က်ပ္ေငြတစ္ေသာင္းတန္ အတုမ်ားကို ကြ်န္းစုေဒသခံထံမွ သိမ္းဆည္းရမိ

က်ပ္ေငြတစ္ေသာင္းတန္ အတုမ်ားကို ကြ်န္းစုေဒသခံထံမွ သိမ္းဆည္းရမိ
နိုဝင်ဘာ 10, 2016
By Tachileik News Agency

တနသၤာရီတုိင္းေဒသႀကီး၊ ၿမိတ္ခရိုင္၊ ကြ်န္းစုၿမိဳ႕နယ္၊ မိုင္းေသြးေက်းရြာတြင္ ေဒသခံတစ္ဦးထံမွ ျမန္မာက်ပ္ေငြ ေငြစကၠဴတစ္ေသာင္းတန္အတု အရြက္ေရ(၁၀၀) ေက်ာ္ကို ႏို၀င္ဘာလ (၉) ရက္ေန႔က စစ္ေဆးေတြ႔ရွိရသျဖင့္ စစ္ေဆးအေရးယူေနေၾကာင္း ကံေမာ္ရဲစခန္းရံုးမွ သိရသည္။

ကြ်န္းစုၿမိဳ႕နယ္ မိုင္းေသြးေက်းရြာေန ဦးေက်ာ္ထြန္းႏိုင္ (ခ) ဒီးဒီးထံမွ စက္ေလွတစ္စီးအား (၁၂) သိန္းက်ပ္ျဖင့္ လာေရာက္ဝယ္ယူစဥ္ ေငြစကၠဴမ်ားအား မသကၤာ၍ ရဲစခန္းသို႔ ဖုန္းဆက္အေၾကာင္းၾကားရာမွ ေငြစကၠဴ အတုမ်ားျဖစ္ေနေၾကာင္း စစ္ေဆးေတြ႔ရိွရျခင္းျဖစ္သည္ဟု သိရသည္။

ေငြစကၠဴအတုမ်ားျဖင့္ လာေရာက္ဝယ္ယူသည့္ ဦးေငြသန္း (ခ) တိုးငယ္ (၃၉) ႏွစ္သည္ ထိုင္းႏုိင္ငံ ရေနာင္းၿမိဳ႕တြင္ ေနထိုင္သူျဖစ္ေၾကာင္း သိရသည္။

ကြ်န္းစုၿမိဳ႕နယ္ မိုင္းေသြးေက်းရြာေန ေဒသခံတစ္ဦးက ရဲစခန္းသို႔ ဖုန္းဆက္ အေၾကာင္းၾကားလာသျဖင့္ သြားေရာက္စစ္ေဆးရာ ျမန္မာက်ပ္ေငြ ေငြစကၠဴ တစ္ေသာင္းတန္ (၁၂၄) ရြက္ကို စစ္ေဆးေတြ႕ရွိ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္းဟု ဒုရဲအုပ္ ေအာင္ေဇာ္ထြန္းထံမွ သိရသည္။

လက္ရိွတြင္ ျမန္မာက်ပ္ေငြစကၠဴ တစ္ေသာင္းတန္ (၁၂၄) ရြက္ႏွင့္အတူ ဖမ္းဆီးရမိသည့္ ဦးေငြသန္း(ခ) တိုးငယ္အား ကံေမာ္ရဲစခန္းတြင္ (ပ) ၄၃/ ၂၀၁၆၊ ျမန္မာႏိုင္ငံဗဟိုဘဏ္ပုဒ္မ- ၁၀၅/ ၁၀၆ ျဖင့္ အမွဳဖြင့္ အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း - ေဇာ္ေဇာ္(ၿမိတ္)
ဓာတ္ပံု - ကံေမာ္ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မိုင်းသွေးကျေးရွာတွင် ဒေသခံတစ်ဦးထံမှ မြန်မာကျပ်ငွေ ငွေစက္ကူတစ်သောင်းတန်အတု အရွက်ရေ(၁၀၀) ကျော်ကို နိုဝင်ဘာလ (၉) ရက်နေ့က စစ်ဆေးတွေ့ရှိရသဖြင့် စစ်ဆေးအရေးယူနေကြောင်း ကံမော်ရဲစခန်းရုံးမှ သိရသည်။

ကျွန်းစုမြို့နယ် မိုင်းသွေးကျေးရွာနေ ဦးကျော်ထွန်းနိုင် (ခ) ဒီးဒီးထံမှ စက်လှေတစ်စီးအား (၁၂) သိန်းကျပ်ဖြင့် လာရောက်ဝယ်ယူစဉ် ငွေစက္ကူများအား မသင်္ကာ၍ ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားရာမှ ငွေစက္ကူ အတုများဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိရခြင်းဖြစ်သည်ဟု သိရသည်။

ငွေစက္ကူအတုများဖြင့် လာရောက်ဝယ်ယူသည့် ဦးငွေသန်း (ခ) တိုးငယ် (၃၉) နှစ်သည် ထိုင်းနိုင်ငံ ရနောင်းမြို့တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

ကျွန်းစုမြို့နယ် မိုင်းသွေးကျေးရွာနေ ဒေသခံတစ်ဦးက ရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားလာသဖြင့် သွားရောက်စစ်ဆေးရာ မြန်မာကျပ်ငွေ ငွေစက္ကူ တစ်သောင်းတန် (၁၂၄) ရွက်ကို စစ်ဆေးတွေ့ရှိ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းဟု ဒုရဲအုပ် အောင်ဇော်ထွန်းထံမှ သိရသည်။

လက်ရှိတွင် မြန်မာကျပ်ငွေစက္ကူ တစ်သောင်းတန် (၁၂၄) ရွက်နှင့်အတူ ဖမ်းဆီးရမိသည့် ဦးငွေသန်း(ခ) တိုးငယ်အား ကံမော်ရဲစခန်းတွင် (ပ) ၄၃/ ၂၀၁၆၊ မြန်မာနိုင်ငံဗဟိုဘဏ်ပုဒ်မ- ၁၀၅/ ၁၀၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - ဇော်ဇော်(မြိတ်)
ဓာတ်ပုံ - ကံမော်ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~