မိုင္းလားဂယက္ကို ခံစားေနရသည့္ ရွမ္း(အေရွ႕) ဆန္စပါးေစ်းကြက္

မိုင္းလားဂယက္ကို ခံစားေနရသည့္ ရွမ္း(အေရွ႕) ဆန္စပါးေစ်းကြက္
နိုဝင်ဘာ 19, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕၏ ဆန္စပါးေစ်းကြက္မွာ ျပည္ပတင္ပို႔မႈအျဖစ္ တရုတ္ႏုိင္ငံသို႔ တင္ပို႔သည့္ လမ္းေၾကာင္းကို အဓိက ထားေနျခင္းျဖစ္ရာ တရုတ္ႏုိင္ငံသို႔ ကုန္သြယ္မႈလမ္းေၾကာင္းမွာ ေဒသတြင္း အေျခအေနေၾကာင့္ ပိတ္ထားသျဖင့္ ယခုႏွစ္အတြက္ ျပည္ပတင္ပို႔မႈ ရပ္ဆုိင္းေနေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ေဒသ၏ တရုတ္ႏုိင္ငံသို႔ ကုန္းတြင္းပိုင္း ကုန္သြယ္မႈလမ္းေၾကာင္းျဖစ္သည့္ မိုင္းလား အထူးေဒသ(၄)မွ ဂိတ္ႏွစ္ခုအား မိုင္းလားအထူးေဒသ (၄)တြင္ ဝင္ေရာက္တပ္စြဲထားသည့္ “ဝ” တပ္ဖြဲ႕မ်ားက ေအာက္တိုဘာလ (၂၃)ရက္ေန႔မွစ၍ ျဖတ္သန္းခြင့္ ပိတ္လိုက္ရာမွ လံုၿခံဳေရးအရ ႏွစ္ဖက္စလံုးက ဂိတ္မ်ားအား ပိတ္ထားျခင္းျဖစ္သည္။

"အခုက ကုန္သြယ္မႈလမ္းတစ္ေၾကာလုံးကို ပိတ္ထားတဲ့အတြက္ တရုတ္ဘက္ကလည္း အ၀ယ္က မဆင္းႏိုင္ဘူး။ အခုလို ဆန္စပါးတင္ပို ့ခြင့္ေတြ ပိတ္ထားေတာ့ ဆန္ေစ်းလည္းက်တယ္။ စပါးေစ်းလည္း က်တယ္။ ေဒသတြင္းက ဆန္ကုန္သည္ေတြအေနနဲ ့လည္း ဆန္တင္ပို႔ခြင့္ မရိွေသးေတာ့ ကိုယ္တတ္ႏိုင္တဲ့ တစ္ပိုင္တစ္ႏိုင္ စီးပြားေရးေလာက္ပဲလုပ္ၿပီး အေျခအေနကို ေစာင့္ၾကည့္ေနရတဲ့ အေနအထားမွာပဲ ရိွပါတယ္"ဟု က်ိဳင္းတုံၿမိဳ႕နယ္ ဆန္စပါးကုန္သည္ႀကီးမ်ားအသင္း ဥကၠဌ ဦးမုန္းကိုက ေျပာသည္။

ဆန္တင္ပို ့မႈမ်ား မရပ္ဆိုင္းမီ စပါးစေပၚသည့္ ကာလတြင္ စပါး(၁)တင္းလွ်င္ (၆၀၀၀)က်ပ္အထိရိွေနရာမွ လက္ရိွတြင္ စပါး (၁)တင္းလွ်င္ က်ပ္(၄၆၀၀)ခန္ ့သာ ရိွေတာ့ေၾကာင္း သိရသည္။

