြို့ ပြည်သူ့နတ်နန်း အဘကိုးမြို့ရှင်(ပင်မ)ဗိမာန်တော်ကြီးမှ အလှူငွေများ အပါအဝင် အလှူရှင်များမှ (၂၁၁၁)နှစ်မြောက်ရှမ်းနှစ်သစ်ကူး အထိမ်းအမှတ်ပွဲတွင် ပါဝင်လှူဒါန်းကြကြောင်း သိရသည်။

တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်အတွင်းရှိ ရာဇဌာကျောင်းတိုက်တွင် ၂၀၁၆ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည့် (၂၁၁၁)နှစ်မြောက်ရှမ်းနှစ်သစ်ကူး အထိမ်းအမှတ်ပွဲ ရေစက်ချ နှင့် ဧည့်ခံကျွေးမွေးခြင်း အခမ်းအနား၌ အလှူရှင်များက အဆိုပါ အဆောက်အဦအတွက် လှူဒါန်းကြခြင်း ဖြစ်သည်။

ကျိုင်းတုံဟော်ထီးနန်း ( ဟော်လုံစဝ်ဖ )၏ ပုံစံတူ အဆောက်အဦအတွက် တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော်ဘုရားကြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ပညာသာမိ အား အမှူးထား၍ ပြည်သူ့နတ်နန်း အဘကိုးမြို့ရှင်(ပင်မ)ဗိမာန်တော်ကြီးမှ နာယကကြီးများနှင့် အကျိုးတော်ဆောင်အဖွဲ့မှ ကျပ်သိန်း(၁၀၀)၊ မကာဟိုခမ်းရပ်ကွက်မှ ထိုင်းငွေ (၃၀,ဝဝဝ)ဘတ်၊ ဝိန်းကျောက်ရပ်ကွက် တော်ကော့(တွင်း)မှ ထိုင်းငွေ (၂၀,ဝဝဝ)ဘတ် နှင့် စည်ပင်သာယာရေးဌာနမှ အင်ဂျင်နီယာမှူး ဦးလှမျိုး နှင့် ဦးစိုင်းဝန်းလျန်းတို့မှ ထိုင်ငွေ (၁၅,ဝဝဝ)ဘတ်တို့ကို အသီးသီးလှူဒါန်းကြရာ တာချီလိတ်မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးစိုင်းလုံမား နှင့် တာဝန်ရှိသူများက လက်ခံခဲ့ကြသည်။

(၂၁၁၁)နှစ်မြောက်ရှမ်းနှစ်သစ်ကူးပွဲတော်ကို တာချီလိတ်တွင် ယခင်နှစ်လို ပျော်ပွဲရွှင်ပွဲဖြင့် ကျင်းပခြင်းမပြုတော့ဘူး၊ လှူဒါန်းမှုအဖြစ်သာ ဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

ကျိုင်းတုံဟော်ထီးနန်း ( ဟော်လုံစဝ်ဖ )၏ ပုံစံတူ အဆောက်အဦကို ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအပိုင် မြေကွက်တွင် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ရှမ်းတိုင်းရင်းသားများ အနဖြေင့် အမှတ်ရနေစေရန် ရည်ရွယ်၍ ၂၀၁၄ခုနှစ် မတ်လ(၇)ရက် နေ့လယ် (၁၁)နာရီအချိန်က စတင်ဆောက်လုပ်ခြင်း အုတ်မြစ်ချကာ ဆောက်လုပ်နေလျှက်ရာ အဆိုပါ အဆောက်အဦ အမြန်ဆုံးပြီးစီးရန်အတွက် အလှူရှင်များ လိုအပ်နေလျှက်ရှိကြောင်း တာချီလိတ်မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ သိရသည်။

ရှမ်းတိုင်းရင်းသားများ၏ အထွတ်အမြတ်ထားရာ နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တစ်ခုလုံး၏ သမိုင်းအမွေအနှစ်ဖြစ်ပြီး အိန်္ဒိယနိုင်ငံမှ ဗိသုကာ အင်ဂျင်နီယာများ ခေါ်ဆောင်ကာ ၁၉၀၅ ခုနှစ်ဝန်းကျင်က ဆောက်လုပ်ခဲ့သော အဆိုပါ ဟော်နန်းကြီးကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ ၁၉၉၁ခုနှစ် နိုဝင်ဘာလ(၉)ရက်နေ့က ဖြိုခွဲ ဖျက်ဆီးခဲ့သည့်အပြင် ရှမ်းတိုင်းရင်းသားတို့၏ သမိုင်းအမွေအနှစ်တစ်ခု ဆုံးရှုံးခံလိုက်ခံရသည်အတွက် ရှမ်းသားရင်းသားများ အနဖြေင့် အမှတ်ရနေစေရန် တာချီလိတ်မြို့တွင် အဆိုပါ အဆောက်အဦအား ဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ။ AST , SST

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~