ဂံုရွမ္းရိုးရာ အထည္ယက္လုပ္မႈ ျပည္တြင္းထက္ ထိုင္းႏုိင္ငံမွ ေလ့လာသင္ယူသူမ်ားေန

ဂံုရွမ္းရိုးရာ အထည္ယက္လုပ္မႈ ျပည္တြင္းထက္ ထိုင္းႏုိင္ငံမွ ေလ့လာသင္ယူသူမ်ားေန
နိုဝင်ဘာ 28, 2016
By Tachileik News Agency

ျမန္မာတစ္ႏိုင္ငံလုံးတြင္ ဂုံရွမ္းရိုးရာထည္ ယက္လုပ္ႏိုင္သူ (၃)ဦးအနက္ တစ္ဦးမွာ အသက္အရြယ္ေၾကာင့္ အနားယူသြားၿပီး ဂံုရွမ္းရိုးရာထည္ယက္လုပ္မႈအား ျပည္တြင္းထက္ ထုိင္းႏုိင္ငံမွ ေလ့လာသင္ယူသူမ်ား ေနသျဖင့္ ရိုးရာအေမြအား ဆက္ခံထိန္းသိမ္းနိုင္မႈမွာ စိုးရိမ္ဖြယ္ျဖစ္ေနေၾကာင္း သိရသည္။

"ထိုင္းႏိုင္ငံဘက္က စိတ္၀င္စားတာမ်ားလာတဲ့အတြက္ ဒီဂုံရွမ္းရိုးရာ အ၀တ္အစားေတြကို သူတို႔ပဲ အ၀တ္မ်ားလာတဲ့အတြက္ ကိုယ့္ရိုးရာအ၀တ္အစားကို ကိုယ္ဝတ္ေပမဲ့ ထိုင္းအ၀တ္အစား၀တ္တယ္ဆိုၿပီးေတာ့ ကိုယ့္ရွမ္းအခ်င္းခ်င္းေတာင္ ေျပာခံရတယ္။ တျဖည္းျဖည္းနဲ ့ ကိုယ့္ရိုးရာကို တိုင္းတပါးရိုးရာလို ့ ထင္လာၾကၿပီ"ဟု က်ိဳင္းတုံသမို္င္းေလ့လာသူႏွင့္ ဂုံရွမ္းရိုးရာအထည္မ်ားယက္လုပ္သူ ကိုေက်ာ္ရဲျမင့္ေအာင္က ေျပာသည္။



ရွမ္းရိုးရာယဥ္ေက်းမႈမ်ားအနက္ ဂုံရွမ္းရိုးရာ၀တ္စားဆင္ယင္ထုံးဖြဲ ့မႈမ်ားႏွင့္ ရိုးရာအ၀တ္အထည္မ်ားကို ျပည္တြင္းထက္ ထိုင္းႏိုင္ငံမွ လာေရာက္ေလ့လာသင္ယူမႈ ပိုမ်ားေနျခင္းျဖစ္ေၾကာင္း သိရသည္။



" လာေလ့လာတဲ့သူေတြ အကုန္လုံးကိုလည္း အခမဲ့ ရွင္းျပေပးတာပါ။ ရိုးရာလက္မႈပညာေတြကိ္ုဆိုရင္ ဒီဘက္ကို လာေလ့လာတာတင္ မဟုတ္ဘူး။ သူတုိ ့ဆီကိုလည္း ေခၚၿပီးေတာ့ သင္ခိုင္းတာေတြလည္းရိွတယ္။ သူတို ့ဘက္ကေတာ့ ဒီဟာေတြက တန္ဖိုးႀကီးမွန္းသိလို႔ ေတာ္ေတာ္စိတ္၀င္စားတယ္။ ဒီဘက္မွာေတာ့ တစ္ထည္တစ္ထည္ကို အၾကာႀကီးထိုးရတယ္။ ပ်င္းတယ္ဆိုၿပီးေတာ့ လာေလ့လာတာတို ့ သင္တာတို ့မရိွဘူး"ဟု ကိုေက်ာ္ရဲျမင့္ေအာင္က ေျပာသည္။



ေရႊခ်ည္ထိုး၊ က်ိဳင္းတုံသမိုင္း၊ ဂုံရွမ္းရိုးရာအထည္မ်ား၊ ဂုံရွမ္းရိုးရာ၀တ္စားဆင္ယင္ထုံးဖြဲ ့မႈႏွင့္ လက္မႈပညာမ်ားကို ထိုင္းႏိုင္ငံ ေရွးေဟာင္းယဥ္ေက်းမႈတကၠသိုလ္မွ  လာေရာက္ေလ့လာမႈမ်ားေၾကာင္းသိရသည္။