"ဒီႏွစ္ မိုးစပါးေတြကလည္း အပ်က္အစီးမရိွဘဲနဲ ့ အထြက္ႏႈန္းေကာင္းေပမဲ့ အခုလို တရား၀င္ ကုန္သြယ္မႈ လမ္းေၾကာင္းေတြ ပိတ္ထားေတာ့ ျပည္ပကို ကၽြန္ေတာ္တို ့ ရွမ္း/အေရွ ႔အေနနဲ ့ ဆန္တင္ပို ့ခြင့္ ရပ္သြားေတာ့ ႏိုင္ငံေတာ္အတြက္ အခြန္မရေတာ့သလို ေဒသတြင္းမွာလည္း စားေသာက္ကုန္နဲ ့ အေထြေထြ ကုန္ပစၥည္းေတြကို ေစ်းႀကီးႀကီး ေပး၀ယ္ေနရတဲ့ အေနအထားမွာရိွေနတယ္"ဟု ေဒသတြင္း စပါးကုန္သည္တစ္ဦးက ေျပာသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ေဒသမွ စပါးအား ဆန္ႀကိတ္ခြဲ၍ မိုင္းလားၿမိဳ႕မွတစ္ဆင့္ တရုတ္ႏိုင္ငံသို ့ ႏွစ္စဥ္ တန္ခ်ိန္ (၃)ေသာင္းခန္ ့ တင္ပို ့ေရာင္းခ်ႏိုင္ၿပီး ယခုလက္ရိွတြင္ ေဒသတြင္း လံုၿခံဳေရးအေျခအေန မ်ားေၾကာင့္ ကုန္သြယ္မွဳလမ္းေၾကာင္းပိတ္ထားသည္မွာ တစ္လနီးပါးရိွေနသျဖင့္ လံုးဝတင္ပို႔ႏုိင္ျခင္း မရိွေသးေၾကာင္း သိရသည္။

လက္ရိွတြင္ ေဒသတြင္း ကုန္သြယ္မႈလမ္းေၾကာင္း ဖြင့္ႏုိင္မည့္ အေျခအေနကို ေစာင့္ၾကည့္ေနၿပီး ကုန္သြယ္မွဳလမ္းေၾကာင္းဖြင့္ရန္ ၾကာျမင့္ေနပါက စပါးတင္ပို႔ႏုိင္မည့္လမ္းေၾကာင္းမ်ားကို ရွာေဖြရန္ စီစဥ္ေနေၾကာင္း ေဒသတြင္း ကုန္သည္မ်ားထံမွ သိရသည္။

“ျဖစ္ခ်င္တာကေတာ့ တရား၀င္လမ္းေၾကာင္း ဖြင့္ေစခ်င္တာေပါ့။ ဒါမွလည္း သြားရလာရလြယ္ကူတယ္။ ႏိုင္ငံေတာ္လည္းပဲ အခြန္ရတယ္။ ဥပမာ တရားမ၀င္လမ္းေၾကာင္းက သြားမယ္ဆိုရင္ ကၽြန္ေတာ္တို႔က ခိုးေၾကာင္ခိုး၀ွက္ နည္းလမ္းနဲ႔ သြားရလာရမွာဆိုေတာ့ ကၽြန္ေတာ္တို႔အတြက္ အခက္အခဲလည္း အမ်ားႀကီးရွိတယ္။ ကုန္က်စရိတ္ေတြလည္း အမ်ားႀကီးရွိတယ္။ “ဟု ေဒသတြင္း ဆန္ကုန္သည္ တစ္ဦးက ေျပာသည္။

လက္ရိွတြင္ ဝမ္ပံုဆိပ္ကမ္းမွ တင္ပို႔ႏုိင္ေသာ္လည္း ကုန္က်စရိတ္ျမင့္မားၿပီး ေရလမ္းအာမခံခ်က္မရိွသျဖင့္ ကုန္သည္မ်ား အေနျဖင့္ အဆိုပါလမ္းေၾကာင္းအား အသံုးျပဳမႈ နည္းပါးျခင္းျဖစ္ၿပီး ဆန္တင္ပို႔ႏုိင္ျခင္း မရိွသည့္အတြက္ ေဒသတြင္း ဆက္စပ္လုပ္ငန္းမ်ားလည္း ထိခိုက္မႈရိွလာနုိင္သည္ဟု ေဒသခံ ကုန္သည္တို႔က ဆိုသည္။

“ၾကာလာရင္ေတာ့ ဆန္စပါးလုပ္ငန္းရွင္ေတြေရာ အေထြေထြ လုပ္ငန္းရွင္ေတြေရာ အေထြေထြဆိုတဲ့ ေနရာမွာ ကၽြန္ေတာ္တို႔ႏွင့္ ထိစပ္ေနတဲ့ စိုက္ပ်ိဳးေမြးျမဴေရးသမားေတြေပါ့။ ေမြးျမဴေရးသမားေတြကလည္း ဆန္စက္ႀကိတ္ခြဲမႈမရွိတဲ့အခါမွာ ေဘးထြက္ပစၥည္းေတြ မရၾကဘူးေလ။ မရၾကတဲ့အခါမွာ ေစ်းျမင့္ျမင့္ ေပး၀ယ္ရတယ္။ ေမြးျမဴေရးေတြ အတြက္လည္း မကိုက္ဘူး။ ရႈံးတယ္။ အစာေတြလည္း လိုသေလာက္ မရဘူး။ အဲဒီေတာ့ လိုသေလာက္မရတဲ့အခါမွာ ေမြးျမဴေရးေတြအတြက္ အစာေရာင္းအားလည္း က်သြားတာေပါ့။ အဲဒါေၾကာင့္ ထိခိုက္ဆုံးရံႈးမႈေတြ အမ်ားႀကီးရွိတာေပါ့။ ဒါေၾကာင့္ ေရရွည္ပိတ္ရင္ေတာ့ ေဒသခံေတြအေနနဲ႔ ေတာ္ေတာ္ေလးကို ဂယက္ရိုက္ႏိုင္ပါတယ္”ဟု ဦးမုန္းကိုက ဆိုသည္။

