ရွမ္း/ေျမာက္ေဒသ တုိက္ပြဲမ်ားေၾကာင့္ ေဒသတြင္းသို႔ လက္ဖက္ခူးလာေရာက္သူ နည္းပါး

ရွမ္း/ေျမာက္ေဒသ တုိက္ပြဲမ်ားေၾကာင့္ ေဒသတြင္းသို႔ လက္ဖက္ခူးလာေရာက္သူ နည္းပါး
နိုဝင်ဘာ 8, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္ လက္နက္ကိုင္တိုက္ပြဲမ်ား မၾကာခဏ ျဖစ္ပြားေနသည့္အတြက္ ယခုႏွစ္ လက္ဖက္ခူးရာသီတြင္ လာေရာက္လက္ဖက္ခူးသူ နည္းေနေၾကာင္း သိရသည္။

“လက္ဖက္ခူးက ခါတိုင္းလူ ငါးဆယ္တက္တယ္ဆိုရင္ အခုလူႏွစ္ဆယ္ေလာက္ပဲ တက္ေတာ့တယ္။ ခူးတ့ဲသူ မရွိေတာ့ဘူး။ ေဆြမ်ိဳးနီးစပ္ေတြနဲ႔ပဲ လုပ္ငန္းကို မရပ္ေအာင္ လုပ္ေနရတယ္” ဟု မိုးမိတ္ေဒသခံ တစ္ဦးျဖစ္သူ စိုင္းလြင္ဦးက ေျပာသည္။

တိုက္ပြဲမ်ား မၾကာခဏျဖစ္ပြားေနသည့္ အတြက္ ႏွစ္တုိင္းလာေရာက္ေလ့ရိွသည့္ ေဒသအသီးသီးမွ  လက္ဖက္ခူးသူမ်ား မလာၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“အခုလာခူးတ့ဲ သူေတြကိုေတာင္ ဘာမွမျဖစ္ေစရဘူးလို႔ အာမခံနဲ႔ေခၚထားရတာ။ အေျခအေနမေကာင္းရင္ အလုပ္ကို ရပ္ထားရတာေပါ့။ တခ်ိဳ႕ ၿခံေတြဆို ခူးမယ့္သူမရွိလို႔ ဒီတိုင္းပဲပစ္ထားရတာေတြ ေတာင္ရွိတယ္”ဟု လက္ဖက္စိုက္ပ်ိဳးသူတစ္ဦးက ေျပာသည္။

လက္ဖက္မခူးႏိုင္သည့္အတြက္ လက္ဖက္ပြဲရံုမ်ားမွ ႀကိဳတင္ေငြယူထားရသည့္ အခ်ိဳ႕ လက္ဖက္ စိုက္ပ်ိဳးသူမ်ားမွာ အေၾကြးျဖင့္ လည္ပတ္ေနရေၾကာင္း သိရသည္။

“အဓိကက နယ္ေျမ မၿငိမ္းခ်မ္းတာေၾကာင့္ ရွိရင္းစြဲ ေဒသခံေတြေတာင္ ေနရပ္မွာ မေနရဲၾကဘူး။ ေက်ာက္မဲကို စစ္ေရွာင္လာတ့ဲ တိုင္းရင္းသားေတြ ခုထိ ေနရပ္မျပန္ရဲဘူး။ အဲဒီလိုအေၾကာင္းေတြရွိေနေတာ့ လက္ဖက္ခူး ဖို႔မလာရဲၾကေတာ့ဘူး”ဟု စစ္ေရွာင္ ေဒသခံမ်ား ကူညီေပးေရးအဖြဲ႔မွ ကိုစိုင္းေက်ာ္က ေျပာသည္။

လတ္တေလာ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လက္ဖက္ေစ်းႏႈန္းမွာ အစို(အၾကမ္း)တစ္ပိႆ (၂၅၀၀) က်ပ္၊ အစို(ႏွပ္) (၄၀၀၀) က်ပ္ ႏွင့္ အေျခာက္(အေကာင္းစား) (၈၀၀၀) က်ပ္ဝန္းက်င္ရွိေၾကာင္း ေက်ာက္မဲ ေစ်းကြက္မွ သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လက်နက်ကိုင်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည့်အတွက် ယခုနှစ် လက်ဖက်ခူးရာသီတွင် လာရောက်လက်ဖက်ခူးသူ နည်းနေကြောင်း သိရသည်။

“လက်ဖက်ခူးက ခါတိုင်းလူ ငါးဆယ်တက်တယ်ဆိုရင် အခုလူနှစ်ဆယ်လောက်ပဲ တက်တော့တယ်။ ခူးတဲ့သူ မရှိတော့ဘူး။ ဆွေမျိုးနီးစပ်တွေနဲ့ပဲ လုပ်ငန်းကို မရပ်အောင် လုပ်နေရတယ်” ဟု မိုးမိတ်ဒေသခံ တစ်ဦးဖြစ်သူ စိုင်းလွင်ဦးက ပြောသည်။

တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည့် အတွက် နှစ်တိုင်းလာရောက်လေ့ရှိသည့် ဒေသအသီးသီးမှ လက်ဖက်ခူးသူများ မလာကြခြင်းဖြစ်ကြောင်း သိရသည်။

“အခုလာခူးတဲ့ သူတွေကိုတောင် ဘာမှမဖြစ်စေရဘူးလို့ အာမခံနဲ့ခေါ်ထားရတာ။ အခြေအနေမကောင်းရင် အလုပ်ကို ရပ်ထားရတာပေါ့။ တချို့ ခြံတွေဆို ခူးမယ့်သူမရှိလို့ ဒီတိုင်းပဲပစ်ထားရတာတွေ တောင်ရှိတယ်”ဟု လက်ဖက်စိုက်ပျိုးသူတစ်ဦးက ပြောသည်။

လက်ဖက်မခူးနိုင်သည့်အတွက် လက်ဖက်ပွဲရုံများမှ ကြိုတင်ငွေယူထားရသည့် အချို့ လက်ဖက် စိုက်ပျိုးသူများမှာ အကြွေးဖြင့် လည်ပတ်နေရကြောင်း သိရသည်။

“အဓိကက နယ်မြေ မငြိမ်းချမ်းတာကြောင့် ရှိရင်းစွဲ ဒေသခံတွေတောင် နေရပ်မှာ မနေရဲကြဘူး။ ကျောက်မဲကို စစ်ရှောင်လာတဲ့ တိုင်းရင်းသားတွေ ခုထိ နေရပ်မပြန်ရဲဘူး။ အဲဒီလိုအကြောင်းတွေရှိနေတော့ လက်ဖက်ခူး ဖို့မလာရဲကြတော့ဘူး”ဟု စစ်ရှောင် ဒေသခံများ ကူညီပေးရေးအဖွဲ့မှ ကိုစိုင်းကျော်က ပြောသည်။

လတ်တလော ရှမ်းပြည်နယ်(မြောက်ပိုင်း) လက်ဖက်ဈေးနှုန်းမှာ အစို(အကြမ်း)တစ်ပိဿ (၂၅၀၀) ကျပ်၊ အစို(နှပ်) (၄၀၀၀) ကျပ် နှင့် အခြောက်(အကောင်းစား) (၈၀၀၀) ကျပ်ဝန်းကျင်ရှိကြောင်း ကျောက်မဲ ဈေးကွက်မှ သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~