ျမန္မာႏိုင္ငံတြင္ ဂုံရွမ္းရိုးရာအ၀တ္အထည္မ်ားကို ၿပီးစလြယ္ယက္လုပ္ေရာင္းခ်လာသည့္အတြက္ ရိုးရာ၀တ္စားဆင္ယင္မႈအစစ္မ်ားမွာ ျပည္တြင္းတြင္ အေတြ ့နည္းလာၿပီး ထိုင္းႏိုင္ငံတြင္ ပ်ံ့ႏွ႔ွံေနရုံသာမက ထိုင္းယဥ္ေက်းမႈျပတိုက္မ်ားတြင္ ဂုံရွမ္းရိုးရာယဥ္ေက်းမႈ မူရင္းအထည္စစ္စစ္မ်ား ရိွေနေၾကာင္း သိရသည္။



"အခုေနာက္ပိုင္းကေတာ့ လူငယ္ေတြက တိုင္းတပါး ယဥ္ေက်းမႈေတြရဲ႕ လႊမ္းမိုးမႈကိုခံေနရတဲ့အတြက္ ကိုယ့္ရိုးရာယဥ္ေက်းမႈကို စိတ္မ၀င္စားေတာ့ဘူး။ ဒါေၾကာင့္ ကၽြန္ေတာ္တို ့ကေတာ့ ဘယ္လိုပဲျဖစ္ေနျဖစ္ေန ျမန္မာျပည္ထဲမွာ ရွမ္းရိုးရာယဥ္ေက်းမႈ သင္တန္းေတြလိုက္ေပးမယ္။ ရွမ္းလူမ်ိဳးတိုင္းရဲ႕ ဦးေႏွာက္ထဲ၊ အေသြးအသားထဲမွာ ကိုယ့္ရိုးရာယဥ္ေက်းမႈေတြ မ ပေပ်ာက္ေအာင္ အဓြန္ ့ရွည္ေအာင္ သင္တန္းေတြ ေပးျခင္းအားျဖင့္ ရိုက္သြင္းသြားမယ္။ သူတို ့ ဆန္းသစ္တီထြင္မယ္ဆိုရင္လည္း ေရွးမူလည္းမပ်က္ေအာင္ တီထြင္ရင္လက္ခံမယ္။ အလြန္အကၽြံဆိုရင္ေတာ့ လက္မခံႏိုင္ပါဘူး။"ဟု ရွမ္းရိုးရာယဥ္ေက်းမႈ ထိန္းသိမ္းျမႇင့္တင္ေရး လူငယ္အဖြဲ ့မွ ဦးစိုင္းေခးလ်ိဳက ေျပာသည္။



ထိုင္းႏိုင္ငံသားမ်ားအေနျဖင့္ က်ိဳင္းတုံသမိုင္း၊ ဂုံရွမ္းရိုးရာအထည္မ်ားႏွင့္ လက္မႈပညာမ်ားကို ေလ့လာရန္အတြက္ ခရီးသြားရာသီမ်ားတြင္ လာေရာက္မႈမ်ားေၾကာင္း သိရသည္။

ဂုံရွမ္းရိုးရာထည္မ်ားမွာ စက္ထိုးတစ္ထည္လွ်င္ က်ပ္(၁)သိန္းခြဲခန္ ့ရိွၿပီး လက္ထိုးအထည္မ်ားမွာ အသုံးျပဳသည့္ ပစၥည္းေပၚမူတည္၍ က်ပ္(၄)သိန္းမွ က်ပ္(၁၆)သိန္းေက်ာ္ထိရိွေၾကာင္း သိရသည္။



သတင္း - ဇြဲျမတ္
~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာတစ်နိုင်ငံလုံးတွင် ဂုံရှမ်းရိုးရာထည် ယက်လုပ်နိုင်သူ (၃)ဦးအနက် တစ်ဦးမှာ အသက်အရွယ်ကြောင့် အနားယူသွားပြီး ဂုံရှမ်းရိုးရာထည်ယက်လုပ်မှုအား ပြည်တွင်းထက် ထိုင်းနိုင်ငံမှ လေ့လာသင်ယူသူများ နေသဖြင့် ရိုးရာအမွေအား ဆက်ခံထိန်းသိမ်းနိုင်မှုမှာ စိုးရိမ်ဖွယ်ဖြစ်နေကြောင်း သိရသည်။

"ထိုင်းနိုင်ငံဘက်က စိတ်ဝင်စားတာများလာတဲ့အတွက် ဒီဂုံရှမ်းရိုးရာ အဝတ်အစားတွေကို သူတို့ပဲ အဝတ်များလာတဲ့အတွက် ကိုယ့်ရိုးရာအဝတ်အစားကို ကိုယ်ဝတ်ပေမဲ့ ထိုင်းအဝတ်အစားဝတ်တယ်ဆိုပြီးတော့ ကိုယ့်ရှမ်းအချင်းချင်းတောင် ပြောခံရတယ်။ တဖြည်းဖြည်းနဲ့ ကိုယ့်ရိုးရာကို တိုင်းတပါးရိုးရာလို့ ထင်လာကြပြီ"ဟု ကျိုင်းတုံသမို်င်းလေ့လာသူနှင့် ဂုံရှမ်းရိုးရာအထည်များယက်လုပ်သူ ကိုကျော်ရဲမြင့်အောင်က ပြောသည်။