ယင္းကဲ့သို႔ ေဒသတြင္း ကုန္သြယ္မႈလမ္းေၾကာင္း ပိတ္ဆို႔မႈေၾကာင့္ ကုန္သည္မ်ား အခက္အခဲျဖစ္ရျခင္းကို ကိုးကန္႔တုိက္ပြဲ ကာလမ်ားအတြင္းကလည္း ႀကံဳခဲ့ရေၾကာင္း သိရသည္။

"အခုလို မိုင္းလားေဒသ အေျခအေနက ကၽြန္ေတာ္တို ့ အခုမွ ၾကဳံရတာ မဟုတ္ပါဘူး။ အရင္ ကိုးကန္ ့နဲ ့ ျဖစ္တဲ့ ကိစၥမွာ ေျခာက္လ၊ ခုႏွစ္လေလာက္ အပိတ္ခံခဲ့ရတဲ့အခါမွာ ကၽြန္ေတာ္တို ့ ဆန္ေစ်းကြက္ကို ထိခိုက္ခဲ့ပါတယ္။ ဒါကလည္း စီးပြားေရးမတိုးတက္ျခင္းဟာ စစ္ေရးနဲ ့ ဆက္္ႏႊယ္ေနတယ္။ ဒါေၾကာင့္ ဒီလိုေတြျဖစ္ေနတာက တိုင္းျပည္အတြက္ သိပ္ေတာ့ မေကာင္းဘူးေပါ့။"ဟု ရွမ္းျပည္နယ္ စားသံုးသူေရးရာ ဦးစီးဌာနမွ ရွမ္းျပည္နယ္ကိုယ္စားလွယ္ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က ေျပာသည္။

ျပည္ပဆန္တင္ပို ့မႈမ်ား ရပ္ဆိုင္းထားရသည့္အတြက္ စပါးေစ်းကြက္က်လာျခင္းေၾကာင့္ လတ္တေလာတြင္ က်ိဳင္းတံုေဒသတစ္ဝိုက္ ေႏြစပါးစိုက္သူ နည္းလာႏို္င္သည္ဟု က်ိဳင္းတံုၿမိဳ႕နယ္ ဆန္စပါး ကုန္သည္ႀကီးမ်ား အသင္းမွ ခန္႔မွန္းထားသည္။

"အခုက မိုးစပါးစိုက္ၿပီးသြားၿပီဆိုေတာ့ မိုးစပါးစိုက္ဖို ့အတြက္ ပ်ိဳးေထာင္ေနၾကၿပီေလ။ ဒါေပမဲ့ ပ်ိဳးအားကေတာ့ ခါတိုင္းႏွစ္ေတြေလာက္ေတာ့ အားမရဘူးေပါ့။ ဘာလို႔လဲဆိုေတာ့ အခုလက္ရိွ စပါးေစ်းကြက္က ဆန္တင္ပို ့တာေတြ ရပ္ထားရေတာ့ ေႏြစပါး စိုက္မယ့္သူေတြအတြက္ အက်ိဳးမရိွဘဲနဲ ့ အရႈံးေပၚမယ့္ အေနအထားမွာ ရိွေနတယ္။ ဒါေၾကာင့္ ဒီႏွစ္မွာေတာ့ ေႏြစပါးစိုက္သူေတြ နည္းလာႏိုင္တယ္"ဟု က်ိဳင္းတုံၿမိဳ႕နယ္ ဆန္စပါးကုန္သည္ႀကီးမ်ားအသင္း ဥကၠဌဦးမုန္းကိုက ေျပာသည္။