ရှမ်းရိုးရာယဉ်ကျေးမှုများအနက် ဂုံရှမ်းရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုများနှင့် ရိုးရာအဝတ်အထည်များကို ပြည်တွင်းထက် ထိုင်းနိုင်ငံမှ လာရောက်လေ့လာသင်ယူမှု ပိုများနခြေင်းဖြစ်ကြောင်း သိရသည်။

" လာလေ့လာတဲ့သူတွေ အကုန်လုံးကိုလည်း အခမဲ့ ရှင်းပြပေးတာပါ။ ရိုးရာလက်မှုပညာတွေကို်ဆိုရင် ဒီဘက်ကို လာလေ့လာတာတင် မဟုတ်ဘူး။ သူတို့ဆီကိုလည်း ခေါ်ပြီးတော့ သင်ခိုင်းတာတွေလည်းရှိတယ်။ သူတို့ဘက်ကတော့ ဒီဟာတွေက တန်ဖိုးကြီးမှန်းသိလို့ တော်တော်စိတ်ဝင်စားတယ်။ ဒီဘက်မှာတော့ တစ်ထည်တစ်ထည်ကို အကြာကြီးထိုးရတယ်။ ပျင်းတယ်ဆိုပြီးတော့ လာလေ့လာတာတို့ သင်တာတို့မရှိဘူး"ဟု ကိုကျော်ရဲမြင့်အောင်က ပြောသည်။

ရွှေချည်ထိုး၊ ကျိုင်းတုံသမိုင်း၊ ဂုံရှမ်းရိုးရာအထည်များ၊ ဂုံရှမ်းရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုနှင့် လက်မှုပညာများကို ထိုင်းနိုင်ငံ ရှေးဟောင်းယဉ်ကျေးမှုတက္ကသိုလ်မှ လာရောက်လေ့လာမှုများကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ဂုံရှမ်းရိုးရာအဝတ်အထည်များကို ပြီးစလွယ်ယက်လုပ်ရောင်းချလာသည့်အတွက် ရိုးရာဝတ်စားဆင်ယင်မှုအစစ်များမှာ ပြည်တွင်းတွင် အတွေ့နည်းလာပြီး ထိုင်းနိုင်ငံတွင် ပျံ့နှံ့နေရုံသာမက ထိုင်းယဉ်ကျေးမှုပြတိုက်များတွင် ဂုံရှမ်းရိုးရာယဉ်ကျေးမှု မူရင်းအထည်စစ်စစ်များ ရှိနေကြောင်း သိရသည်။

"အခုနောက်ပိုင်းကတော့ လူငယ်တွေက တိုင်းတပါး ယဉ်ကျေးမှုတွေရဲ့ လွှမ်းမိုးမှုကိုခံနေရတဲ့အတွက် ကိုယ့်ရိုးရာယဉ်ကျေးမှုကို စိတ်မဝင်စားတော့ဘူး။ ဒါကြောင့် ကျွန်တော်တို့ကတော့ ဘယ်လိုပဲဖြစ်နဖြေစ်နေ မြန်မာပြည်ထဲမှာ ရှမ်းရိုးရာယဉ်ကျေးမှု သင်တန်းတွေလိုက်ပေးမယ်။ ရှမ်းလူမျိုးတိုင်းရဲ့ ဦးနှောက်ထဲ၊ အသွေးအသားထဲမှာ ကိုယ့်ရိုးရာယဉ်ကျေးမှုတွေ မ ပပျောက်အောင် အဓွန့်ရှည်အောင် သင်တန်းတွေ ပေးခြင်းအားဖြင့် ရိုက်သွင်းသွားမယ်။ သူတို့ ဆန်းသစ်တီထွင်မယ်ဆိုရင်လည်း ရှေးမူလည်းမပျက်အောင် တီထွင်ရင်လက်ခံမယ်။ အလွန်အကျွံဆိုရင်တော့ လက်မခံနိုင်ပါဘူး။"ဟု ရှမ်းရိုးရာယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေး လူငယ်အဖွဲ့မှ ဦးစိုင်းခေးလျိုက ပြောသည်။

ထိုင်းနိုင်ငံသားများအနဖြေင့် ကျိုင်းတုံသမိုင်း၊ ဂုံရှမ်းရိုးရာအထည်များနှင့် လက်မှုပညာများကို လေ့လာရန်အတွက် ခရီးသွားရာသီများတွင် လာရောက်မှုများကြောင်း သိရသည်။

ဂုံရှမ်းရိုးရာထည်များမှာ စက်ထိုးတစ်ထည်လျှင် ကျပ်(၁)သိန်းခွဲခန့်ရှိပြီး လက်ထိုးအထည်များမှာ အသုံးပြုသည့် ပစ္စည်းပေါ်မူတည်၍ ကျပ်(၄)သိန်းမှ ကျပ်(၁၆)သိန်းကျော်ထိရှိကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~