ၿပီးခဲ့သည့္ ႏွစ္တြင္လည္း ကိုးကန္ ့တြင္ ျဖစ္ပြားခဲ့သည့္ စစ္ပြဲမ်ားေၾကာင့္ ဆန္တင္ပို ့မႈမ်ား ရပ္ဆိုင္းလိုက္ရသည့္ အတြက္ ေႏြစပါး စိုက္ပ်ိဳးသူမ်ား အရံႈးေပၚခဲ့သျဖင့္ ယခုႏွစ္အတြက္ စိုးရိမ္ေနၾကျခင္း ျဖစ္ေသာ္လည္း စိုက္ပ်ိဳးမည့္ေတာင္သူမ်ားမွာ စတင္ျပင္ဆင္ေနၾကၿပီျဖစ္ေၾကာင္း သိရသည္။

"တခ်ိဳ႕ေတာင္သူေတြက မစိုက္ၾကေတာ့ဘူး။ ဒီႏွစ္မွာလည္း မိုးေရခ်ိန္က မႏွစ္ကထက္ကို (၁၅)လက္မေလာက္ နည္းသြားတယ္။ ဒီတစ္ရက္ ႏွစ္ရက္မိုးရြာထားေတာ့ အစိုအစိမ့္ကိုေတာ့ ထိန္းထားႏိုင္တယ္။ ဒါေၾကာင့္ မႏွစ္က ဒီအခ်ိန္ ပ်ိဳးမေထာင္ႏိုင္ေသးေပမဲ့ အခုေတာ့ လယ္သမားေတြ စျပီးပ်ိဳးေထာင္ေနၾကျပီ။"ဟု က်ိဳင္းတုံၿမိဳ႕နယ္ စိုက္ပ်ိဳးေရးဦးစီးဌာနမွ ဦးစီးမွဴး ဦးေအာင္ေက်ာ္မင္းက ေျပာသည္။

က်ိဳင္းတုံၿမိဳ႕နယ္ အတြင္း ၂၀၁၅ ခုႏွစ္က ေႏြစပါးစိုက္ဧကေပါင္း (၈,၈၈၄)ဧက စိုက္ပ်ိဳးခဲ့ၿပီး၂၀၁၆ ခုနွစ္တြင္ (၈၈၇၇)ဧက စိုက္ပ်ိဳးႏိုင္ခဲ့ေၾကာင္း သိရသည္။

ဆန္တင္ပို ့မႈမ်ား မရပ္ဆိုင္းမီ စပါးစေပၚသည့္ကာလတြင္ စပါး(၁)တင္းလွ်င္ (၆၀၀၀)က်ပ္၊ ကီလို(၅၀) ဆန္တစ္အိတ္လွ်င္ (၂၇၀၀၀)က်ပ္ ေပါက္ေစ်းရိွခဲ့ရာမွ လက္ရိွတြင္ ဆန္တင္ပို ့မႈမ်ား ရပ္ဆိုင္းထားရသည့္ အတြက္ ဆန္ေစ်းမွာ ကီလို(၅၀) တစ္အိတ္လွ်င္ (၂၅၀၀၀)ခန္ ့ႏွင့္ စပါးေစ်းမွာလည္း (၁)တင္းလွ်င္ က်ပ္(၄၆၀၀)ခန္႔တြင္သာ ရိွေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ေဒသတြင္ ကုန္သြယ္မွဳလမ္းေၾကာင္းမ်ား ပိတ္လုိက္သျဖင့္ စပါးေစ်းက်ဆင္းသည္ႏွင့္အတူ တစ္နိုင္ငံလံုးအေနအထားတြင္လည္း စပါးေစ်းက်ဆင္းေနသျဖင့္ လယ္သမားမ်ား အခက္အခဲႀကံဳေတြ႕ ေနရျခင္းျဖစ္သည္။

လက္ရိွတြင္ ေဒသအလိုက္ျဖစ္ေပၚေနသည့္ လယ္ယာထုတ္ကုန္ေစ်းႏႈန္းမ်ားေၾကာင့္ ေတာင္သူ လယ္သမားမ်ား ထိခိုက္နစ္နာမႈ နည္းပါးေစေရးညိွႏိႈင္းအစည္းအေဝးကို ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူ ဦးေဆာင္သည့္ ေတာင္သူလယ္သမား အခြင့္အေရးကာကြယ္ေရးႏွင့္ အက်ိဳးစီးပြားျမႇင့္တင္ေရး ဦးေဆာင္အဖြဲ႕က ေဆြးေႏြးေနေၾကာင္း သိရသည္။

လက္ရိွ ျမန္မာႏို္င္ငံ၏ ဆန္စပါးေစ်းကြက္ က်ဆင္းေနျခင္းအား ထိန္းသိမ္းရန္ ျမန္မာႏုိင္ငံ ဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ ျပည္ပသို႔ သံုးလအတြင္း ဆန္တန္ခ်ိန္သံုးသိန္းေရာင္းခ်ႏိုင္ရန္ ျပင္ဆင္ေနျခင္း၊ ဆန္စက္ပိုင္ရွင္ႏွင့္ ဆန္ကုန္သည္မ်ား လယ္သမားမ်ားထံမွ စပါးကို ၀ယ္ယူရာ တြင္ ေစ်းႏႈန္းထိန္းညွိၿပီး ၀ယ္ယူေပးရန္ တုိက္တြန္းျခင္းမ်ားကို လုပ္ေဆာင္ေနေၾကာင္း ျမန္မာႏုိင္ငံ ဆန္စပါးအသင္းခ်ဳပ္ဒုဥကၠ႒ ေဒါက္တာစိုးထြန္းထံမွ သိရသည္။

ထို႔အျပင္ အစိုးရအေနျဖင့္ အာမခံေစ်းႏႈန္းျဖင့္ စပါး၀ယ္ယူေပးရန္ စီစဥ္ေနၿပီး ယင္းအစီအစဥ္ကို စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာန၊ သက္ဆိုင္ရာတိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရတို႔ ပူးေပါင္းျပဳလုပ္ရန္ စီစဥ္ေနသည္ဟု သိရသည္။

မည္သို႔ဆိုေစ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ စပါးေစ်းကြက္ ပံုမွန္လည္ပတ္ႏုိင္ေရးမွာ နယ္စပ္ကုန္သြယ္ မွဳလမ္းေၾကာင္းမ်ားအား တရားဝင္အသံုးျပဳႏုိင္ေရးအတြက္ သက္ဆိုင္ရာတို႔က စီစဥ္ေပးႏုိင္မႈအေပၚ တြင္သာ မူတည္ျခင္းျဖစ္ေၾကာင္း ေဒသခံဆန္စပါးကုန္သည္မ်ားက သံုးသပ္သည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၏ ဆန်စပါးဈေးကွက်မှာ ပြည်ပတင်ပို့မှုအဖြစ် တရုတ်နိုင်ငံသို့ တင်ပို့သည့် လမ်းကြောင်းကို အဓိက ထားနခြေင်းဖြစ်ရာ တရုတ်နိုင်ငံသို့ ကုန်သွယ်မှုလမ်းကြောင်းမှာ ဒေသတွင်း အခြေအနေကြောင့် ပိတ်ထားသဖြင့် ယခုနှစ်အတွက် ပြည်ပတင်ပို့မှု ရပ်ဆိုင်းနေကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသ၏ တရုတ်နိုင်ငံသို့ ကုန်းတွင်းပိုင်း ကုန်သွယ်မှုလမ်းကြောင်းဖြစ်သည့် မိုင်းလား အထူးဒေသ(၄)မှ ဂိတ်နှစ်ခုအား မိုင်းလားအထူးဒေသ (၄)တွင် ဝင်ရောက်တပ်စွဲထားသည့် “ဝ” တပ်ဖွဲ့များက အောက်တိုဘာလ (၂၃)ရက်နေ့မှစ၍ ဖြတ်သန်းခွင့် ပိတ်လိုက်ရာမှ လုံခြုံရေးအရ နှစ်ဖက်စလုံးက ဂိတ်များအား ပိတ်ထားခြင်းဖြစ်သည်။

"အခုက ကုန်သွယ်မှုလမ်းတစ်ကြောလုံးကို ပိတ်ထားတဲ့အတွက် တရုတ်ဘက်ကလည်း အဝယ်က မဆင်းနိုင်ဘူး။ အခုလို ဆန်စပါးတင်ပို့ခွင့်တွေ ပိတ်ထားတော့ ဆန်ဈေးလည်းကျတယ်။ စပါးဈေးလည်း ကျတယ်။ ဒေသတွင်းက ဆန်ကုန်သည်တွေအနေနဲ့လည်း ဆန်တင်ပို့ခွင့် မရှိသေးတော့ ကိုယ်တတ်နိုင်တဲ့ တစ်ပိုင်တစ်နိုင် စီးပွားရေးလောက်ပဲလုပ်ပြီး အခြေအနေကို စောင့်ကြည့်နေရတဲ့ အနေအထားမှာပဲ ရှိပါတယ်"ဟု ကျိုင်းတုံမြို့နယ် ဆန်စပါးကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးမုန်းကိုက ပြောသည်။

ဆန်တင်ပို့မှုများ မရပ်ဆိုင်းမီ စပါးစပေါ်သည့် ကာလတွင် စပါး(၁)တင်းလျှင် (၆၀၀၀)ကျပ်အထိရှိနေရာမှ လက်ရှိတွင် စပါး (၁)တင်းလျှင် ကျပ်(၄၆၀၀)ခန့်သာ ရှိတော့ကြောင်း သိရသည်။

"ဒီနှစ် မိုးစပါးတွေကလည်း အပျက်အစီးမရှိဘဲနဲ့ အထွက်နှုန်းကောင်းပေမဲ့ အခုလို တရားဝင် ကုန်သွယ်မှု လမ်းကြောင်းတွေ ပိတ်ထားတော့ ပြည်ပကို ကျွန်တော်တို့ ရှမ်း/အရှေ့အနေနဲ့ ဆန်တင်ပို့ခွင့် ရပ်သွားတော့ နိုင်ငံတော်အတွက် အခွန်မရတော့သလို ဒေသတွင်းမှာလည်း စားသောက်ကုန်နဲ့ အထွေထွေ ကုန်ပစ္စည်းတွေကို ဈေးကြီးကြီး ပေးဝယ်နေရတဲ့ အနေအထားမှာရှိနေတယ်"ဟု ဒေသတွင်း စပါးကုန်သည်တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသမှ စပါးအား ဆန်ကြိတ်ခွဲ၍ မိုင်းလားမြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ နှစ်စဉ် တန်ချိန် (၃)သောင်းခန့် တင်ပို့ရောင်းချနိုင်ပြီး ယခုလက်ရှိတွင် ဒေသတွင်း လုံခြုံရေးအခြေအနေ များကြောင့် ကုန်သွယ်မှုလမ်းကြောင်းပိတ်ထားသည်မှာ တစ်လနီးပါးရှိနေသဖြင့် လုံးဝတင်ပို့နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

လက်ရှိတွင် ဒေသတွင်း ကုန်သွယ်မှုလမ်းကြောင်း ဖွင့်နိုင်မည့် အခြေအနေကို စောင့်ကြည့်နပြေီး ကုန်သွယ်မှုလမ်းကြောင်းဖွင့်ရန် ကြာမြင့်နေပါက စပါးတင်ပို့နိုင်မည့်လမ်းကြောင်းများကို ရှာဖွေရန် စီစဉ်နေကြောင်း ဒေသတွင်း ကုန်သည်များထံမှ သိရသည်။

“ဖြစ်ချင်တာကတော့ တရားဝင်လမ်းကြောင်း ဖွင့်စေချင်တာပေါ့။ ဒါမှလည်း သွားရလာရလွယ်ကူတယ်။ နိုင်ငံတော်လည်းပဲ အခွန်ရတယ်။ ဥပမာ တရားမဝင်လမ်းကြောင်းက သွားမယ်ဆိုရင် ကျွန်တော်တို့က ခိုးကြောင်ခိုးဝှက် နည်းလမ်းနဲ့ သွားရလာရမှာဆိုတော့ ကျွန်တော်တို့အတွက် အခက်အခဲလည်း အများကြီးရှိတယ်။ ကုန်ကျစရိတ်တွေလည်း အများကြီးရှိတယ်။ “ဟု ဒေသတွင်း ဆန်ကုန်သည် တစ်ဦးက ပြောသည်။

လက်ရှိတွင် ဝမ်ပုံဆိပ်ကမ်းမှ တင်ပို့နိုင်သော်လည်း ကုန်ကျစရိတ်မြင့်မားပြီး ရေလမ်းအာမခံချက်မရှိသဖြင့် ကုန်သည်များ အနဖြေင့် အဆိုပါလမ်းကြောင်းအား အသုံးပြုမှု နည်းပါးခြင်းဖြစ်ပြီး ဆန်တင်ပို့နိုင်ခြင်း မရှိသည့်အတွက် ဒေသတွင်း ဆက်စပ်လုပ်ငန်းများလည်း ထိခိုက်မှုရှိလာနိုင်သည်ဟု ဒေသခံ ကုန်သည်တို့က ဆိုသည်။

“ကြာလာရင်တော့ ဆန်စပါးလုပ်ငန်းရှင်တွေရော အထွေထွေ လုပ်ငန်းရှင်တွေရော အထွေထွေဆိုတဲ့ နေရာမှာ ကျွန်တော်တို့နှင့် ထိစပ်နေတဲ့ စိုက်ပျိုးမွေးမြူရေးသမားတွေပေါ့။ မွေးမြူရေးသမားတွေကလည်း ဆန်စက်ကြိတ်ခွဲမှုမရှိတဲ့အခါမှာ ဘေးထွက်ပစ္စည်းတွေ မရကြဘူးလေ။ မရကြတဲ့အခါမှာ ဈေးမြင့်မြင့် ပေးဝယ်ရတယ်။ မွေးမြူရေးတွေ အတွက်လည်း မကိုက်ဘူး။ ရှုံးတယ်။ အစာတွေလည်း လိုသလောက် မရဘူး။ အဲဒီတော့ လိုသလောက်မရတဲ့အခါမှာ မွေးမြူရေးတွေအတွက် အစာရောင်းအားလည်း ကျသွားတာပေါ့။ အဲဒါကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ အများကြီးရှိတာပေါ့။ ဒါကြောင့် ရေရှည်ပိတ်ရင်တော့ ဒေသခံတွေအနေနဲ့ တော်တော်လေးကို ဂယက်ရိုက်နိုင်ပါတယ်”ဟု ဦးမုန်းကိုက ဆိုသည်။

ယင်းကဲ့သို့ ဒေသတွင်း ကုန်သွယ်မှုလမ်းကြောင်း ပိတ်ဆို့မှုကြောင့် ကုန်သည်များ အခက်အခဲဖြစ်ရခြင်းကို ကိုးကန့်တိုက်ပွဲ ကာလများအတွင်းကလည်း ကြုံခဲ့ရကြောင်း သိရသည်။

"အခုလို မိုင်းလားဒေသ အခြေအနေက ကျွန်တော်တို့ အခုမှ ကြုံရတာ မဟုတ်ပါဘူး။ အရင် ကိုးကန့်နဲ့ ဖြစ်တဲ့ ကိစ္စမှာ ခြောက်လ၊ ခုနှစ်လလောက် အပိတ်ခံခဲ့ရတဲ့အခါမှာ ကျွန်တော်တို့ ဆန်ဈေးကွက်ကို ထိခိုက်ခဲ့ပါတယ်။ ဒါကလည်း စီးပွားရေးမတိုးတက်ခြင်းဟာ စစ်ရေးနဲ့ ဆက်နွှယ်နေတယ်။ ဒါကြောင့် ဒီလိုတွဖြေစ်နေတာက တိုင်းပြည်အတွက် သိပ်တော့ မကောင်းဘူးပေါ့။"ဟု ရှမ်းပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ရှမ်းပြည်နယ်ကိုယ်စားလှယ် လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။

ပြည်ပဆန်တင်ပို့မှုများ ရပ်ဆိုင်းထားရသည့်အတွက် စပါးဈေးကွက်ကျလာခြင်းကြောင့် လတ်တလောတွင် ကျိုင်းတုံဒေသတစ်ဝိုက် နွေစပါးစိုက်သူ နည်းလာနို်င်သည်ဟု ကျိုင်းတုံမြို့နယ် ဆန်စပါး ကုန်သည်ကြီးများ အသင်းမှ ခန့်မှန်းထားသည်။

"အခုက မိုးစပါးစိုက်ပြီးသွားပြီဆိုတော့ မိုးစပါးစိုက်ဖို့အတွက် ပျိုးထောင်နကြပြေီလေ။ ဒါပေမဲ့ ပျိုးအားကတော့ ခါတိုင်းနှစ်တွေလောက်တော့ အားမရဘူးပေါ့။ ဘာလို့လဲဆိုတော့ အခုလက်ရှိ စပါးဈေးကွက်က ဆန်တင်ပို့တာတွေ ရပ်ထားရတော့ နွေစပါး စိုက်မယ့်သူတွေအတွက် အကျိုးမရှိဘဲနဲ့ အရှုံးပေါ်မယ့် အနေအထားမှာ ရှိနေတယ်။ ဒါကြောင့် ဒီနှစ်မှာတော့ နွေစပါးစိုက်သူတွေ နည်းလာနိုင်တယ်"ဟု ကျိုင်းတုံမြို့နယ် ဆန်စပါးကုန်သည်ကြီးများအသင်း ဥက္ကဌဦးမုန်းကိုက ပြောသည်။

ပြီးခဲ့သည့် နှစ်တွင်လည်း ကိုးကန့်တွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲများကြောင့် ဆန်တင်ပို့မှုများ ရပ်ဆိုင်းလိုက်ရသည့် အတွက် နွေစပါး စိုက်ပျိုးသူများ အရှုံးပေါ်ခဲ့သဖြင့် ယခုနှစ်အတွက် စိုးရိမ်နကြခြေင်း ဖြစ်သော်လည်း စိုက်ပျိုးမည့်တောင်သူများမှာ စတင်ပြင်ဆင်နကြပြေီဖြစ်ကြောင်း သိရသည်။

"တချို့တောင်သူတွေက မစိုက်ကြတော့ဘူး။ ဒီနှစ်မှာလည်း မိုးရေချိန်က မနှစ်ကထက်ကို (၁၅)လက်မလောက် နည်းသွားတယ်။ ဒီတစ်ရက် နှစ်ရက်မိုးရွာထားတော့ အစိုအစိမ့်ကိုတော့ ထိန်းထားနိုင်တယ်။ ဒါကြောင့် မနှစ်က ဒီအချိန် ပျိုးမထောင်နိုင်သေးပေမဲ့ အခုတော့ လယ်သမားတွေ စပြီးပျိုးထောင်နကြပြေီ။"ဟု ကျိုင်းတုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်ကျော်မင်းက ပြောသည်။

ကျိုင်းတုံမြို့နယ် အတွင်း ၂၀၁၅ ခုနှစ်က နွေစပါးစိုက်ဧကပေါင်း (၈,၈၈၄)ဧက စိုက်ပျိုးခဲ့ပြီး၂၀၁၆ ခုနှစ်တွင် (၈၈၇၇)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ဆန်တင်ပို့မှုများ မရပ်ဆိုင်းမီ စပါးစပေါ်သည့်ကာလတွင် စပါး(၁)တင်းလျှင် (၆၀၀၀)ကျပ်၊ ကီလို(၅၀) ဆန်တစ်အိတ်လျှင် (၂၇၀၀၀)ကျပ် ပေါက်ဈေးရှိခဲ့ရာမှ လက်ရှိတွင် ဆန်တင်ပို့မှုများ ရပ်ဆိုင်းထားရသည့် အတွက် ဆန်ဈေးမှာ ကီလို(၅၀) တစ်အိတ်လျှင် (၂၅၀၀၀)ခန့်နှင့် စပါးဈေးမှာလည်း (၁)တင်းလျှင် ကျပ်(၄၆၀၀)ခန့်တွင်သာ ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသတွင် ကုန်သွယ်မှုလမ်းကြောင်းများ ပိတ်လိုက်သဖြင့် စပါးဈေးကျဆင်းသည်နှင့်အတူ တစ်နိုင်ငံလုံးအနေအထားတွင်လည်း စပါးဈေးကျဆင်းနေသဖြင့် လယ်သမားများ အခက်အခဲကြုံတွေ့ နေရခြင်းဖြစ်သည်။

လက်ရှိတွင် ဒေသအလိုက်ဖြစ်ပေါ်နေသည့် လယ်ယာထုတ်ကုန်ဈေးနှုန်းများကြောင့် တောင်သူ လယ်သမားများ ထိခိုက်နစ်နာမှု နည်းပါးစေရေးညှိနှိုင်းအစည်းအဝေးကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က ဆွေးနွေးနေကြောင်း သိရသည်။

လက်ရှိ မြန်မာနို်င်ငံ၏ ဆန်စပါးဈေးကွက် ကျဆင်းနခြေင်းအား ထိန်းသိမ်းရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနဖြေင့် ပြည်ပသို့ သုံးလအတွင်း ဆန်တန်ချိန်သုံးသိန်းရောင်းချနိုင်ရန် ပြင်ဆင်နခြေင်း၊ ဆန်စက်ပိုင်ရှင်နှင့် ဆန်ကုန်သည်များ လယ်သမားများထံမှ စပါးကို ဝယ်ယူရာ တွင် ဈေးနှုန်းထိန်းညှိပြီး ဝယ်ယူပေးရန် တိုက်တွန်းခြင်းများကို လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဒုဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းထံမှ သိရသည်။

ထို့အပြင် အစိုးရအနဖြေင့် အာမခံဈေးနှုန်းဖြင့် စပါးဝယ်ယူပေးရန် စီစဉ်နပြေီး ယင်းအစီအစဉ်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းပြုလုပ်ရန် စီစဉ်နေသည်ဟု သိရသည်။

မည်သို့ဆိုစေ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ စပါးဈေးကွက် ပုံမှန်လည်ပတ်နိုင်ရေးမှာ နယ်စပ်ကုန်သွယ် မှုလမ်းကြောင်းများအား တရားဝင်အသုံးပြုနိုင်ရေးအတွက် သက်ဆိုင်ရာတို့က စီစဉ်ပေးနိုင်မှုအပေါ် တွင်သာ မူတည်ခြင်းဖြစ်ကြောင်း ဒေသခံဆန်စပါးကုန်သည်များက သုံးသပ်သည်။ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~